Header Ads

loading...

ကမၻာ့လက္သည္းအရွည္ဆုံးအမ်ိဳးသမီး အရွည္ ၁၈ ေပေက်ာ္ရွိ

တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှ လက်သည်းပုံဖော်အနုပညာရှင်ဖြစ်သူ အေယန်နာစီလျံက ကမ္ဘာပေါ်တွင် လက်သည်းရှည်ဆုံးအမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်တင်ထားကြောင်း သိရှိရသည်။

လက်သည်းအရှည် အားလုံးပေါင်း ၁၈ ပေကျော်ရှိသည့် သူမ၏ လက်သည်းများကို ၂၃ နှစ်ကျော်ကြာ ဂရုတစိုက် ထိန်းသိမ်းလာခဲ့ရခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွက် လက်သည်းအရှည်ဆုံးလူသားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ရန် အခြေအနေကောင်းပြီး သူမ၏ ဘောင်းဘီအရှည်အတိုင်း အရှည်ပမာဏရအောင် စောင့်ဆိုင်းမည်ဖြစ်သည်။
ဝီလျံသည် ၂၃ နှစ်ကြာ လက်သည်းရှည်ထားခဲ့သူဖြစ်ပြီး သူမ၏ လက်သည်းများကြောင့် ပတ်ဝန်း ကျင်၌ ထင်ရှားလာသူဖြစ်သည်။ ဝီလျံသည် အမြဲတမ်း ဆေးဆပ်ပြာနှင့် လက်သည်းကို ဆေးကြောသန့် ရှင်းလေ့ရှိပြီး နေ့စဉ် သန့်ရှင်းမှုပြုလုပ်လေ့ရှိကာ ဆေးရောင်ချယ်ကာ လှပအောင် ပြုပြင်လေ့ရှိသည်။
“လက်သည်းရှည်ထားဖို့ စိတ်ရှည်ခြင်း၊ စည်းကမ်းတကျနေထိုင်ခြင်းနဲ့ သတ္တိရှိမှုတို့က အထောက်အပံ့ဖြစ် စေခဲ့ပါတယ်။ လက်သည်းရှည်ထားဖို့ စိတ်အားတက်ကြွနေဖို့လည်း လိုအပ်ပါတယ်” ဟု ဝီလျံက ပြောကြားသည်။
ဒီလောက်လက်သည်းအရှည်ဖြစ်အောင်ထားနိုင်ဖို့ နေ့စဉ်ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေလဲရှိပါတယ်။ ဥပမာ သူမရဲ့ ဂျင်းဘောင်းဘီကြယ်သီးတပ်ဖို့ စတဲ့ အခြေခံ နေ့စဉ်လုက်ကိုင်ဆောင်ရွက်ရမှုတွေကအစ အခက်အခဲများစွာရှိခဲ့ပေမယ့် ၂၃ နှစ်တိုင်တိုင် ရည်ရွယ်ချက်မယိုင်လဲပဲ လက်သည်အရှည်ဆုံးလူသားအဖြစ် ကြိုးစားခဲ့ရတာဖြစ်ပါတယ်။


Credit: popolay
တကၠဆက္ျပည္နယ္ ဟူစတန္ၿမိဳ႕မွ လက္သည္းပုံေဖာ္အႏုပညာရွင္ျဖစ္သူ ေအယန္နာစီလ်ံက ကမၻာေပၚတြင္ လက္သည္းရွည္ဆုံးအမ်ိဳးသမီးအျဖစ္ ဂင္းနစ္စံခ်ိန္တင္ထားေၾကာင္း သိရွိရသည္။

လက္သည္းအရွည္ အားလုံးေပါင္း ၁၈ ေပေက်ာ္ရွိသည့္ သူမ၏ လက္သည္းမ်ားကို ၂၃ ႏွစ္ေက်ာ္ၾကာ ဂ႐ုတစိုက္ ထိန္းသိမ္းလာခဲ့ရျခင္းျဖစ္သည္။ ၂၀၁၈ ခုႏွစ္အတြက္ လက္သည္းအရွည္ဆုံးလူသားအျဖစ္ ဂင္းနစ္မွတ္တမ္းဝင္ရန္ အေျခအေနေကာင္းၿပီး သူမ၏ ေဘာင္းဘီအရွည္အတိုင္း အရွည္ပမာဏရေအာင္ ေစာင့္ဆိုင္းမည္ျဖစ္သည္။
ဝီလ်ံသည္ ၂၃ ႏွစ္ၾကာ လက္သည္းရွည္ထားခဲ့သူျဖစ္ၿပီး သူမ၏ လက္သည္းမ်ားေၾကာင့္ ပတ္ဝန္း က်င္၌ ထင္ရွားလာသူျဖစ္သည္။ ဝီလ်ံသည္ အျမဲတမ္း ေဆးဆပ္ျပာႏွင့္ လက္သည္းကို ေဆးေၾကာသန႔္ ရွင္းေလ့ရွိၿပီး ေန႔စဥ္ သန႔္ရွင္းမွုျပဳလုပ္ေလ့ရွိကာ ေဆးေရာင္ခ်ယ္ကာ လွပေအာင္ ျပဳျပင္ေလ့ရွိသည္။
“လက္သည္းရွည္ထားဖို႔ စိတ္ရွည္ျခင္း၊ စည္းကမ္းတက်ေနထိုင္ျခင္းနဲ႔ သတၱိရွိမွုတို႔က အေထာက္အပံ့ျဖစ္ ေစခဲ့ပါတယ္။ လက္သည္းရွည္ထားဖို႔ စိတ္အားတက္ႂကြေနဖို႔လည္း လိုအပ္ပါတယ္” ဟု ဝီလ်ံက ေျပာၾကားသည္။
ဒီေလာက္လက္သည္းအရွည္ျဖစ္ေအာင္ထားနိုင္ဖို႔ ေန႔စဥ္ၾကဳံေတြ႕ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြလဲရွိပါတယ္။ ဥပမာ သူမရဲ့ ဂ်င္းေဘာင္းဘီၾကယ္သီးတပ္ဖို႔ စတဲ့ အေျခခံ ေန႔စဥ္လုက္ကိုင္ေဆာင္ရြက္ရမွုေတြကအစ အခက္အခဲမ်ားစြာရွိခဲ့ေပမယ့္ ၂၃ ႏွစ္တိုင္တိုင္ ရည္ရြယ္ခ်က္မယိုင္လဲပဲ လက္သည္အရွည္ဆုံးလူသားအျဖစ္ ႀကိဳးစားခဲ့ရတာျဖစ္ပါတယ္။


Credit: popolay

No comments:

Powered by Blogger.