Header Ads

loading...

အျမန္လမ္းမႀကီးတြင္ ကာရံထားသည့္ Guard Rail တန္းမ်ားအား ဝင္ေရာက္တိုက္မိၿပီး ယာဥ္တိမ္းေမွာက္မႈျဖစ္ပြား၍ ၁ ဦးေသ၊ ၃ ဦးဒဏ္ရာရ

ယေန႔ နံနက္ ၅ နာရီ ၅၀ မိနစ္အခ်ိန္ ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္အမွတ္(၁၇၀/၀-၁)ၾကားတြင္ ယာဥ္တိုက္မႈျဖစ္ပြားေၾကာင္း သတင္းအရ သာဂရအျမန္လမ္းအႀကီးရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား၊ အျမန္လမ္းမႀကီး မီးသတ္တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့သည္။

 ေညာင္ေလးပင္ၿမိဳ႕နယ္၊ ပိန္းဇလုပ္ ေက်း႐ြာေန ဦးသန္းဦး(၄၈)ႏွစ္ ေမာင္းႏွင္လာေသာ 3H/×××× VIGO အျဖဴေရာင္ယာဥ္သည္ အခင္းျဖစ္ေနရာအေရာက္ အရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ကၽြန္းတြင္ ကာရံထားသည့္ Guard Rail တန္းအား ဝင္ေရာက္တိုက္မိခဲ့သျဖင့္ ယာဥ္ေပၚတြင္လိုက္ပါလာသူ တစ္႐ြာတည္းေန ဦးလွဝင္း(၅၇) ႏွစ္တြင္ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ပင္ ေသဆုံးသြားခဲ့ၿပီး မသႏၲာဝင္း(၃၉)ႏွစ္ပါ(၃)ဦး တို႔တြင္ ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေသာေၾကာင့္ ဦးသန္းဦး အား သာဂရအျမန္လမ္းမႀကီးရဲစခန္း မွ အေရးယူထားေၾကာင္း သတင္းရရွိသည္။

(ရဲျပန္ၾကား)
Myanmar Digital News
ယနေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၇၀/ဝ-၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းအကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ် ကျေးရွာနေ ဦးသန်းဦး(၄၈)နှစ် မောင်းနှင်လာသော 3H/×××× VIGO အဖြူရောင်ယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် Guard Rail တန်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ တစ်ရွာတည်းနေ ဦးလှဝင်း(၅၇) နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး မသန္တာဝင်း(၃၉)နှစ်ပါ(၃)ဦး တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဦးသန်းဦး အား သာဂရအမြန်လမ်းမကြီးရဲစခန်း မှ အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)
Myanmar Digital News

No comments:

Powered by Blogger.