loading...
ေခြးဘီလူး (၇) ေကာင္ကို လက္သံေျပာင္ေျပာင္နဲ႔ ပြဲၾကမ္းခဲ့တဲ့ ေၾကာင္သတၱိခဲ
Pit bulls တွေဟာ အလွန် ကြောက်ဖို့ကောင်းတဲ့ ခွေးအမျိုးအစား ဖြစ်ပြီး ကြမ်းတမ်းတဲ့ အကောင်တွေဆိုတာ သိကြမယ်ထင်ပါတယ်။ ဒီလို ခွေးဘီလူး (၇) ကောင်ကို ပြန်ကြမ်းနိုင်တဲ့ ကြောင်ရှိတယ်ဆို ယုံပါ့မလား။Canda နိုင်ငံ British Columbia မှာ Javiera Rodriguez နဲ့ Kyla Grover တို့ဟာ ခွေးဘီလူး (၇) ကောင်နဲ့ မနက်ခင်းတစ်ခုမှာ လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ Javiera နဲ့ Kyla တို့ဟာ Victoria BC ဆိုတဲ့ အဖွဲ့တစ်ခုကို တည်ထောင်ထားပြီး ခွေးဘီလူးမျိုးစပ်က ထင်သလို မရက်စက် မကြမ်းတမ်းဘူးဆိုတာကို ပြသချင်တဲ့ လူတွေဖြစ်ပါတယ်။ဒီလိုနဲ့ လျှောက်လာကြရင်း အမျိုးသမီးတစ်ယောက် ပေါင်းသင်နေတဲ့ ခြံတစ်ခုအရှေ့ကို အဖြတ်မှာ ရုတ်တရက်ဆိုသလို ကြောင်တစ်ကောင်က ဆွဲဆွဲငင်ငင် အသံပြုပြီး အားကြီးနဲ့ ပြေးဝင်လာခဲ့ပါတယ်။ကြောင်လေးရဲ့ နာမည်က Baby လို့ခေါ်ပြီး အသက် (၁၆) နှစ်တောင်ရှိပြီလို့ သိရတယ်။ ၄င်း စူးစူးဝါးဝါးအော်ဟစ်ပြီး အုပ်ထဲက ခွေးတစ်ကောက်မျက်နှာကို မဆိုင်မတွ ကုတ်ခြစ် ပစ်ခဲ့ပါတယ်။ Javiera၊ Kyla နဲ့ ကျန်တဲ့ ခွေးတွေအားလုံး ကြက်သေသေနေခဲ့ကြတယ်။ကံဆိုးစွာ အတိုက်အခိုက်ခံရတဲ့ Bandida ဆိုတဲ့ ကောင်မှာဆိုလည်း ရှောခ့်ဖြစ်သွားပေါ့။ အားလုံးက ကြောင်တော့ တစ်စစီ ဆုတ်ပြတ်သွားပြီးလို့ တွေးနေကြပေမယ့် မဖြစ်ခဲ့ပါဘူး။ ခွေးဘီလူးတွေဆိုတာ တစ်ကောင်မှ မလှုပ်၊ မာန်တောင် မဖြီးရဲဘူးလို့ သိရတယ်။ အခြေအနေတွေလည်း သိပ်ကို ရှုပ်ထွေးသွားတာပေါ့။Javiera နဲ့ Kyla နဲ့ ကြောင်ကို ခေါ်သွားဖို့ အော်ဟစ်ရှာဖွေခဲ့ကြပါတယ်၊ ဒီ့အပြင် Kyla မှာ ကြောင်ကို မောင်းထုတ်ဖို့ ကြိုးစားရမှာ ကုတ်ခံ ကိုက်ခံရပါသေးတယ်။ Kyla မှာ သူမရဲ့ ခွေး Bandida အတွက် အလွန်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အကြောင်းက သူမဟာ သခင်နား အလွန်ကပ်ပြီး သိပ်မဆော့တဲ့ အကောင်ဖြစ်တယ်။ ဒါပေမယ့် ဒီ ခွေးတွေ ဘယ်တော့မှ ပြန် မတိုက်ခိုက်ဘူးဆိုတာကို ထပ်လောင်းပြောဆိုခဲ့တယ်။ပြန်တိုက်ခိုက်နိုင်တဲ့တိုင် ပြန်မလုပ်ခဲ့ကြပါဘူး။ ခွေးဘီလူးတွေရဲ့ ဒေါသတွေဟာ ပျိုးထောင်တဲ့ ပိုင်ရှင်ပေါ်သာ မူတည်ကြောင်း Kyla က ပြောပါတယ်။ ကြမ်းတမ်းတဲ့ ပိုင်ရှင်မှာ ကြမ်းတမ်းရန်လိုတဲ့ ခွေးရှိမှာ သဘာဝပါပဲ။
Source: Elite Reader
Matthew (ShweMOM)
Pit bulls ေတြဟာ အလြန္ ေၾကာက္ဖို႔ေကာင္းတဲ့ ေခြးအမ်ိဳးအစား ျဖစ္ျပီး ၾကမ္းတမ္းတဲ့ အေကာင္ေတြဆိုတာ သိၾကမယ္ထင္ပါတယ္။ ဒီလို ေခြးဘီလူး (၇) ေကာင္ကို ျပန္ၾကမ္းႏိုင္တဲ့ ေၾကာင္ရွိတယ္ဆို ယံုပါ့မလား။Canda ႏိုင္ငံ British Columbia မွာ Javiera Rodriguez နဲ႔ Kyla Grover တို႔ဟာ ေခြးဘီလူး (၇) ေကာင္နဲ႔ မနက္ခင္းတစ္ခုမွာ လမ္းေလွ်ာက္ထြက္ခဲ့ၾကပါတယ္။ Javiera နဲ႔ Kyla တို႔ဟာ Victoria BC ဆိုတဲ့ အဖြဲ႔တစ္ခုကို တည္ေထာင္ထားျပီး ေခြးဘီလူးမ်ိဳးစပ္က ထင္သလို မရက္စက္ မၾကမ္းတမ္းဘူးဆိုတာကို ျပသခ်င္တဲ့ လူေတြျဖစ္ပါတယ္။ဒီလိုနဲ႔ ေလွ်ာက္လာၾကရင္း အမ်ိဳးသမီးတစ္ေယာက္ ေပါင္းသင္ေနတဲ့ ျခံတစ္ခုအေရွ႕ကို အျဖတ္မွာ ရုတ္တရက္ဆိုသလို ေၾကာင္တစ္ေကာင္က ဆြဲဆြဲငင္ငင္ အသံျပဳျပီး အားၾကီးနဲ႔ ေျပး၀င္လာခဲ့ပါတယ္။ေၾကာင္ေလးရဲ႕ နာမည္က Baby လို႔ေခၚျပီး အသက္ (၁၆) ႏွစ္ေတာင္ရွိျပီလို႔ သိရတယ္။ ၄င္း စူးစူး၀ါး၀ါးေအာ္ဟစ္ျပီး အုပ္ထဲက ေခြးတစ္ေကာက္မ်က္ႏွာကို မဆိုင္မတြ ကုတ္ျခစ္ ပစ္ခဲ့ပါတယ္။ Javiera၊ Kyla နဲ႔ က်န္တဲ့ ေခြးေတြအားလံုး ၾကက္ေသေသေနခဲ့ၾကတယ္။ကံဆိုးစြာ အတိုက္အခိုက္ခံရတဲ့ Bandida ဆိုတဲ့ ေကာင္မွာဆိုလည္း ေရွာခ့္ျဖစ္သြားေပါ့။ အားလံုးက ေၾကာင္ေတာ့ တစ္စစီ ဆုတ္ျပတ္သြားျပီးလို႔ ေတြးေနၾကေပမယ့္ မျဖစ္ခဲ့ပါဘူး။ ေခြးဘီလူးေတြဆိုတာ တစ္ေကာင္မွ မလႈပ္၊ မာန္ေတာင္ မျဖီးရဲဘူးလို႔ သိရတယ္။ အေျခအေနေတြလည္း သိပ္ကို ရႈပ္ေထြးသြားတာေပါ့။Javiera နဲ႔ Kyla နဲ႔ ေၾကာင္ကို ေခၚသြားဖို႔ ေအာ္ဟစ္ရွာေဖြခဲ့ၾကပါတယ္၊ ဒီ့အျပင္ Kyla မွာ ေၾကာင္ကို ေမာင္းထုတ္ဖို႔ ၾကိဳးစားရမွာ ကုတ္ခံ ကိုက္ခံရပါေသးတယ္။ Kyla မွာ သူမရဲ႕ ေခြး Bandida အတြက္ အလြန္စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ အေၾကာင္းက သူမဟာ သခင္နား အလြန္ကပ္ျပီး သိပ္မေဆာ့တဲ့ အေကာင္ျဖစ္တယ္။ ဒါေပမယ့္ ဒီ ေခြးေတြ ဘယ္ေတာ့မွ ျပန္ မတိုက္ခိုက္ဘူးဆိုတာကို ထပ္ေလာင္းေျပာဆိုခဲ့တယ္။ျပန္တိုက္ခိုက္ႏိုင္တဲ့တိုင္ ျပန္မလုပ္ခဲ့ၾကပါဘူး။ ေခြးဘီလူးေတြရဲ႕ ေဒါသေတြဟာ ပ်ိဳးေထာင္တဲ့ ပိုင္ရွင္ေပၚသာ မူတည္ေၾကာင္း Kyla က ေျပာပါတယ္။ ၾကမ္းတမ္းတဲ့ ပိုင္ရွင္မွာ ၾကမ္းတမ္းရန္လိုတဲ့ ေခြးရွိမွာ သဘာ၀ပါပဲ။
Source: Elite Reader
Matthew (ShweMOM)


No comments: