Header Ads

loading...

အိႏိၵယမွ ခ်င္းျပည္နယ္ထဲ တရားမ၀င္ခိုး၀င္သူ ၁၂ ဦး ဖမ္းဆီး

အိန္ဒိယ- မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့မှာ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၁၂ဦးနဲ့ လမ်းပြ ၂ယောက်ဒီကနေ့ မနက်မှာ ဖမ်းဆီးလိုက်ပါတယ်။ တရားမဝင်ခိုးဝင်လာသူတွေဟာ မလေးရှားနိုင်ငံကိုသွားရောက်အလုပ်လုပ်ဖို့ လာရောက်တာဖြစ်ကြောင်းနဲ့ သူတို့ကို လဝက ဥပဒေနဲ့ အရေးယူထားကြောင်း ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့မှာ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ခိုးဝင်လာသူတွေကို အိန္ဒိယ- မြန်မာနယ်စပ်တံတားအနီးမှာ ကင်းပုန်းဝပ်နေတဲ့ လုံခြုံရေးအဖွဲ့တွေက ဒီကနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုဦးစီးမှူးဦးလာလ်ပက်လောမ်မာက အခုလို ပြောပါတယ်။

“ ဒီမနက် ၄နာရီခွဲမှာပေါ့နော်။ အိန္ဒိယမြန်မာနယ်စပ်တံတားမှာပေါ့။ သူတို့က အိန္ဒိယဘက်ကနေ ဖြတ်လာတယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပေါ့။ သူတို့ ၁၂မိတယ်။ သူတို့က တရား မဝင် ၀င်ရောက်လာတာပေါ့နော်။ ဘာအထောက်အထားမှ မကိုင်ဘဲနဲ့။ အိန္ဒိယဘက်ကနေ မြန်မာဘက်ကို ၀င်လာတာ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ယောက်၊ ပြီးတော့ လမ်းပြလို့ ပြောရမလား ခေါ်ဆောင်လာတဲ့သူ မြန်မာနိုင်ငံသား၂ယောက်၊ အားလုံးပေါင်း ၁၄ယောက်။ ၄နာရီခွဲမှာ အိန္ဒိယဘက်ကနေ ၀င်လာတယ်။ ၀င်လာပြီးတော့ ဖမ်းတယ်။ အခုလောလောဆည်တော့ ရဲစခန်းမှာ ထိန်းထားတယ်။”

ရိခေါဒါရ်မြို့့ အိန္ဒိယမြန်မာချစ်ကြည်ရေးတံတားဟာ မနက် ၆နာရီနဲ့ ည၆နာရီအတွင်းသာ ဖြတ်သန်းခွင့်ပြုတာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးထားသူတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူထားကြောင်း နဲ့ သူတို့ဟာ မြန်မာပြည်ကတဆင့် မလေးရှားနိုင်ငံကိုသွားရောက်ဖို့ လို့ အစစ်ဆေးခံကြောင်း ရိခေါဒါရ်မြို့့နယ်မြေရဲစခန်းမှုး ရဲအုပ်ဇော်ဇော်ကျော်က ပြောပါတယ်။

“ သူတို့ကို လဝက ၁၃/၁ နဲ့ အရေးယူထားပါတယ်။ ဘယ်လိုအကြောင်းကြောင်းလည်းဆိုတော့ မလေးကို သွားမှာတဲ့။ မလေးမှာ အလုပ်သွားလုပ်ချင်တာတဲ့။”

ဖမ်းဆီးရမိသူ ၁၂ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသက တောင်ပေါ်သားတွေဖြစ်ပြီး ရခိုင်စကားနဲ့နီးစပ်တဲ့ ဘာသာစကားကို ပြောဆိုတယ်လို့လည်း ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံသား ရခိုင်လူငယ် ၅ယောက်ကို ချင်းပြည်နယ် တီးတိန်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံသား စိစစ်ရေးကဒ်ပြားအတုသာမက အိန္ဒိယနိုင်ငံမှတ်ပုံတင်အတုတွေပါ ကိုင်ဆောင်ထားတာကြောင့် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူထားပါတယ်။

ကိုမိုးဇော်/ ဗွီအိုအေ (မြန်မာပိုင်း)
အိႏိၵယ- ျမန္မာနယ္စပ္ ခ်င္းျပည္နယ္ ရိေခၚဒါရ္ၿမိဳ႔မွာ အိႏိၵယႏိုင္ငံကေန ျမန္မာႏိုင္ငံဘက္ကို ခုိး၀င္လာတဲ့ ဘဂၤလားေဒ့ရ္ွႏိုင္ငံသား ၁၂ဦးနဲ႔ လမ္းျပ ၂ေယာက္ဒီကေန႔ မနက္မွာ ဖမ္းဆီးလုိက္ပါတယ္။ တရားမ၀င္ခုိး၀င္လာသူေတြဟာ မေလးရွားႏိုင္ငံကိုသြားေရာက္အလုပ္လုပ္ဖို႔ လာေရာက္တာျဖစ္ေၾကာင္းနဲ႔ သူတို႔ကို လ၀က ဥပေဒနဲ႔ အေရးယူထားေၾကာင္း ရဲတပ္ဖဲြ႔က တာ၀န္ရိွသူက ေျပာပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

ခ်င္းျပည္နယ္ ရိေခၚဒါရ္ၿမိဳ႔မွာ အိႏိၵယႏိုင္ငံကေန ျမန္မာႏိုင္ငံဘက္ကို ခုိး၀င္လာသူေတြကို အိႏိၵယ- ျမန္မာနယ္စပ္တံတားအနီးမွာ ကင္းပုန္း၀ပ္ေနတဲ့ လံုၿခံဳေရးအဖဲြ႔ေတြက ဒီကေန႔ မနက္အေစာပိုင္းမွာ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

ဒီဖမ္းဆီးမႈနဲ႔ပတ္သက္ၿပီး ရိေခါဒါရ္ျမိဳ႕ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ဒုဦးစီးမွဴးဦးလာလ္ပက္ေလာမ္မာက အခုလို ေျပာပါတယ္။

“ ဒီမနက္ ၄နာရီခဲြမွာေပါ့ေနာ္။ အိႏိၵယျမန္မာနယ္စပ္တံတားမွာေပါ့။ သူတုိ႔က အိႏိၵယဘက္ကေန ျဖတ္လာတယ္။ သူတုိ႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံသားေပါ့။ သူတုိ႔ ၁၂မိတယ္။ သူတုိ႔က တရား မ၀င္ ၀င္ေရာက္လာတာေပါ့ေနာ္။ ဘာအေထာက္အထားမွ မကိုင္ဘဲနဲ႔။ အိႏိၵယဘက္ကေန ျမန္မာဘက္ကို ၀င္လာတာ။ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား ၁၂ေယာက္၊ ၿပီးေတာ့ လမ္းျပလုိ႔ ေျပာရမလား ေခၚေဆာင္လာတဲ့သူ ျမန္မာႏိုင္ငံသား၂ေယာက္၊ အားလံုးေပါင္း ၁၄ေယာက္။ ၄နာရီခဲြမွာ အိႏၵိယဘက္ကေန ၀င္လာတယ္။ ၀င္လာၿပီးေတာ့ ဖမ္းတယ္။ အခုေလာေလာဆည္ေတာ့ ရဲစခန္းမွာ ထိန္းထားတယ္။”

ရိေခါဒါရ္ၿမိဳ႔႕ အိႏိၵယျမန္မာခ်စ္ၾကည္ေရးတံတားဟာ မနက္ ၆နာရီနဲ႔ ည၆နာရီအတြင္းသာ ျဖတ္သန္းခြင့္ျပဳတာလည္း ျဖစ္ပါတယ္။

ဖမ္းဆီးထားသူေတြကိုေတာ့ လူ၀င္မႈၾကီးၾကပ္ေရးဥပေဒနဲ႔ အေရးယူထားေၾကာင္း နဲ႔ သူတုိ႔ဟာ ျမန္မာျပည္ကတဆင့္ မေလးရွားႏိုင္ငံကိုသြားေရာက္ဖုိ႔ လုိ႔ အစစ္ေဆးခံေၾကာင္း ရိေခါဒါရ္ၿမိဳ႔႕နယ္ေျမရဲစခန္းမႈး ရဲအုပ္ေဇာ္ေဇာ္ေက်ာ္က ေျပာပါတယ္။

“ သူတုိ႔ကို လ၀က ၁၃/၁ နဲ႔ အေရးယူထားပါတယ္။ ဘယ္လုိအေၾကာင္းေၾကာင္းလည္းဆုိေတာ့ မေလးကို သြားမွာတဲ့။ မေလးမွာ အလုပ္သြားလုပ္ခ်င္တာတဲ့။”

ဖမ္းဆီးရမိသူ ၁၂ဦးဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ စစ္တေကာင္းေတာင္တန္းေဒသက ေတာင္ေပၚသားေတြျဖစ္ၿပီး ရခိုင္စကားနဲ႔နီးစပ္တဲ့ ဘာသာစကားကို ေျပာဆုိတယ္လုိ႔လည္း ရဲတပ္ဖဲြ႔၀င္တဦးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္းကလည္း ျမန္မာႏိုင္ငံသား ရခိုင္လူငယ္ ၅ေယာက္ကို ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႔မွာ ဖမ္းဆီးခဲ့ပါတယ္။ သူတုိ႔ေတြဟာ ျမန္မာႏိုင္ငံသား စိစစ္ေရးကဒ္ျပားအတုသာမက အိႏိၵယႏိုင္ငံမွတ္ပံုတင္အတုေတြပါ ကိုင္ေဆာင္ထားတာေၾကာင့္ လူ၀င္မႈၾကီးၾကပ္ေရးဥပေဒနဲ႔ အေရးယူထားပါတယ္။

ကိုမိုးေဇာ္/ ဗြီအိုေအ (ျမန္မာပုိင္း)

No comments:

Powered by Blogger.