loading...
ဆိုင်ကယ်တူးဘောက်အတွင်းထည့်ထားသော ငွေ ၁၉ သိန်း ခိုးယူသွားသူအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ
အခင်းဖြစ်ရပ် CCTV မှတ်တမ်းပါ ပြစ်မှုကျူးလွန်သူ(၃)ဦးအား စုံစမ်းခဲ့ရာ CZI-125 အနက်ရောင် ဆိုင်ကယ်စီးသူသည် ပုသိမ်ကြီးမြို့နယ်၊ ကုလားကြီးခြံတွင် နေထိုင်သော စောမင်းဦး ဖြစ်ကြောင်းသိရှိရသဖြင့် ၆-၁၁-၂၀၁၈ ရက်နေ့ ညနေ ၄ နာရီ ၁၅ အချိန်တွင် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်ရှိ ကုလားကြီးခြံသို့ သွားရောက် စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူ မသင်္ကာတရားခံ စောမင်းဦး(၂၄)နှစ်အား ၄င်း၏နေအိမ်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာ ၎င်းသည် ၆၃ လမ်း၊ ၁၉x၂၀လမ်းကြားရှိ ဒင်္ဂါးဆီဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေကျပ်(၁၉)သိန်း ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် CZI-125 အနက်ရောင် မော်တော်ဆိုင်ကယ်နှင့် အခင်းဖြစ်စဉ်က ၎င်း ၀တ်ဆင်ခဲ့သော အင်္ကျီနှင့် ပုဆိုးတို့အား သိမ်းဆည်းပြီး အသေးစိတ်ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Mandalay Police
၅-၁၁-၂၀၁၈ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ အချိန် အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ် ကွက်နေ မစုသီရိစံ ၁၈ နှစ်သည် မိခင်ဖြစ်သူနှင့်အတူ နေအိမ်မှ ၆၂ လမ်း၊ ၁၉x၂၀ လမ်းကြားရှိ ကမ္ဘောဇဘဏ်သို့ ဖခင်မှ ငွေလွှဲပို့၍ ၅၆ယ/xxxxx Click ဆိုင်ကယ်ဖြင့် သွားရောက် ထုတ်ယူခဲ့ပြီး ၁၉ သိန်းကျပ်အား ဆိုင်ကယ်တူးဘောက်ထဲသို့ထည့်ကာ ၆၂ လမ်းမှတစ်ဆင့် ၁၉ လမ်းရှိ ဒင်္ဂါးစားသုံးဆီ ဆိုင်သို့ရောက်သည့်အခါ ဆိုင်ကယ်အားဆိုင်ရှေ့၌ ရပ်တန့်ပြီးဆိုင်အတွင်းသို့ ဆန်ဝင် ၀ယ်စဉ် ဆိုင်ကယ်တူးဘောက်အတွင်း ထည့်ထားသော ငွေ ၁၉ သိန်းကျပ်အား Click ဆိုင်ကယ်နှင့် CZI-125 ဆိုင်ကယ်စီးလာသူ အမည်မသိအမျိုးသား ၃ ဦးမှ ခိုးယူသွားသည်ကိုသိရှိရသည်။
ဆိုင်ကယ်တူး ဘောက်အားဖွင့်ကြည့်ရာ ပျောက်ဆုံးနေသဖြင့် အမှတ်(၁)နယ်မြေရဲစခန်း (ပ)၆၉၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၉အရ အမှုဖွင့်ခဲ့သည်။
အမှ ုမှတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့များဖွဲ့၍ စုံစမ်းရှာဖွေခဲ့ရာ အောင်မြေသာစံမြို့နယ်၊ ၆၃လမ်း၊ ၁၉x၂၀လမ်းကြားရှိ ဒင်္ဂါးဆီဆိုင် အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများ ကြည့်ရှု့ခဲ့ပြီး ပြစ်မှုကျူးလွန်နေသည့် မှတ်တမ်းဓါတ်ပုံများရရှိခဲ့သည်။
အခင်းဖြစ်ရပ် CCTV မှတ်တမ်းပါ ပြစ်မှုကျူးလွန်သူ(၃)ဦးအား စုံစမ်းခဲ့ရာ CZI-125 အနက်ရောင် ဆိုင်ကယ်စီးသူသည် ပုသိမ်ကြီးမြို့နယ်၊ ကုလားကြီးခြံတွင် နေထိုင်သော စောမင်းဦး ဖြစ်ကြောင်းသိရှိရသဖြင့် ၆-၁၁-၂၀၁၈ ရက်နေ့ ညနေ ၄ နာရီ ၁၅ အချိန်တွင် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်ရှိ ကုလားကြီးခြံသို့ သွားရောက် စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူ မသင်္ကာတရားခံ စောမင်းဦး(၂၄)နှစ်အား ၄င်း၏နေအိမ်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာ ၎င်းသည် ၆၃ လမ်း၊ ၁၉x၂၀လမ်းကြားရှိ ဒင်္ဂါးဆီဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေကျပ်(၁၉)သိန်း ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် CZI-125 အနက်ရောင် မော်တော်ဆိုင်ကယ်နှင့် အခင်းဖြစ်စဉ်က ၎င်း ၀တ်ဆင်ခဲ့သော အကျႌနှင့် ပုဆိုးတို့အား သိမ်းဆည်းပြီး အသေးစိတ်ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments: