loading...
ဦးဇင်းနေတိုးထံ သွားရောက် ကြည်ညိုခဲ့တဲ့ အေးသောင်း
မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ နေတိုးကတော့ အောက်တိုဘာလ (၁၅) ရက်နေ့၊ တနင်္လာနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း မှော်ဘီမြို့မှာရှိတဲ့ အောင်ဇမ္ဗ္ဗူတောရ ကျောင်းတိုက်မှာ ရဟန်းခံခဲ့တာဖြစ်ပါတယ်။ နေတိုးကတော့ ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ ညီငယ်မင်းသွေးအတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်အနေနဲ့ ရဟန်းခံခဲ့တာဖြစ်ပါတယ်။
ဦးဇင်းနေတိုးထံကိုတော့ အနုပညာတွေ တော်တော်များများကလည်း သွားရောက်ခဲ့ပြီး ကုသိုလ်ယူခဲ့ကြပါတယ်။ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ အေးသောင်းကလည်း ဦးဇင်းနေတိုးဆီကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။
ညီဖြစ်သူအတွက် ရည်စူးပြီး သာသနာ့ဘောင်မှာ ခေတ္တနားခိုနေတဲ နေတိုးကတော့ အရမ်းကို ကြည်ညိုစရာကောင်းလှပါတယ်။ ဦးဇင်းကို သွားရောက်ဖူးမြော်ခဲ့တဲ့ အေးသောင်းရဲ့ ပုံရိပ်တွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

No comments: