Header Ads

loading...

တ႐ုတ္ ႏိုင္ငံ အေနာက္ပိုင္း က ဝိဂါ မြတ္ဆလင္ ထိန္းသိမ္းေရး အတြက္ ယြမ္ ဘီလီယံ ၂၀ သုံးစြဲ

တ႐ုတ္ႏိုင္ငံ၊ ရွင္က်န္း ေဒသ မွာ ရွိတဲ့ ဝိဂါမြတ္ဆလင္ ေတြ ကို တ႐ုတ္အစိုးရ က အစစ္အေဆးမရွိထိန္းသိမ္းေရး စခန္းေတြမွာဖမ္းဆီးထာတာနဲ႔ ပတ္သက္လို႔ျပစ္တင္ ေဝဖန္ တာကိုတ႐ုတ္ အစိုးရ က ျပင္းထန္စြာ ပယ္ခ်လိုက္ပါတယ္။

ဆြစ္ဇာလန္ ႏိုင္ငံ ဂ်နီဗာ မွာ က်င္းပတဲ့ ကုလသမဂၢလူ႔အခြင့္အေရး ေကာင္စီအစည္းအေဝး ကို ႏိုင္ငံ ေပါင္း၂၀ ေက်ာ္ တက္ေရာက္ၿပီး ဒီကိစၥ ကို ေဆြးေႏြးၾကတာပါ။

အေနာက္အုပ္စု ကိုယ္စားလွယ္ေတြ က ဒီ ထိန္းသိမ္းေရး စခန္းေတြ ကို ပိတ္ပစ္ဖို႔နဲ႔ ကုလ သမဂၢ ကိုယ္စားလွယ္ေတြ ကိုလည္းဝင္ေရာက္စစ္ေဆးခြင့္ျပဳဖို႔ပါ တိုက္တြန္းလိုက္တာျဖစ္ပါတယ္။

တ႐ုတ္ ကိုယ္စားလွယ္ အဖြဲ႕ကေတာ့ တျခား ႏိုင္ငံေတြ ဟာ တ႐ုတ္ႏိုင္ငံအေပၚမွာ အျမင္မၾကည္တာေတြ ဖယ္ရွားဖို႔နဲ႔ တ႐ုတ္အေနနဲ႔ မိမိတို႔ သြားေနတဲ့ လူ႔အခြင့္အေရး လမ္းေၾကာင္းကိုလည္း ေ႐ြးခ်ယ္ပိုင္ခြင့္ရွိတယ္ လို႔ အစည္းအေဝး မွာ တုံ႔ျပန္ခဲ့ပါတယ္။

ဒီ ထိန္းသိမ္းေရး စခန္းေတြ ဟာ လည္း အသက္ေမြးဝမ္းေက်ာင္း သင္တန္း ေက်ာင္းေတြ ဖြင့္ထားတာျဖစ္ၿပီး တဖက္စြန္း ေရာက္တဲ့ အေတြးအေခၚေတြ ဖယ္ရွားေရး သင္တန္းေပးေၾကာင္း ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ဆိုင္ရာ ဘီဘီစီသတင္းေထာက္ ကေတာ့ ဒီ အေရးကိစၥ ေဆြးေႏြးရာမွာ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံေတြ နဲ႔ အစၥလာမ္ႏိုင္ငံ တခ်ိဳ႕ က ကိုယ္စားလွယ္ေတြ က ႏႈတ္ဆိတ္ေနၾကလို႔ တ႐ုတ္ဘက္ က သက္သာဖြယ္ရွိေၾကာင္း ေျပာပါတယ္။
တ႐ုတ္ ႏိုင္ငံ အေနနဲ႔ ႏိုင္ငံ အေနာက္ပိုင္း ရွင္က်န္း ျပည္နယ္မွာ လုံၿခဳံေရး စခန္းေတြ တည္ေဆာက္ဖို႔ အတြက္ ၂၀၁၇ ခုႏွစ္ ကတည္း က စၿပီး ေငြ အေျမာက္အမ်ား သုံးစြဲ ခဲ့တယ္လို႔လည္း ႏိုင္ငံတကာ က စြပ္စြဲထားပါတယ္။

အေဆာက္အဦေဆာက္ဖို႔ ေဒသအာဏာပိုင္ေတြကေန ကန္ထ႐ိုက္ေတြကို တင္ဒါ ေခၚတဲ့ စာ႐ြက္စာတမ္းေတြကို ဂ်ာမနီ အေျခစိုက္ ပညာရွင္ ေအဒီရီယံ ဇန႔္ဇ္က အင္တာနက္ကေန ရွာေတြ႕ခဲ့ပါတယ္။

ဒီသက္ေသေတြထဲမွာ ရွင္က်န္းနယ္တလႊားက ေနရာအမ်ားအျပားကို ပုံစံေျပာင္းတာ၊ အေဆာက္အအုံ ေဆာက္တာေတြ လုပ္တဲ့ အေသးစိတ္ အေထာက္အထားေတြ ပါပါတယ္။

ဒီထဲမွာ ေမွ်ာ္စင္ေတြ၊ သံဆူးႀကိဳးေတြ၊ လုံၿခဳံေရး စနစ္ေတြနဲ႔ အေစာင့္ခန္းေတြလို လုံၿခဳံေရး ကိစၥေတြအတြက္ ေခၚတဲ့ တင္ဒါေတြက အမ်ားအျပား ျဖစ္ေနပါတယ္။
တျခားမီဒီယာေတြက ရရွိတဲ့အခ်က္အလက္ေတြနဲ႔ တိုက္ဆိုင္ၿပီး ၾကည့္ေတာ့ ဝီဂါ သိန္းဂဏန္းကေန တသန္းေက်ာ္ေလာက္ထိနဲ႔ တျခားမြတ္ဆလင္ လူနည္းစုေတြကို ျပန္လည္ပညာေပးဖို႔ ဖမ္းဆီးထားတာ ျဖစ္ႏိုင္တယ္လို႔ ဇန႔္ဇ္က ေျပာပါတယ္။

ရတဲ့စာ႐ြက္စာတမ္းေတြကလည္း ဒီေနရာေတြကို ထိန္းသိမ္းေရးစခန္းလို႔ မေဖာ္ျပဘဲ ပညာေရး ဌာနေတြအျဖစ္၊ တိတိက်က် ျပန္ဆိုရရင္ "ျပန္လည္ပညာေပးေရးစခန္း"ေတြလို႔ပဲ ေဖာ္ျပပါတယ္။

အေမရိကန္ အေျခစိုက္ ဂ်ိမ္းစ္ေဒါင္း ေဖာင္ေဒးရွင္း က လုပ္တဲ့ စစ္တမ္း တခု မွာ လုံၿခဳံေရး စခန္းေတြ တည္ေဆာက္ေရး လုပ္ငန္း အတြက္ တ႐ုတ္ အေနနဲ႔ ၂၀၁၆-၂၀၁၇ ခုႏွစ္ အတြင္း ယြမ္ေငြ ဘီလီယံ ၂၀ ေက်ာ္ သုံးစြဲ ခဲ့တယ္လို႔ ဆိုပါတယ္။

ရွင္က်န္း ျပည္နယ္မွာ ဝီဂါ မြတ္ဆလင္ တသန္း ေက်ာ္ ကို ဖမ္းဆီး ထိန္းသိမ္း ထားတယ္လို႔ ႏိုင္ငံတကာ က ယုံၾကည္ေနတာပါ။ ဒါေပမယ့္ တ႐ုတ္ အစိုးရ ကေတာ့ ဒါကို အျပင္းအထန္ ျငင္းဆို ထားပါတယ္။

BBC Burmese
တရုတ်နိုင်ငံ၊ ရှင်ကျန်း ဒေသ မှာ ရှိတဲ့ ဝိဂါမွတ်ဆလင် တွေ ကို တရုတ်အစိုးရ က အစစ်အဆေးမရှိထိန်းသိမ်းရေး စခန်းတွေမှာဖမ်းဆီးထာတာနဲ့ ပတ်သက်လို့ပြစ်တင် ဝေဖန် တာကိုတရုတ် အစိုးရ က ပြင်းထန်စွာ ပယ်ချလိုက်ပါတယ်။

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ မှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီအစည်းအဝေး ကို နိုင်ငံ ပေါင်း၂၀ ကျော် တက်ရောက်ပြီး ဒီကိစ္စ ကို ဆွေးနွေးကြတာပါ။

အနောက်အုပ်စု ကိုယ်စားလှယ်တွေ က ဒီ ထိန်းသိမ်းရေး စခန်းတွေ ကို ပိတ်ပစ်ဖို့နဲ့ ကုလ သမဂ္ဂ ကိုယ်စားလှယ်တွေ ကိုလည်းဝင်ရောက်စစ်ဆေးခွင့်ပြုဖို့ပါ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

တရုတ် ကိုယ်စားလှယ် အဖွဲ့ကတော့ တခြား နိုင်ငံတွေ ဟာ တရုတ်နိုင်ငံအပေါ်မှာ အမြင်မကြည်တာတွေ ဖယ်ရှားဖို့နဲ့ တရုတ်အနေနဲ့ မိမိတို့ သွားနေတဲ့ လူ့အခွင့်အရေး လမ်းကြောင်းကိုလည်း ရွေးချယ်ပိုင်ခွင့်ရှိတယ် လို့ အစည်းအဝေး မှာ တုံ့ပြန်ခဲ့ပါတယ်။

ဒီ ထိန်းသိမ်းရေး စခန်းတွေ ဟာ လည်း အသက်မွေးဝမ်းကျောင်း သင်တန်း ကျောင်းတွေ ဖွင့်ထားတာဖြစ်ပြီး တဖက်စွန်း ရောက်တဲ့ အတွေးအခေါ်တွေ ဖယ်ရှားရေး သင်တန်းပေးကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံ ဆိုင်ရာ ဘီဘီစီသတင်းထောက် ကတော့ ဒီ အရေးကိစ္စ ဆွေးနွေးရာမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ နဲ့ အစ္စလာမ်နိုင်ငံ တချို့ က ကိုယ်စားလှယ်တွေ က နှုတ်ဆိတ်နေကြလို့ တရုတ်ဘက် က သက်သာဖွယ်ရှိကြောင်း ပြောပါတယ်။
တရုတ် နိုင်ငံ အနေနဲ့ နိုင်ငံ အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်မှာ လုံခြုံရေး စခန်းတွေ တည်ဆောက်ဖို့ အတွက် ၂၀၁၇ ခုနှစ် ကတည်း က စပြီး ငွေ အမြောက်အများ သုံးစွဲ ခဲ့တယ်လို့လည်း နိုင်ငံတကာ က စွပ်စွဲထားပါတယ်။

အဆောက်အဦဆောက်ဖို့ ဒေသအာဏာပိုင်တွေကနေ ကန်ထရိုက်တွေကို တင်ဒါ ခေါ်တဲ့ စာရွက်စာတမ်းတွေကို ဂျာမနီ အခြေစိုက် ပညာရှင် အေဒီရီယံ ဇန့်ဇ်က အင်တာနက်ကနေ ရှာတွေ့ခဲ့ပါတယ်။

ဒီသက်သေတွေထဲမှာ ရှင်ကျန်းနယ်တလွှားက နေရာအများအပြားကို ပုံစံပြောင်းတာ၊ အဆောက်အအုံ ဆောက်တာတွေ လုပ်တဲ့ အသေးစိတ် အထောက်အထားတွေ ပါပါတယ်။

ဒီထဲမှာ မျှော်စင်တွေ၊ သံဆူးကြိုးတွေ၊ လုံခြုံရေး စနစ်တွေနဲ့ အစောင့်ခန်းတွေလို လုံခြုံရေး ကိစ္စတွေအတွက် ခေါ်တဲ့ တင်ဒါတွေက အများအပြား ဖြစ်နေပါတယ်။
တခြားမီဒီယာတွေက ရရှိတဲ့အချက်အလက်တွေနဲ့ တိုက်ဆိုင်ပြီး ကြည့်တော့ ဝီဂါ သိန်းဂဏန်းကနေ တသန်းကျော်လောက်ထိနဲ့ တခြားမွတ်ဆလင် လူနည်းစုတွေကို ပြန်လည်ပညာပေးဖို့ ဖမ်းဆီးထားတာ ဖြစ်နိုင်တယ်လို့ ဇန့်ဇ်က ပြောပါတယ်။

ရတဲ့စာရွက်စာတမ်းတွေကလည်း ဒီနေရာတွေကို ထိန်းသိမ်းရေးစခန်းလို့ မဖော်ပြဘဲ ပညာရေး ဌာနတွေအဖြစ်၊ တိတိကျကျ ပြန်ဆိုရရင် "ပြန်လည်ပညာပေးရေးစခန်း"တွေလို့ပဲ ဖော်ပြပါတယ်။

အမေရိကန် အခြေစိုက် ဂျိမ်းစ်ဒေါင်း ဖောင်ဒေးရှင်း က လုပ်တဲ့ စစ်တမ်း တခု မှာ လုံခြုံရေး စခန်းတွေ တည်ဆောက်ရေး လုပ်ငန်း အတွက် တရုတ် အနေနဲ့ ၂၀၁၆-၂၀၁၇ ခုနှစ် အတွင်း ယွမ်ငွေ ဘီလီယံ ၂၀ ကျော် သုံးစွဲ ခဲ့တယ်လို့ ဆိုပါတယ်။

ရှင်ကျန်း ပြည်နယ်မှာ ဝီဂါ မွတ်ဆလင် တသန်း ကျော် ကို ဖမ်းဆီး ထိန်းသိမ်း ထားတယ်လို့ နိုင်ငံတကာ က ယုံကြည်နေတာပါ။ ဒါပေမယ့် တရုတ် အစိုးရ ကတော့ ဒါကို အပြင်းအထန် ငြင်းဆို ထားပါတယ်။

BBC Burmese

1 comment:

  1. Online Casino | Play Casino Slots Online - ChoDie Casino
    ChoDie Casino is the internet's #1 카지노 source for the best free slots, video slots 바카라 사이트 and 더킹카지노 casino games. Get started today with our exciting game

    ReplyDelete

Powered by Blogger.