loading...
သတ္တုလုပ်ကွက်အတွင်း မြေဇာပြို၍ ပိဿာစားအလုပ်သမားနှစ်ဦး သေဆုံးမှုဖြစ်ပွား
သုတ(မုနိမြီ)
Munimary News Agency
တနင်္သာရီတိုင်းဒေသကြီး၊ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ ဒယ်ကို ကုမ္ပဏီ၏ လုပ်ကွက်အတွင်း ပိဿာစားအလုပ်သမားနှစ်ဦး မြေပုံပြိုကျမှုကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် သေဆုံးခဲ့သည်ဟု ကံပါက်သတ္တုလုပ်ကွက်စောင့်ကြည့်ရေးအဖွဲ့မှ Munimary News Agencyသို့ပြောသည်။
"သေဆုံးသူ ပိဿာစားသတ္တုရှာဖွေသူ (၂)ဦးတွင် ကုမ္ပဏီလုပ်ကွက်အတွင်းသို့ သတ္တုဝင်ရောက်ရှာဖွေချိန်တွင် ကုမ္ပဏီ၏ဂိတ်ပေါက်၌် ကတ်ပြားများအပ်ခဲ့ရပြီး ယနေ့ ညနေ ၅ နာရီကျော်သည့်အချိန်အထိ အထက်ပါ လူငယ်နှစ်ဦး၏ ကတ်ပြားများ ဂိတ်တွင် ရှိနေသေးခြင်းကြောင့် လိုက်လံရှာဖွေရာမှ အလောင်းများအား အန္တရာယ်ရှိသည်ဟု ကုမ္ပဏီက သတ်မှတ်ထားသည့်နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါသေဆုံးသူ အသက်(၂၀)ကျော်ခန့် နှစ်ဦးအား ကံပေါက်နယ်မြေ ရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း စုံစမ်းသိရှိရသည်။
သုတ(မုနိမြီ)

No comments: