Header Ads

loading...

ေမတၱာၿမိဳ႕၌ ညီအစ္ကုိခ်င္းခုိက္ရန္ျဖစ္ရာမွ လူသတ္မႈျဖစ္ပြား

တနသၤာရီတုိင္းေဒသႀကီး၊ ေမတၱာၿမိဳ႕ အမွတ္(၃)ရပ္ကြက္ (ဟိႏၵဴးေခ်ာင္းေက်းရြာ)ခန္႔မွန္း မပည (MR-453651) ကုိမ်ိဳးေဇာ္ေအာင္၏ရာဘာျခံတြင္ယေန႔ ေန႕လည္ ၂ နာရီခန္႔က ညီအစ္ကုိခ်င္းခုိက္ရန္ျဖစ္ရာမွလူသတ္မႈျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ အမွတ္(၃)ရပ္ကြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးျပည့္ၿဖိဳးဦး၏တယ္လီဖုန္းျဖင့္အေၾကာင္းၾကားခ်က္အရ ေမတၱာၿမိဳ႕နယ္ေျမရဲစခန္း စခန္းမွဴး ရဲအုပ္တင့္လြင္က သက္ေသမ်ားႏွင့္အတူသြားေရာက္စစ္ေဆးရာကုိမ်ိဳးေဇာ္ေအာင္၏ ရာဘာျခံအတြင္းရွိ အလုပ္သမားတဲတြင္ဇင္ကုိ အသက္(၂၅)ႏွစ္ ဥယ်ာဥ္ျခံအလုပ္သမား အညာကန္ေက်းရြာမန္းက်ည္းလွေက်း ရြာအုပ္စု ေရစႀကိဳၿမိဳ႕နယ္ဧရာဝတီတုိင္းေဒသႀကီးေနသူအား ညီအရင္းျဖစ္သူစုိင္းလင္းေအာင္ အသက္ (၂၀)ႏွစ္ ဥယ်ာဥ္ျခံ အလုပ္သမား အညာကန္ေက်းရြာ မန္းက်ည္းလွေက်းရြာအုပ္စု ေရစႀကိဳၿမိဳ႕နယ္ ဧရာဝတီတုိင္းေဒ သႀကီး ေနသူမွ ဆုိင္ကယ္ေသာ့ေတာင္းရာမေပးသည့္ကိစၥႏွင့္ပတ္သက္၍ ခုိက္ရန္ျဖစ္ရာမွသစ္သားရုိးတပ္ဓါးဦးခြ်န္ျဖင့္လည္ပင္းဝဲဘက္အား (၁)ခ်က္ထုိးခဲ႕ရာ အဆုိပါဒဏ္ရာျဖင့္ ဇင္ကုိ အသက္(၂၅)ႏွစ္မွာ အခင္းျဖစ္ရာေနရာတြင္ေသဆုံးခဲ႕ေၾကာင္းသိရသည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ဓါးျဖင့္လည္ပင္းအားထုိးသူတရားခံ စုိင္းလင္းေအာင္ အသက္(၂၀)ႏွစ္အားေမတၱာၿမိဳ႕နယ္ေျမ ရဲစခန္းကအမႈဖြင့္လွစ္ကာအေရးယူေဆာင္ရြက္လ်က္ရွိ
ေၾကာင္းသိရွိရသည္။

ေမတၱာ ျပန္/ဆက္
Myanmaalinn
တနင်္သာရီတိုင်းဒေသကြီး၊ မေတ္တာမြို့ အမှတ်(၃)ရပ်ကွက် (ဟိန္ဒူးချောင်းကျေးရွာ)ခန့်မှန်း မပည (MR-453651) ကိုမျိုးဇော်အောင်၏ရာဘာခြံတွင်ယနေ့ နေ့လည် ၂ နာရီခန့်က ညီအစ်ကိုချင်းခိုက်ရန်ဖြစ်ရာမှလူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အမှတ်(၃)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးဦး၏တယ်လီဖုန်းဖြင့်အကြောင်းကြားချက်အရ မေတ္တာမြို့နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်တင့်လွင်က သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာကိုမျိုးဇော်အောင်၏ ရာဘာခြံအတွင်းရှိ အလုပ်သမားတဲတွင်ဇင်ကို အသက်(၂၅)နှစ် ဥယျာဉ်ခြံအလုပ်သမား အညာကန်ကျေးရွာမန်းကျည်းလှကျေး ရွာအုပ်စု ရေစကြိုမြို့နယ်ဧရာဝတီတိုင်းဒေသကြီးနေသူအား ညီအရင်းဖြစ်သူစိုင်းလင်းအောင် အသက် (၂၀)နှစ် ဥယျာဉ်ခြံ အလုပ်သမား အညာကန်ကျေးရွာ မန်းကျည်းလှကျေးရွာအုပ်စု ရေစကြိုမြို့နယ် ဧရာဝတီတိုင်းဒေ သကြီး နေသူမှ ဆိုင်ကယ်သော့တောင်းရာမပေးသည့်ကိစ္စနှင့်ပတ်သက်၍ ခိုက်ရန်ဖြစ်ရာမှသစ်သားရိုးတပ်ဓါးဦးချွန်ဖြင့်လည်ပင်းဝဲဘက်အား (၁)ချက်ထိုးခဲ့ရာ အဆိုပါဒဏ်ရာဖြင့် ဇင်ကို အသက်(၂၅)နှစ်မှာ အခင်းဖြစ်ရာနေရာတွင်သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ဓါးဖြင့်လည်ပင်းအားထိုးသူတရားခံ စိုင်းလင်းအောင် အသက်(၂၀)နှစ်အားမေတ္တာမြို့နယ်မြေ ရဲစခန်းကအမှုဖွင့်လှစ်ကာအရေးယူဆောင်ရွက်လျက်ရှိ
ကြောင်းသိရှိရသည်။

မေတ္တာ ပြန်/ဆက်
Myanmaalinn

No comments:

Powered by Blogger.