Header Ads

loading...

ေရႊျပည္သာၿမိဳ႔နယ္တြင္ ခိုးမႈက်ဴးလြန္သူကို စစ္ေဆးရာမွ အျခားခိုးမႈမ်ားေဖာ္ထုတ္ရရွိ


ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕က ခိုးမႈက်ဴးလြန္သူကို စစ္ေဆးရာတြင္ ခိုးမႈ ရွစ္မႈႏွင့္ လက္ကိုင္ဖုန္းမ်ဳိးစုံ ၂၄ လုံး ေဖာ္ထုတ္ရမိခဲ့သည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၃ဝ ရက္ မြန္းလြဲ ၂ နာရီခြဲခန္႔တြင္ မ်ဳိးခ်စ္သူ မေဟာ္သဓာလမ္း (တ/၁၅)ရပ္ကြက္ ေရႊျပည္သာၿမိဳ႕နယ္ေနသူမွာ လက္ကိုင္ ဖုန္းမ်ား လိုက္လံေရာင္းခ်ေနေၾကာင္း သတင္းအရ စစ္ေဆးရာ လက္ကိုင္ဖုန္း မ်ဳိးစုံသံုးလုံးကို ေတြ႕ရွိရၿပီး ပိုင္ဆိုင္ေၾကာင္း အေထာက္အထားမျပႏိုင္၍ ေလွာ္ကားနယ္ေျမရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားခဲ့သည္။ ၎အား စစ္ေဆးရာ ေမ၊ ဇြန္၊ ဇူလိုင္၊ ၾသဂုတ္လမ်ားက ေရႊျပည္သာၿမိဳ႕နယ္အတြင္းရွိ ေနရာမ်ဳိးစုံမွ လက္ကိုင္ဖုန္း ၂၁ လုံးကို ခိုးယူခဲ့ေၾကာင္း ထပ္မံစစ္ေဆးေပၚေပါက္ေသာေၾကာင့္ လက္ကိုင္ဖုန္းမ်ဳိးစုံ စုစုေပါင္း ၂၄ လုံး ခိုးယူသူ မ်ဳိးခ်စ္သူအား ေလွာ္ကား နယ္ေျမရဲစခန္းက အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

The Mirror Daily

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ခိုးမှုကျူးလွန်သူကို စစ်ဆေးရာတွင် ခိုးမှု ရှစ်မှုနှင့် လက်ကိုင်ဖုန်းမျိုးစုံ ၂၄ လုံး ဖော်ထုတ်ရမိခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃ဝ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် မျိုးချစ်သူ မဟော်သဓာလမ်း (တ/၁၅)ရပ်ကွက် ရွှေပြည်သာမြို့နယ်နေသူမှာ လက်ကိုင် ဖုန်းများ လိုက်လံရောင်းချနေကြောင်း သတင်းအရ စစ်ဆေးရာ လက်ကိုင်ဖုန်း မျိုးစုံသုံးလုံးကို တွေ့ရှိရပြီး ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်၍ လှော်ကားနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ ၎င်းအား စစ်ဆေးရာ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများက ရွှေပြည်သာမြို့နယ်အတွင်းရှိ နေရာမျိုးစုံမှ လက်ကိုင်ဖုန်း ၂၁ လုံးကို ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်သောကြောင့် လက်ကိုင်ဖုန်းမျိုးစုံ စုစုပေါင်း ၂၄ လုံး ခိုးယူသူ မျိုးချစ်သူအား လှော်ကား နယ်မြေရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

The Mirror Daily

No comments:

Powered by Blogger.