loading...
ျမဝတီ-ေကာ့ကရိတ္အာရွလမ္းတြင္ တြဲ ယာဥ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္ ယာႏွစ္စီးလံုးမီးေလာင္ကြ်မ္းကာ သံုးဦးမီးေလာင္ေသဆံုး
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် အောက်တိုဘာလ ၁၈ ရက်နေ့နံနက်ပိုင်းက ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်ကာ နှစ်စီးလုံးမီးလောင်ကျွမ်းသွားပြီး သုံးဦးမီးလောင်သေဆုံးသွားကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့် မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ယာဉ်တိုက်မှုဖြစ်ရာမှ ယာဉ်နှစ်စီးမီးလောင်ကျွမ်းနေကြောင်း သတင်းအရ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှူး ရဲအုပ် ရဲနိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်စိုးဦးစီးအဖွဲ့မှ သွားရောက်စစ်ဆေးရာ မြဝတီ- ကော့ကရိတ်လမ်းအတိုင်း မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ယာဉ်မောင်း အောင်မြင့်မြတ်၊( ၃၈-နှစ်)တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူသည် 3M/×××× VOLVOအမျိုးအစား ၂၀ဘီး တွဲယာဉ်ပေါ်တွင် Rosny တံဆိပ်ပါ မှုတ်ဆေးဗူးများ တင်ဆောင်မောင်းနှင်လာစဉ် ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ ယာဉ်မောင်း(စိစစ်ဆဲ)မောင်းနှင်လာသည့် ယာဉ်အမှတ် စိစစ်ဆဲ၂၀ဘီး တွဲယာဉ်တို့ မြဝတီ-ကော့ကရိတ်အာရှလမ်း မြဝတီမြို့နယ် ကွင်းကလေးတံတားထိပ်အနီးတွင် မျက်နှာချင်းဆိုင် တိုက်မိ ခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် 3M/×××× VOLVOအမျိုးအစား ၂၀ဘီးတွဲယာဉ်မှာ လမ်းပေါ်လဲကျသွားကာ နှစ်စီးလုံမီးလောင်ကျွမ်းသွားခဲ့ပြီးယာဉ်ပေါ်တင်ဆောင်ထားသည့် မှုတ်ဆေးဗူးများမီးကူးစပ်လောင်ကျွမ်း၍ တံတားလုံခြုံရေးတာဝန်ဆောင်ရွက်ရန် KNUတပ်မဟာ (၆)မှ ဆောက်လုပ်ထားသည့် အလျား၁၅ပေ၊အနံ ၁၀ပေခန့်ရှိ မြေစိုက်တဲပါ မီးကူးစက်လောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းနေသည့် ယာဉ်နှစ်စီးကို မြဝတီခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလှထွန်းစံနှင့်မြို့နယ်မီးသတ်မှ ဒုတပ်ရင်းမှူးဦးအောင်စိုး၊ မီးသတ်စခန်းမှူး ဦးထိန်လင်းစိုးတို့ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သင်္ဃန်းညီနောင် အရန်မီးသတ်တပ်ခွဲမှူး ဦးမောင်ဦး၊ သင်္ယန်းညီနောင်နာရေးကူညီမှုအသင်းမှ ဦးစိုးမိုးထွေးတို့ဦးဆောင်သည့်အဖွဲ့များနှင့် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးအောင်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူရည်တို့ ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းကာ ဝိုင်းဝန်းမီးငြိမ်းသတ်ခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ယာဉ်ကြော ရှင်းလင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့များဖြင့် မီးလောင်သည့်ယာဉ်နှစ်စီးအား ဝိုင်းဝန်းငြိမ်းသတ်စစ်ဆေးရာမှ
ကော့ကရိတ်မှ မြဝတီဘက်သို့ မောင်းနှင်လာသည့် ၂၀ဘီးတွဲယာဉ်ခေါင်းခန်းအတွင်းမှ
ကိုယ်ရေးအချက်အလက် စိစစ်ဆဲ မီးလောင်ကျွမ်းထားသည့် အလောင်းနှစ်လောင်းနှင့် 3M/×××× VOLVOအမျိုးအစား ၂၀ဘီးတွဲယာဉ်၏အောက်မှ မီးလောင်ကျွမ်းထားသည့် ယာဉ်မောင်းဖြစ်သူ အောင်မြင့်မြတ်၏ အလောင်းတို့ စစ်ဆေးတွေ့ရှိ၍ လူမှုကူညီရေးအဖွဲ့က မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်မြေခံသင်္ယန်းညီနောင် ရဲစခန်းက ယာဉ်(ပ) ၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၅ဖြင့် အမှုရေးဖွင့်၍ အသေးစိတ်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
မင်းသူ(ဘားအံ)
ဘားအံသတင်း
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းတြင္ ေအာက္တိုဘာလ ၁၈ ရက္ေန႔နံနက္ပိုင္းက ယာဥ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္ကာ ႏွစ္စီးလံုးမီးေလာင္ကြ်မ္းသြားၿပီး သံုးဦးမီးေလာင္ေသဆံုးသြားေၾကာင္း သတင္းရရွိသည္။
ေအာက္တိုဘာလ ၁၈ ရက္ေန႔ နံနက္ ၃ နာရီအခ်ိန္ခန္႔ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းတြင္ ယာဥ္တိုက္မွဳျဖစ္ရာမွ ယာဥ္ႏွစ္စီးမီးေလာင္ကြ်မ္းေနေၾကာင္း သတင္းအရ သဃၤန္းညီေနာင္နယ္ေျမရဲစခန္းမွဴး ရဲအုပ္ ရဲႏိုင္၊ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ သက္ႏိုင္စိုးဦးစီးအဖြဲ႕မွ သြားေရာက္စစ္ေဆးရာ ျမဝတီ- ေကာ့ကရိတ္လမ္းအတိုင္း ျမဝတီဘက္မွ ေကာ့ကရိတ္ဘက္သို႔ ယာဥ္ေမာင္း ေအာင္ျမင့္ျမတ္၊( ၃၈-ႏွစ္)တာေမြၿမိဳ႕နယ္၊ ရန္ကုန္တိုင္းေဒသႀကီးေနသူသည္ 3M/×××× VOLVOအမ်ိဳးအစား ၂၀ဘီး တြဲယာဥ္ေပၚတြင္ Rosny တံဆိပ္ပါ မွဳတ္ေဆးဗူးမ်ား တင္ေဆာင္ေမာင္းႏွင္လာစဥ္ ေကာ့ကရိတ္ဘက္မွ ျမဝတီဘက္သို႔ ယာဥ္ေမာင္း(စိစစ္ဆဲ)ေမာင္းႏွင္လာသည့္ ယာဥ္အမွတ္ စိစစ္ဆဲ၂၀ဘီး တြဲယာဥ္တို႔ ျမဝတီ-ေကာ့ကရိတ္အာရွလမ္း ျမဝတီၿမိဳ႕နယ္ ကြင္းကေလးတံတားထိပ္အနီးတြင္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိ ခဲ႔ျခင္းျဖစ္သည္။
ယာဥ္တိုက္မွဳေၾကာင့္ 3M/×××× VOLVOအမ်ိဳးအစား ၂၀ဘီးတြဲယာဥ္မွာ လမ္းေပၚလဲက်သြားကာ ႏွစ္စီးလံုမီးေလာင္ကြ်မ္းသြားခဲ႔ၿပီးယာဥ္ေပၚတင္ေဆာင္ထားသည့္ မွဳတ္ေဆးဗူးမ်ားမီးကူးစပ္ေလာင္ကြ်မ္း၍ တံတားလံုၿခံဳေရးတာဝန္ေဆာင္ရြက္ရန္ KNUတပ္မဟာ (၆)မွ ေဆာက္လုပ္ထားသည့္ အလ်ား၁၅ေပ၊အနံ ၁၀ေပခန္႔ရွိ ေျမစိုက္တဲပါ မီးကူးစက္ေလာင္ကြ်မ္းသြားခဲ႔ေၾကာင္း သိရသည္။
မီးေလာင္ကြ်မ္းေနသည့္ ယာဥ္ႏွစ္စီးကို ျမဝတီခရိုင္မီးသတ္ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေစာလွထြန္းစံႏွင့္ၿမိဳ႕နယ္မီးသတ္မွ ဒုတပ္ရင္းမွဴးဦးေအာင္စိုး၊ မီးသတ္စခန္းမွဴး ဦးထိန္လင္းစိုးတို႔ဦးေဆာင္ေသာ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ သဃၤန္းညီေနာင္ အရန္မီးသတ္တပ္ခြဲမွဴး ဦးေမာင္ဦး၊ သယၤန္းညီေနာင္နာေရးကူညီမွဳအသင္းမွ ဦးစိုးမိုးေထြးတို႔ဦးေဆာင္သည့္အဖြဲ႕မ်ားႏွင့္ ျမဝတီခရိုင္ရဲတပ္ဖြဲ႕မွဴးဒုရဲမွဴးႀကီးေအာင္ႏိုင္ထြန္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ေက်ာ္သူရည္တို႔ ဦးစီးသည့္ရဲတပ္ဖြဲ႕ဝင္မ်ားက ပူးေပါင္းကာ ဝိုင္းဝန္းမီးၿငိမ္းသတ္ျခင္း၊ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားႏွင့္ ယာဥ္ေၾကာ ရွင္းလင္းေရးလုပ္ငန္းမ်ားကို ဝိုင္းဝန္းလုပ္ေဆာင္ေပးခဲ႔ေၾကာင္းသိရသည္။
အဆိုပါအဖြဲ႕မ်ားျဖင့္ မီးေလာင္သည့္ယာဥ္ႏွစ္စီးအား ဝိုင္းဝန္းၿငိမ္းသတ္စစ္ေဆးရာမွ
ေကာ့ကရိတ္မွ ျမဝတီဘက္သို႔ ေမာင္းႏွင္လာသည့္ ၂၀ဘီးတြဲယာဥ္ေခါင္းခန္းအတြင္းမွ
ကိုယ္ေရးအခ်က္အလက္ စိစစ္ဆဲ မီးေလာင္ကြ်မ္းထားသည့္ အေလာင္းႏွစ္ေလာင္းႏွင့္ 3M/×××× VOLVOအမ်ိဳးအစား ၂၀ဘီးတြဲယာဥ္၏ေအာက္မွ မီးေလာင္ကြ်မ္းထားသည့္ ယာဥ္ေမာင္းျဖစ္သူ ေအာင္ျမင့္ျမတ္၏ အေလာင္းတို႔ စစ္ေဆးေတြ႔ရွိ၍ လူမွဳကူညီေရးအဖြဲ႕က ျမဝတီေဆးရံုႀကီးသို႔ ပို႔ေဆာင္ခဲ႔သည္။
ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး နယ္ေျမခံသယၤန္းညီေနာင္ ရဲစခန္းက ယာဥ္(ပ) ၂၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၂၈၅ျဖင့္ အမွဳေရးဖြင့္၍ အေသးစိတ္စစ္ေဆးလွ်က္ရွိေၾကာင္း သတင္းရရွိသည္။
မင္းသူ(ဘားအံ)
ဘားအံသတင္း

No comments: