Header Ads

loading...

ျမန္္မာအေပၚ ကုန္သြယ္ေရးဦးစားေပးမႈ မ႐ုပ္သိမ္းရန္ အီးယူကို ႏုိင္ငံတကာကုမၸဏီမ်ားႏွင့္ လူ႔အခြင့္အေရးအဖြဲ႕မ်ား သတိေပး

ဥေရာပသမဂၢ(အီးယူ)၏ ျမန္မာအေပၚ ကုန္သြယ္ေရး ဦးစားေပးမႈမ်ား မရပ္ဆိုင္းရန္ ႏုိင္ငံတကာကုမၸဏီမ်ားႏွင့္ လူ႔အခြင့္ အေရးအဖြဲ႕မ်ားက အီးယူကို သတိေပးသည္။

ျမန္မာအတြက္ ကုန္သြယ္ေရးဦးစားေပးမႈကုိ အီးယူက ရပ္ဆုိင္း ပါက ျမန္မာႏုိင္ငံတြင္ အမ်ိဳးသမီးငယ္အမ်ားစုရရွိထားသည့္အလုပ္ အကုိင္ေထာင္ႏွင့္ခ်ီ၍ အႏၲရာယ္က်ေရာက္ကာ တပ္မေတာ္ေခါင္း ေဆာင္မ်ားသည္ မထိခုိက္ဘဲရွိေနမည္ဟု ႏုိင္ငံတကာကုမၸဏီမ်ားႏွင့္ လူ႔အခြင့္အေရးအဖြဲ႕မ်ားက ေျပာသည္။

အီးယူက ျမန္မာအေပၚ Everything But Arms (EBA) သေဘာ တူညီမႈရပ္ဆိုင္းပါက ဘဂၤါလီျပႆနာႏွင့္ လုံး၀မသက္ဆုိင္ေသာအထည္ ခ်ဳပ္လုပ္ငန္းမ်ား ဦးစြာထိခုိက္မည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံရွိ ဥေရာပ စီးပြားေရးအဖြဲ႕ၫႊန္ၾကားေရးမွဴး ဖီးလစ္ေလာ္၀ါဆန္က ေျပာသည္။

ဆီြဒင္အ၀တ္အထည္ကုမၸဏီ H&M က ၎တို႔အေနျဖင့္ ျမန္မာ ႏုိင္ငံ၏ လူ႔အခြင့္အေရးအေျခအေနကုိ အီးယူက ေျဖရွင္းရန္ လုိအပ္ သည္ကုိ နားလည္ပါေၾကာင္း သုိ႔ ေသာ္ ယင္းသည္႐ႈပ္ေထြးေသာအ ေျခအေနတစ္ခုျဖစ္ၿပီး ျမန္မာႏုိင္ ငံရွိ အထည္ခ်ဳပ္လုပ္ငန္းနယ္ပယ္ မွ လူမ်ား၏အလုပ္ကိုထိခုိက္ႏုိင္ ေျခရွိသည္ဆုိေသာ အခ်က္ကုိ ထည့္သြင္းစဥ္းစားသင့္ေၾကာင္း ေၾကညာခ်က္၌ ေဖာ္ျပထားသည္။

ျမန္မာအထည္ခ်ဳပ္ ထုတ္ လုပ္သူမ်ားအဖြဲ႕ဥကၠ႒ ဦးျမင့္စုိး က ‘‘သူတို႔(အီးယူ)က ဒါကုိလုပ္ ရင္ မိန္းကေလးေတြ သုံးသိန္း ေက်ာ္ေလာက္ အလုပ္ေတြဆုံး႐ႈံး ရလိမ့္မယ္’’ ဟု ေျပာသည္။

ဆင္းရဲေသာ ႏုိင္ငံမ်ားအား လက္နက္ခဲယမ္းမ်ားမွလြဲ၍ အီး ယူသုိ႔ ကုန္စည္အားလုံး အခြန္ လြတ္တင္ပို႔ခြင့္ျပဳထားေသာ EBA သေဘာတူညီမႈကုိ ကေမၻာဒီးယား  အားခံစားခြင့္ျပဳထားျခင္းအေပၚ ရပ္ဆိုင္းရန္ အီးယူက လုပ္ေဆာင္ ေနသည္။

အီးယူကုန္သြယ္ေရး ေကာ္ မရွင္နာမင္းႀကီး ဆီစီလီယာ မဲလ္စထရြမ္းက ကေမၻာဒီးယား ေရြးေကာက္ပြဲအတြင္း ၿပိဳင္ဘက္ မ်ားအား ႏွိမ္နင္းခဲ့သည့္ျဖစ္ရပ္ မ်ားအတြက္ ယင္းသုိ႔အေရးယူရန္ ျပင္ဆင္ေနေၾကာင္း ေျပာသည္။

ျမန္မာႏုိင္ငံကုိလည္း ဘဂၤါ လီျပႆနာႏွင့္ပတ္သက္ၿပီး ၎ အေနျဖင့္ စုိးရိမ္မိေသာေၾကာင့္ ျမန္မာ၏အီးယူသုိ႔ အခြန္လြတ္ ကုန္ပစၥည္းတင္ပို႔ခြင့္ ျပန္လည္ သုံးသပ္ရန္ စဥ္းစားေနေၾကာင္း မစၥစ္မဲလ္စထရြမ္းက ေအာက္တို ဘာ ၅ ရက္တြင္ေျပာသည္။

ျမန္မာႏုိင္ငံအတြက္ EBA ကုန္သြယ္ေရးသေဘာတူညီမႈကုိ ျပန္သုံးသပ္မည္၊ မသုံးသပ္မည္ ကုိ ဆုံးျဖတ္ေရးအီးယူက အခ်က္ အလက္ရွာေဖြေရးအဖြဲ႕ တစ္ဖြဲ႕ ေအာက္တုိဘာလကုန္တြင္ ျမန္ မာႏုိင္ငံသုိ႔ ေစလႊတ္မည္ျဖစ္ သည္။

အကယ္၍ အီးယူက ျမန္မာ အတြက္ EBA သေဘာတူညီမႈကုိ ဖယ္ရွားပါက ေဒၚလာဘီလီယံ မ်ားစြာတန္ဖုိးရွိေသာ ျမန္မာႏုိင္ ငံမွ အထည္ခ်ဳပ္လုပ္ငန္းမ်ားအ ေပၚထိခုိက္လာႏုိင္သည္။ ယမန္ ႏွစ္က အီးယူသုိ႔ျမန္မာပုိ႔ကုန္ေဒၚ လာတစ္ဘီလီယံေက်ာ္ဖုိးအနက္ ၇၀ ရာခုိင္ႏႈန္းေက်ာ္သည္ အ၀တ္ အထည္ႏွင့္ ဖိနပ္မ်ားျဖစ္သည္။

ယခု သီတင္းပတ္အတြင္း ဘရပ္ဆဲလ္ၿမိဳ႕တြင္ အာရွ-ဥေရာ ပထိပ္သီးေဆြးေႏြးပြဲ က်င္းပစဥ္ အီးယူက ျမန္မာႏွင့္ကေမၻာဒီးယား တို႔၏ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ မ်ားႏွင့္ပတ္သက္၍ ၾကား၀င္ေျဖ ရွင္းမည့္အစီအစဥ္ထြက္ေပၚလာ ျခင္းျဖစ္သည္။


Credit:http://www.7daydaily.com
# Unicode Version ျဖင့္ ဖတ္ပါ #
ဓာတ်ပုံ − အေအက်ဖ်ပီ

ဥရောပသမဂ္ဂ(အီးယူ)၏ မြန်မာအပေါ် ကုန်သွယ်ရေး ဦးစားပေးမှုများ မရပ်ဆိုင်းရန် နိုင်ငံတကာကုမ္ပဏီများနှင့် လူ့အခွင့် အရေးအဖွဲ့များက အီးယူကို သတိပေးသည်။

မြန်မာအတွက် ကုန်သွယ်ရေးဦးစားပေးမှုကို အီးယူက ရပ်ဆိုင်း ပါက မြန်မာနိုင်ငံတွင် အမျိုးသမီးငယ်အများစုရရှိထားသည့်အလုပ် အကိုင်ထောင်နှင့်ချီ၍ အန္တရာယ်ကျရောက်ကာ တပ်မတော်ခေါင်း ဆောင်များသည် မထိခိုက်ဘဲရှိနေမည်ဟု နိုင်ငံတကာကုမ္ပဏီများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

အီးယူက မြန်မာအပေါ် Everything But Arms (EBA) သဘော တူညီမှုရပ်ဆိုင်းပါက ဘင်္ဂါလီပြဿနာနှင့် လုံးဝမသက်ဆိုင်သောအထည် ချုပ်လုပ်ငန်းများ ဦးစွာထိခိုက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ဥရောပ စီးပွားရေးအဖွဲ့ညွှန်ကြားရေးမှူး ဖီးလစ်လော်ဝါဆန်က ပြောသည်။

ဆွီဒင်အဝတ်အထည်ကုမ္ပဏီ H&M က ၎င်းတို့အနေဖြင့် မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို အီးယူက ဖြေရှင်းရန် လိုအပ် သည်ကို နားလည်ပါကြောင်း သို့ သော် ယင်းသည်ရှုပ်ထွေးသောအ ခြေအနေတစ်ခုဖြစ်ပြီး မြန်မာနိုင် ငံရှိ အထည်ချုပ်လုပ်ငန်းနယ်ပယ် မှ လူများ၏အလုပ်ကိုထိခိုက်နိုင် ခြေရှိသည်ဆိုသော အချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

မြန်မာအထည်ချုပ် ထုတ် လုပ်သူများအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး က ‘‘သူတို့(အီးယူ)က ဒါကိုလုပ် ရင် မိန်းကလေးတွေ သုံးသိန်း ကျော်လောက် အလုပ်တွေဆုံးရှုံး ရလိမ့်မယ်’’ ဟု ပြောသည်။

ဆင်းရဲသော နိုင်ငံများအား လက်နက်ခဲယမ်းများမှလွဲ၍ အီး ယူသို့ ကုန်စည်အားလုံး အခွန် လွတ်တင်ပို့ခွင့်ပြုထားသော EBA သဘောတူညီမှုကို ကမ္ဘောဒီးယား  အားခံစားခွင့်ပြုထားခြင်းအပေါ် ရပ်ဆိုင်းရန် အီးယူက လုပ်ဆောင် နေသည်။

အီးယူကုန်သွယ်ရေး ကော် မရှင်နာမင်းကြီး ဆီစီလီယာ မဲလ်စထရွမ်းက ကမ္ဘောဒီးယား ရွေးကောက်ပွဲအတွင်း ပြိုင်ဘက် များအား နှိမ်နင်းခဲ့သည့်ဖြစ်ရပ် များအတွက် ယင်းသို့အရေးယူရန် ပြင်ဆင်နေကြောင်း ပြောသည်။

မြန်မာနိုင်ငံကိုလည်း ဘင်္ဂါ လီပြဿနာနှင့်ပတ်သက်ပြီး ၎င်း အနေဖြင့် စိုးရိမ်မိသောကြောင့် မြန်မာ၏အီးယူသို့ အခွန်လွတ် ကုန်ပစ္စည်းတင်ပို့ခွင့် ပြန်လည် သုံးသပ်ရန် စဉ်းစားနေကြောင်း မစ္စစ်မဲလ်စထရွမ်းက အောက်တို ဘာ ၅ ရက်တွင်ပြောသည်။

မြန်မာနိုင်ငံအတွက် EBA ကုန်သွယ်ရေးသဘောတူညီမှုကို ပြန်သုံးသပ်မည်၊ မသုံးသပ်မည် ကို ဆုံးဖြတ်ရေးအီးယူက အချက် အလက်ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့ အောက်တိုဘာလကုန်တွင် မြန် မာနိုင်ငံသို့ စေလွှတ်မည်ဖြစ် သည်။

အကယ်၍ အီးယူက မြန်မာ အတွက် EBA သဘောတူညီမှုကို ဖယ်ရှားပါက ဒေါ်လာဘီလီယံ များစွာတန်ဖိုးရှိသော မြန်မာနိုင် ငံမှ အထည်ချုပ်လုပ်ငန်းများအ ပေါ်ထိခိုက်လာနိုင်သည်။ ယမန် နှစ်က အီးယူသို့မြန်မာပို့ကုန်ဒေါ် လာတစ်ဘီလီယံကျော်ဖိုးအနက် ၇၀ ရာခိုင်နှုန်းကျော်သည် အဝတ် အထည်နှင့် ဖိနပ်များဖြစ်သည်။

ယခု သီတင်းပတ်အတွင်း ဘရပ်ဆဲလ်မြို့တွင် အာရှ-ဥရော ပထိပ်သီးဆွေးနွေးပွဲ ကျင်းပစဉ် အီးယူက မြန်မာနှင့်ကမ္ဘောဒီးယား တို့၏ လူ့အခွင့်အရေးချိုးဖောက်မှု များနှင့်ပတ်သက်၍ ကြားဝင်ဖြေ ရှင်းမည့်အစီအစဉ်ထွက်ပေါ်လာ ခြင်းဖြစ်သည်။

Credit:http://www.7daydaily.com

1 comment:

  1. Stainless Steel Magnets - titanium arts
    Ironing the Stainless Steel Magnets (4-Pack). Made apr casino in Germany. The Titanium Arts septcasino Stainless Steel https://deccasino.com/review/merit-casino/ Magnets are an alloy mens titanium wedding bands made of steel https://vannienailor4166blog.blogspot.com/ in stainless steel

    ReplyDelete

Powered by Blogger.