loading...
သံလမ္းမဲ့ ဘူတာ႐ံု
ပဲခူးရိုးမ အောက်ခြေရှိ ပေါက်ခေါင်းမြို့တွင် ဘူတာရုံလေးတစ် ရုံရှိသည်။ မြို့ထဲမှနှစ် ဖာလုံခန့် လမ်းလျှောက်လျှင် ဘူတာရုံသို့ ရောက်သည်။ ဘူတာရုံဟုဆို သော်လည်း ခရီးသွား မရှိ၊ သံလမ်းမရှိ၊ ခြောက်ကပ်အ ထီးကျန်စွာ တည်ရှိနေခြင်းဖြစ် သည်။ ဘူတာရုံလေးသည် ၎င်းထံ ဆိုက်ကပ်လာမည့် ရထားကိုမျှော် လင့်ကြိုဆိုနေသည့်နှယ်အဝေးက တွေ့မြင်ရသည်မှာ လွမ်းစရာပင် ကောင်းလှသည်။
သို့သော် ဘူတာရုံတစ်ခုနှင့် ရထားတစ်စီးအတွက်မရှိမဖြစ်လို အပ်သောအရာဖြစ်သည့် သံလမ်း များယင်းဘူတာရုံလေးတွင်ရှိမ နေပါ။
သံလမ်းမဲ့ဘူတာရုံလေး တွင် ယခင်ကတော့ဘူတာရုံတစ် ရုံ၏ အင်္ဂါရပ်နှင့်အညီ သံလမ်း ရှိခဲ့ပါသည်။ နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရ လက်ထက်တွင် စတင်ဖောက်လုပ်ခဲ့ပြီး သံလမ်း အရှည် ၂၄ မိုင်ရှိသည့် ပြည် - ပေါက်ခေါင်း ရထားခရီးစဉ်ကို ၂၀၀၉ စက်တင်ဘာက စတင် ပြေးဆွဲခဲ့သည်။
ပြည် - ပေါက်ခေါင်းရထား ခရီးစဉ်များကို ပြည် (၁)၊ ပြည် (၂) စာပို့ရထားဖြင့် ပေါက်ခေါင်း မြို့မှ နံနက် ရ နာရီတွင်စတင် ထွက်ခွာလာပြီး ပြည်မြို့မှ မွန်း လွဲ ၂ နာရီခွဲတွင် ပေါက်ခေါင်းသို့ ပြန်လည်ထွက်ခွာခြင်းဖြင့် အစုန် အဆန်ပြေးဆွဲခဲ့သည်။ ရထား လက်မှတ်ခမှာ ခရီးစဉ်အစ၊ အဆုံးနှစ်ရာ့ငါးဆယ်ကျပ်သာရှိသည်။
သို့သော်လည်း ရထားပြေး ဆွဲပြီးမကြာမီမှာပင် သံလမ်းကြံ့ ခိုင်မှုအားနည်းခြင်း၊ ရာသီဥတု သဘာဝဘေး အန္တရာယ်များ ကြောင့် ရထားခရီးစဉ်များဖျက် သိမ်းရခြင်းနှင့် ခရီးသည်လိုက်ပါ စီးနင်းမှုနည်းပါးခြင်းကြောင့် မြန် မာ့မီးရထားတာဝန်ရှိသူများက ပဲ ခူးတိုင်းဒေသကြီးအစိုးရထံတင်ပြ ခဲ့သည်။ ထို့ကြောင့် ၂၀၀၉ စက် တင်ဘာက ဖွင့်လှစ်ခဲ့သောယင်း ရထားပြေးဆွဲမှုမှာ ၂၀၁၃ အောက်တိုဘာ ၁၅ ရက်တွင် ရပ်နားခဲ့သည်။ ထို့ကြောင့်ခရီး စဉ်ကို လေးနှစ်ကြာအထိသာ ပြေးဆွဲနိုင်ခဲ့ခြင်းဖြစ်သည်။
‘‘ပေါက်ခေါင်းနဲ့ ပြည်ဆိုတာ ဆိုင်ကယ်နဲ့ သွားသွား၊ လိုင်း ကားနဲ့သွားသွား ၄၅ မိနစ်၊ ၁ နာရီ လောက်အကြာဆို ခရီးရောက် တယ်။ ရထားနဲ့သွားတာလောက် တောင်မကြာဘူး။ ရထားခက နည်းတယ်ဆိုပေမယ့်လည်း ခရီး ရောက်မှု၊ အဆင်ပြေမှုတွေနဲ့ချိန် ရင်ကွာတယ်၊ မိုးတွင်းကာလဆို ရင်သံလမ်းသဲဖုံးတာတို့၊ သံလမ်း နိမ့်ကျတာတွေဖြစ်လို့ ရထားခရီး စဉ်တွေနားရတာလည်း ခဏ ခ ဏပဲ။ တကယ်တော့ဒီရထားလမ်း က အစကတည်းက မဖောက်သင့် တာပါ’’ ဟု ပေါက်ခေါင်းဒေသခံ ကိုမင်းကပြောသည်။
ရထားပြေးဆွဲခြင်းမရှိတော့ သဖြင့် ရထားသံလမ်းများနှင့် ဇ လီဖားတုံးများကို ပြန်လည်ဖျက် သိမ်းကာ သိမ်းဆည်းထားပြီဖြစ် ကြောင်း ပြည် - ပေါက်ခေါင်းရ ထားသံလမ်း အငယ်တန်းအင် ဂျင်နီယာတစ်ဦးက ပြောသည်။
မြန်မာ့မီးရထားရုံးချုပ်၏ ညွှန်ကြားချက်အရ ၂၀၁၇ ဇွန်လ က စတင်ဖျက်သိမ်းခဲ့ပြီး ၂၀၁၈ ဇန်နဝါရီတွင် သံလမ်းအားလုံးကို ပြန်လည်သိမ်းဆည်းပြီး ဖြစ် သည်။ ထို့နောက်သိမ်းဆည်း ထားသည့် ကွန်ကရစ်ဇလီဖားတုံး များကို အောင်လံ - ပြည်ရထား လမ်းရှိ လိုအပ်သည့်နေရာများသို့ ပြောင်းရွှေ့အသုံးပြုခဲ့ပြီး သံလမ်း များကို ရွှေတံခါးဘူတာတွင် သယ်ယူစုပုံထားသည်။ ပေါက် ခေါင်း - ပြည်ရထားလမ်းရှိသံ လမ်းမဲ့ဘူတာ အဆောက်အအုံ ကိုမူ မည်သို့မည်ပုံဆောင် ရွက်ရမည်ကို ညွှန်ကြားချက်မရှိ သေးကြောင်း ၎င်းကရှင်းပြသည်။
‘‘ဘူတာရုံထဲမှာတော့လက် ရှိ အစောင့်ဝန်ထမ်းတစ်ဦးရှိ တယ်။ လက်သုပ်ဆိုင်လေးဖွင့် ထားတာတွေ့တယ်။ သံလမ်း ဖောက်တုန်းက ရိုးမပတ်လမ်းအ နေနဲ့ နေပြည်တော်အထိဖောက် မယ်လို့သိရတာ။ ဒါကြောင့် ပေါက်ခေါင်းဘူတာအထွက်မှာ သံလမ်းတွေချထားပြီးသားတွေ့ ရတယ်။ ဒါပေမဲ့ ရထားပြေးဆွဲ တဲ့အခါကျမှသာပေါက်ခေါင်း တင်ရပ်ပြီး ဆက်မပြေးဆွဲတာ။ အခုတော့ အဲဒီသံလမ်းတွေအ ကုန်လုံး ပြန်ဖျက်သိမ်းသွားပြီ’’ ဟု ပေါက်ခေါင်းဒေသခံဦးမော်စီ ကပြောသည်။
ပေါက်ခေါင်း - ပြည်ရထား လမ်းမှာ ၂၄ မိုင်ရှည်ပြီး ပြန်လည် ဖြုတ်သိမ်းသည့် မိုင်အရှည်မှာ မိုင်နှစ်ဆယ်ကျော်ရှိသည်။ မီး ရထားသံလမ်း ဖောက်စဉ်က ပေါက်ခေါင်းမြို့နယ်အတွင်းရှိ လယ်မြေ ၁၃၆ ဒသမ ၃၈ ဧကနှင့်ယာမြေ ၃၇ ဒသမ ရ၀ ဧက စုစုပေါင်းလယ်ယာ မြေဧက ၁၇၄ ဒသမ ၀၈ ဧက သိမ်းဆည်းခံရ သည်။ လယ်သမားများက လျော် ကြေးငွေကျပ် သိန်းသုံးထောင့်နှစ် ရာကျော် (၃၂၉,၃၁၀,၀၀၀) တောင်းခံထားကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးသက်မင်းဇော်ကပြော သည်။
‘‘ကျွန်တော်တို့ရွာက ပေါင်း တလည်ဘူတာနဲ့ နီးပါတယ်။ ဒါ ပေမဲ့ ရထားပြေးဆွဲစဉ်ကလည်းအ သုံးပြုသူနည်းတယ်။ ပေါက် ခေါင်း-ပြည်ကားလမ်းက သွား လာရေးအဆင်ပြေတယ်။ လိုင်း ကားတွေလည်းထွက်တယ်။ ဆိုင် ကယ်တွေမပေါများချိန်ကတောင် ရထားအသုံးပြုမှုနည်းတာ။ ဆိုင် ကယ်တွေပေါများလာတော့ ပို ဆိုးတာပေါ့။ တကယ်ဆို ပေါက် ခေါင်းနဲ့ပြည်က ရထားလမ်းမလို အပ်ပါဘူး’’ ဟု ပေါက်ခေါင်း - ပြည်ရထားသံလမ်းဘေးနေ ဗျူး ကုန်းရွာဒေသခံအမျိုးသားတစ်ဦး ကပြောသည်။
တိုင်းပြည်၏ ဘဏ္ဍာငွေ များစွာ အကုန်အကျခံတည် ဆောက်ခဲ့သည့် ပေါက်ခေါင်း - ပြည်ရထားလမ်းပိုင်းသည် ၂၀၀၉ မှ ၂၀၁၈ အထိ ကိုးနှစ်တာကာလ အတွင်း အောင်မြင်မှုမရှိဘဲ သဲထဲရေသွန် အရာမထင်ပြန် လည် ပျောက်ကွယ်သွားခဲ့ရ သည်။
ဒေသခံများအတွက် လမ်း ပန်းဆက်သွယ်ရေး ပိုမိုထူးခြား ကောင်းမွန်သွားမှုမရှိသည့်အပြင် ရထားသံလမ်းဧရိယာအတွက် လယ်ယာမြေ သိမ်းဆည်းခံခဲ့ရ သည့် တောင်သူလယ်သမားများ မှာမူ သံလမ်းများပြန်လည်ဖျက် သိမ်းပြီးသည့်တိုင် လယ်ယာမြေ လျော်ကြေးငွေမရရှိသေးကြောင်း ဦးသက်မင်းဇော်က ပြောသည်။
‘‘ရထားသံလမ်းတွေမရှိ တော့ သိမ်းထားတဲ့မြေပဲ ပြန်ပေး ထားမယ်လို့ သိရပြန်တယ်။ ဒါ ပေမဲ့လယ်ကန်သင်းတို့၊ ဧရိယာ တို့တွက်ချက်ပြုပြင်တဲ့အခါ လယ် သမားတွေအတွက် အဆင်မပြေ ဖြစ်နေတယ်။ လယ်သမားတွေ အတွက်လျော်ကြေးငွေသာ အ ဆင်ပြေတော့မှာမို့ ပြည်ထောင်စု အစိုးရအထိ တင်ပြပေးထားပါ တယ်’’ ဟု ၎င်းကဆိုသည်။
ယခုအခါ ပြည် - ပေါက် ခေါင်း မီးရထားလမ်းတစ် လျှောက်တွင် ရှိခဲ့သည့်ခေတ္တရာ မြို့သစ်ဘူတာ၊ လမ်းဆုံဘူတာ၊ ရွှေတံခါးဘူတာ တို့မှလွဲ၍ ပေါင်း တလည်ဘူတာ၊ အင်ငါးခွဘူတာ၊ နည်းပညာတက္ကသိုလ်ဘူတာနှင့် ပေါက်ခေါင်းဘူတာတို့သည် သံ လမ်းမဲ့ခဲ့ရချေပြီ။
‘‘ရထားလမ်းဖောက်ခါစအ ချိန်အခါကဆိုရင် ပေါက်ခေါင်း ဘက်မှာ ရိုးမဘက်ပိုကျတဲ့သူတွေ ဆိုရင် ရထားကိုအပြင်မှာ သိပ်မ မြင်ဖူးကြဘူး။ ရထားလမ်းဖွင့် ပွဲနေ့တုန်းကတော့ အတော်များ များမြင်ဖူးသွားကြတယ်။ ဘာပဲ ဖြစ်ဖြစ်လေ၊ ရထားကို အပြင်မှာ မမြင်ဖူးတဲ့သူတွေအဖို့ ဘူတာမှာ ရထားရှိအချိန်ကိုသွားကြည့်ကြ ရင်းမြင်ဖူးသွားတာပေါ့’’ ဟု ပေါက်ခေါင်းဒေသခံကိုမင်း က သံလမ်းမဲ့နေသည့် ဘူတာရုံလေး ကိုကြည့်ပြီး ဟာသနှောကာပြော လေသည်။
သံလမ်းမရှိတော့သော် လည်း ဘူတာရုံလေးမှလှိုက်လှဲစွာ ကြိုဆိုနေသည်ဆိုသည့် စာတန်း ကိုအဝေးမှပင်တွေ့မြင်နိုင်သေး သည်။ သို့သော်လည်းဘူတာရုံ လေးသို့ ရထားသည် ဘယ်သော အခါမျှဆိုက်ရောက်လာတော့ မည်မဟုတ်ချေ။
Credit:http://www.7daydaily.com
ပဲခူး႐ုိးမ ေအာက္ေျခရွိ ေပါက္ေခါင္းၿမိဳ႕တြင္ ဘူတာ႐ံုေလးတစ္ ႐ံုရွိသည္။ ၿမိဳ႕ထဲမွႏွစ္ ဖာလံုခန္႔ လမ္းေလွ်ာက္လွ်င္ ဘူတာ႐ံုသို႔ ေရာက္သည္။ ဘူတာ႐ံုဟုဆို ေသာ္လည္း ခရီးသြား မရွိ၊ သံလမ္းမရွိ၊ ေျခာက္ကပ္အ ထီးက်န္စြာ တည္ရွိေနျခင္းျဖစ္ သည္။ ဘူတာ႐ံုေလးသည္ ၎ထံ ဆိုက္ကပ္လာမည့္ ရထားကိုေမွ်ာ္ လင့္ႀကိဳဆိုေနသည့္ႏွယ္အေ၀းက ေတြ႕ျမင္ရသည္မွာ လြမ္းစရာပင္ ေကာင္းလွသည္။
သို႔ေသာ္ ဘူတာ႐ံုတစ္ခုႏွင့္ ရထားတစ္စီးအတြက္မရွိမျဖစ္လို အပ္ေသာအရာျဖစ္သည့္ သံလမ္း မ်ားယင္းဘူတာ႐ံုေလးတြင္ရွိမ ေနပါ။
သံလမ္းမဲ့ဘူတာ႐ံုေလး တြင္ ယခင္ကေတာ့ဘူတာ႐ံုတစ္ ႐ံု၏ အဂၤါရပ္ႏွင့္အညီ သံလမ္း ရွိခဲ့ပါသည္။ ႏိုင္ငံေတာ္ေအး ခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရး ေကာင္စီအစိုးရ လက္ထက္တြင္ စတင္ေဖာက္လုပ္ခဲ့ၿပီး သံလမ္း အရွည္ ၂၄ မိုင္ရွိသည့္ ျပည္ - ေပါက္ေခါင္း ရထားခရီးစဥ္ကို ၂၀၀၉ စက္တင္ဘာက စတင္ ေျပးဆြဲခဲ့သည္။
ျပည္ - ေပါက္ေခါင္းရထား ခရီးစဥ္မ်ားကို ျပည္ (၁)၊ ျပည္ (၂) စာပို႔ရထားျဖင့္ ေပါက္ေခါင္း ၿမိဳ႕မွ နံနက္ ၇ နာရီတြင္စတင္ ထြက္ခြာလာၿပီး ျပည္ၿမိဳ႕မွ မြန္း လဲြ ၂ နာရီခြဲတြင္ ေပါက္ေခါင္းသို႔ ျပန္လည္ထြက္ခြာျခင္းျဖင့္ အစုန္ အဆန္ေျပးဆြဲခဲ့သည္။ ရထား လက္မွတ္ခမွာ ခရီးစဥ္အစ၊ အဆံုးႏွစ္ရာ့ငါးဆယ္က်ပ္သာရွိသည္။
သို႔ေသာ္လည္း ရထားေျပး ဆြဲၿပီးမၾကာမီမွာပင္ သံလမ္းႀကံ႕ ခိုင္မႈအားနည္းျခင္း၊ ရာသီဥတု သဘာ၀ေဘး အႏၲရာယ္မ်ား ေၾကာင့္ ရထားခရီးစဥ္မ်ားဖ်က္ သိမ္းရျခင္းႏွင့္ ခရီးသည္လိုက္ပါ စီးနင္းမႈနည္းပါးျခင္းေၾကာင့္ ျမန္ မာ့မီးရထားတာ၀န္ရွိသူမ်ားက ပဲ ခူးတိုင္းေဒသႀကီးအစိုးရထံတင္ျပ ခဲ့သည္။ ထို႔ေၾကာင့္ ၂၀၀၉ စက္ တင္ဘာက ဖြင့္လွစ္ခဲ့ေသာယင္း ရထားေျပးဆြဲမႈမွာ ၂၀၁၃ ေအာက္တုိဘာ ၁၅ ရက္တြင္ ရပ္နားခဲ့သည္။ ထုိ႔ေၾကာင့္ခရီး စဥ္ကို ေလးႏွစ္ၾကာအထိသာ ေျပးဆြဲႏုိင္ခဲ့ျခင္းျဖစ္သည္။
‘‘ေပါက္ေခါင္းနဲ႔ ျပည္ဆိုတာ ဆုိင္ကယ္နဲ႔ သြားသြား၊ လိုင္း ကားနဲ႔သြားသြား ၄၅ မိနစ္၊ ၁ နာရီ ေလာက္အၾကာဆို ခရီးေရာက္ တယ္။ ရထားနဲ႔သြားတာေလာက္ ေတာင္မၾကာဘူး။ ရထားခက နည္းတယ္ဆိုေပမယ့္လည္း ခရီး ေရာက္မႈ၊ အဆင္ေျပမႈေတြနဲ႔ခ်ိန္ ရင္ကြာတယ္၊ မိုးတြင္းကာလဆို ရင္သံလမ္းသဲဖံုးတာတုိ႔၊ သံလမ္း နိမ့္က်တာေတြျဖစ္လို႔ ရထားခရီး စဥ္ေတြနားရတာလည္း ခဏ ခ ဏပဲ။ တကယ္ေတာ့ဒီရထားလမ္း က အစကတည္းက မေဖာက္သင့္ တာပါ’’ ဟု ေပါက္ေခါင္းေဒသခံ ကိုမင္းကေျပာသည္။
ရထားေျပးဆြဲျခင္းမရွိေတာ့ သျဖင့္ ရထားသံလမ္းမ်ားႏွင့္ ဇ လီဖားတံုးမ်ားကို ျပန္လည္ဖ်က္ သိမ္းကာ သိမ္းဆည္းထားၿပီျဖစ္ ေၾကာင္း ျပည္ - ေပါက္ေခါင္းရ ထားသံလမ္း အငယ္တန္းအင္ ဂ်င္နီယာတစ္ဦးက ေျပာသည္။
ျမန္မာ့မီးရထား႐ံုးခ်ဳပ္၏ ၫႊန္ၾကားခ်က္အရ ၂၀၁၇ ဇြန္လ က စတင္ဖ်က္သိမ္းခဲ့ၿပီး ၂၀၁၈ ဇန္န၀ါရီတြင္ သံလမ္းအားလံုးကို ျပန္လည္သိမ္းဆည္းၿပီး ျဖစ္ သည္။ ထုိ႔ေနာက္သိမ္းဆည္း ထားသည့္ ကြန္ကရစ္ဇလီဖားတံုး မ်ားကို ေအာင္လံ - ျပည္ရထား လမ္းရွိ လိုအပ္သည့္ေနရာမ်ားသို႔ ေျပာင္းေရႊ႕အသံုးျပဳခဲ့ၿပီး သံလမ္း မ်ားကို ေရႊတံခါးဘူတာတြင္ သယ္ယူစုပံုထားသည္။ ေပါက္ ေခါင္း - ျပည္ရထားလမ္းရွိသံ လမ္းမဲ့ဘူတာ အေဆာက္အအံု ကိုမူ မည္သို႔မည္ပံုေဆာင္ ရြက္ရမည္ကို ၫႊန္ၾကားခ်က္မရွိ ေသးေၾကာင္း ၎ကရွင္းျပသည္။
‘‘ဘူတာ႐ံုထဲမွာေတာ့လက္ ရွိ အေစာင့္၀န္ထမ္းတစ္ဦးရွိ တယ္။ လက္သုပ္ဆိုင္ေလးဖြင့္ ထားတာေတြ႕တယ္။ သံလမ္း ေဖာက္တုန္းက ႐ိုးမပတ္လမ္းအ ေနနဲ႔ ေနျပည္ေတာ္အထိေဖာက္ မယ္လို႔သိရတာ။ ဒါေၾကာင့္ ေပါက္ေခါင္းဘူတာအထြက္မွာ သံလမ္းေတြခ်ထားၿပီးသားေတြ႕ ရတယ္။ ဒါေပမဲ့ ရထားေျပးဆြဲ တဲ့အခါက်မွသာေပါက္ေခါင္း တင္ရပ္ၿပီး ဆက္မေျပးဆြဲတာ။ အခုေတာ့ အဲဒီသံလမ္းေတြအ ကုန္လံုး ျပန္ဖ်က္သိမ္းသြားၿပီ’’ ဟု ေပါက္ေခါင္းေဒသခံဦးေမာ္စီ ကေျပာသည္။
ေပါက္ေခါင္း - ျပည္ရထား လမ္းမွာ ၂၄ မိုင္ရွည္ၿပီး ျပန္လည္ ျဖဳတ္သိမ္းသည့္ မိုင္အရွည္မွာ မိုင္ႏွစ္ဆယ္ေက်ာ္ရွိသည္။ မီး ရထားသံလမ္း ေဖာက္စဥ္က ေပါက္ေခါင္းၿမိဳ႕နယ္အတြင္းရွိ လယ္ေျမ ၁၃၆ ဒသမ ၃၈ ဧကႏွင့္ယာေျမ ၃၇ ဒသမ ၇၀ ဧက စုစုေပါင္းလယ္ယာ ေျမဧက ၁၇၄ ဒသမ ၀၈ ဧက သိမ္းဆည္းခံရ သည္။ လယ္သမားမ်ားက ေလ်ာ္ ေၾကးေငြက်ပ္ သိန္းသံုးေထာင့္ႏွစ္ ရာေက်ာ္ (၃၂၉,၃၁၀,၀၀၀) ေတာင္းခံထားေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စား လွယ္ ဦးသက္မင္းေဇာ္ကေျပာ သည္။
‘‘ကြၽန္ေတာ္တို႔ရြာက ေပါင္း တလည္ဘူတာနဲ႔ နီးပါတယ္။ ဒါ ေပမဲ့ ရထားေျပးဆြဲစဥ္ကလည္းအ သံုးျပဳသူနည္းတယ္။ ေပါက္ ေခါင္း-ျပည္ကားလမ္းက သြား လာေရးအဆင္ေျပတယ္။ လိုင္း ကားေတြလည္းထြက္တယ္။ ဆိုင္ ကယ္ေတြမေပါမ်ားခ်ိန္ကေတာင္ ရထားအသံုးျပဳမႈနည္းတာ။ ဆိုင္ ကယ္ေတြေပါမ်ားလာေတာ့ ပို ဆိုးတာေပါ့။ တကယ္ဆို ေပါက္ ေခါင္းနဲ႔ျပည္က ရထားလမ္းမလို အပ္ပါဘူး’’ ဟု ေပါက္ေခါင္း - ျပည္ရထားသံလမ္းေဘးေန ဗ်ဴး ကုန္းရြာေဒသခံအမ်ိဳးသားတစ္ဦး ကေျပာသည္။
တိုင္းျပည္၏ ဘ႑ာေငြ မ်ားစြာ အကုန္အက်ခံတည္ ေဆာက္ခဲ့သည့္ ေပါက္ေခါင္း - ျပည္ရထားလမ္းပိုင္းသည္ ၂၀၀၉ မွ ၂၀၁၈ အထိ ကိုးႏွစ္တာကာလ အတြင္း ေအာင္ျမင္မႈမရွိဘဲ သဲထဲေရသြန္ အရာမထင္ျပန္ လည္ ေပ်ာက္ကြယ္သြားခဲ့ရ သည္။
ေဒသခံမ်ားအတြက္ လမ္း ပန္းဆက္သြယ္ေရး ပိုမိုထူးျခား ေကာင္းမြန္သြားမႈမရွိသည့္အျပင္ ရထားသံလမ္းဧရိယာအတြက္ လယ္ယာေျမ သိမ္းဆည္းခံခဲ့ရ သည့္ ေတာင္သူလယ္သမားမ်ား မွာမူ သံလမ္းမ်ားျပန္လည္ဖ်က္ သိမ္းၿပီးသည့္တိုင္ လယ္ယာေျမ ေလ်ာ္ေၾကးေငြမရရွိေသးေၾကာင္း ဦးသက္မင္းေဇာ္က ေျပာသည္။
‘‘ရထားသံလမ္းေတြမရွိ ေတာ့ သိမ္းထားတဲ့ေျမပဲ ျပန္ေပး ထားမယ္လို႔ သိရျပန္တယ္။ ဒါ ေပမဲ့လယ္ကန္သင္းတုိ႔၊ ဧရိယာ တို႔တြက္ခ်က္ျပဳျပင္တဲ့အခါ လယ္ သမားေတြအတြက္ အဆင္မေျပ ျဖစ္ေနတယ္။ လယ္သမားေတြ အတြက္ေလ်ာ္ေၾကးေငြသာ အ ဆင္ေျပေတာ့မွာမို႔ ျပည္ေထာင္စု အစိုးရအထိ တင္ျပေပးထားပါ တယ္’’ ဟု ၎ကဆိုသည္။
ယခုအခါ ျပည္ - ေပါက္ ေခါင္း မီးရထားလမ္းတစ္ ေလွ်ာက္တြင္ ရွိခဲ့သည့္ေခတၱရာ ၿမိဳ႕သစ္ဘူတာ၊ လမ္းဆံုဘူတာ၊ ေရႊတံခါးဘူတာ တုိ႔မွလြဲ၍ ေပါင္း တလည္ဘူတာ၊ အင္ငါးခြဘူတာ၊ နည္းပညာတကၠသိုလ္ဘူတာႏွင့္ ေပါက္ေခါင္းဘူတာတုိ႔သည္ သံ လမ္းမဲ့ခဲ့ရေခ်ၿပီ။
‘‘ရထားလမ္းေဖာက္ခါစအ ခ်ိန္အခါကဆိုရင္ ေပါက္ေခါင္း ဘက္မွာ ႐ိုးမဘက္ပိုက်တဲ့သူေတြ ဆိုရင္ ရထားကိုအျပင္မွာ သိပ္မ ျမင္ဖူးၾကဘူး။ ရထားလမ္းဖြင့္ ပြဲေန႔တုန္းကေတာ့ အေတာ္မ်ား မ်ားျမင္ဖူးသြားၾကတယ္။ ဘာပဲ ျဖစ္ျဖစ္ေလ၊ ရထားကို အျပင္မွာ မျမင္ဖူးတဲ့သူေတြအဖို႔ ဘူတာမွာ ရထားရွိအခ်ိန္ကိုသြားၾကည့္ၾက ရင္းျမင္ဖူးသြားတာေပါ့’’ ဟု ေပါက္ေခါင္းေဒသခံကိုမင္း က သံလမ္းမဲ့ေနသည့္ ဘူတာ႐ံုေလး ကိုၾကည့္ၿပီး ဟာသေႏွာကာေျပာ ေလသည္။
သံလမ္းမရွိေတာ့ေသာ္ လည္း ဘူတာ႐ံုေလးမွလိႈက္လွဲစြာ ႀကိဳဆိုေနသည္ဆုိသည့္ စာတန္း ကိုအေ၀းမွပင္ေတြ႕ျမင္ႏိုင္ေသး သည္။ သို႔ေသာ္လည္းဘူတာ႐ံု ေလးသို႔ ရထားသည္ ဘယ္ေသာ အခါမွ်ဆိုက္ေရာက္လာေတာ့ မည္မဟုတ္ေခ်။

No comments: