loading...
လိုင်စင်မဲ့ယာဉ် စီးနှင်းသည့် တရုတ်နိုင်ငံသားအား အရေးယူ
သုတ(မုနိမြီ)
Munimary News Agency
ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၌ တရုတ်နိုင်ငံသား ၁ ဦးအား လိုင်စင်မဲ့ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။
" ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ နဝဒေးအိမ်ရာနေ တရုတ်နိုင်ငံသား Mr. Wang Xiang Ming (၅၅)နှစ် (ပတ်စပို့စ် နံပါတ် E-17135727၊ ဗီဇာနံပါတ် D-283615၊ လုပ်ငန်းဗီဇာ၊ သက်တမ်း၂၀-၅-၂၀၁၈ မှ ၁၉-၁၁-၂၀၁၈ ရက်ထိ)၏ နေအိမ်ရှေ့၌ လိုင်စင်မဲ့ယာဉ်အားလက်ဝယ်ထားရှိကာ အသုံးပြုနေကြောင်း သတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ 1G/×××× နံပါတ် တပ်ဆင်ထားသည့် Honda Fit ယာဉ်အား တွေ့ရှိသဖြင့် စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်ဖြစ်သောကြောင်း ဖမ်းဆီးခဲ့သည်"ဟု စုံစမ်းသိရှိရပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ တရုတ်နိုင်ငံသား Mr. Wang Xiang Ming အား လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၄၁၄၄/၂၀၁၈၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း စုံစမ်းသိရှိရသည်။
သုတ(မုနိမြီ)

No comments: