Header Ads

loading...

ေနာက္ထပ္ခါးပတ္တစ္ခုကို ဂ်ပန္မွာ ကာကြယ္မယ့္ ေအာင္လ

 အောက်တိုဘာ ၂၆ ရက်နေ့မှာ မစ်ဒယ်ဝိတ် ရွှေခါးပတ်ကို ကာကွယ်ထိုးသတ်ပါမယ်။
မစ်ဒယ်ဝိတ် ခါးပတ်ကို ကာကွယ်ဖို့ မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပြီး နောက်နှစ်ထဲမှာတော့ လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်ကို ဂျပန်နိုင်ငံမှာ ကာကွယ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
MMA မစ်ဒယ်ဝိတ် ရွှေခါးပတ်ချန်ပီယံဘွဲ့ကို အောင်လအန်ဆန်က မြန်မာနိုင်ငံမှာ လက်ဘနွန်နိုင်ငံသား ကရာကီနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
  "မြန်မာပြည်ကို ကိုယ်စားပြုယှဉ်ပြိုင်ရတာ ဂုဏ်အယူရဆုံးပါပဲ"(အောင်လအန်ဆန်)
လက်ဘနွန်နိုင်ငံသား ကရာကီက စိန်ခေါ်ထားတာ ဖြစ်ပြီး ဒီပွဲကတော့ အောင်လအန်ဆန်အတွက် ဒုတိယမြောက် ခါးပတ်ကာကွယ်ပွဲလည်း ဖြစ် လာမှာ ဖြစ်ပါတယ်။
ပထမအကြိမ် ခါးပတ်ကာကွယ်ပွဲကိုလည်း မြန်မာနိုင်ငံမှာပဲ ထိုးသတ်ခဲ့ပြီးဂျပန်က ကမ်ဟာဆီဂါ၀ါကို အလဲထိုးအနိုင်ယူကာ ကာကွယ်ထားနိုင်ခဲ့ ပါတယ်။
ဒါ့အပြင် အောင်လအန်ဆန်မှာ ဘရာဇီးက မချာဒိုကို အနိုင်ယူပြီး ရရှိထားတဲ့ လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်ဆုကိုတော့ မြန်မာနိုင်ငံမှာ ကာကွယ် သွားတော့မှာ မဟုတ်ဘူးလို့ အောင်လအန်ဆန်က ဆိုပါတယ်။
"ဒီပွဲပြီးရင်တော့ ဂျပန်မှာ ဆက်ကစားရမှာပါ။အဲ့ဒီပွဲအတွက် တာဝန်ရှိသူတွေနဲ့ စကားပြောနေတယ်။အခုအရေးကြီးဆုံးကတော့ အခုလာမယ့် ပွဲ အတွက် အာရုံစိုက်နေတယ်။" လို့ အောင်လက ပြောပါတယ်။
အောင်လအန်ဆန်အနေနဲ့ ဂျပန်မှာ ထိုးသတ်မယ့်ပွဲမှာ လိုက်ဟဲဗီးဝိတ်ရွှေခါးပတ် ချန်ပီယံဆုကို ကာကွယ်ပွဲ ဖြစ်လာဖို့ ရှိနေပြီး ပြိုင်ဖက်ကိုတော့ မသိရသေးပါဘူး။
" လိုက်ဟဲဗီးဝိတ်အတွက် နောက်နှစ် မတ်လမှာ ကာကွယ်မှာပါ။ တစ်ခုရှိတာကလေ ကျွန်တော့် ကိုယ်ခန္ဓာအတွက် မစ်ဒယ်ဝိတ်က ပိုကောင်းပါ တယ်။"လို့ အောင်လက ဆက်လက်ပြောခဲ့ပါသေးတယ်။
အောင်လအန်ဆန်ထိုးသတ်မယ့်ပွဲအတွက် အောက်တိုဘာ ၂၄ ရက်နေ့မှာ Open Workout & Face- Off ကို ရန်ကုန်မြို့ Junction City မှာ ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲကိုတော့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်


Credit:www.duwun.com
 ေအာက္တိုဘာ ၂၆ ရက္ေန႔မွာ မစ္ဒယ္၀ိတ္ ေရႊခါးပတ္ကို ကာကြယ္ထိုးသတ္ပါမယ္။
မစ္ဒယ္၀ိတ္ ခါးပတ္ကို ကာကြယ္ဖို႔ ျမန္မာႏိုင္ငံကို ေရာက္လာတာ ျဖစ္ၿပီး ေနာက္ႏွစ္ထဲမွာေတာ့ လိုက္ဟဲဗီး၀ိတ္ေရႊခါးပတ္ကို ဂ်ပန္ႏိုင္ငံမွာ ကာကြယ္သြားဖို႔ရွိတယ္လို႔ သိရပါတယ္။
MMA မစ္ဒယ္၀ိတ္ ေရႊခါးပတ္ခ်န္ပီယံဘြဲ႕ကို ေအာင္လအန္ဆန္က ျမန္မာႏိုင္ငံမွာ လက္ဘႏြန္ႏိုင္ငံသား ကရာကီနဲ႔ ယွဥ္ၿပိဳင္ထုိးသတ္သြားမွာ ျဖစ္ပါတယ္။
  "ျမန္မာျပည္ကို ကိုယ္စားျပဳယွဥ္ၿပိဳင္ရတာ ဂုဏ္အယူရဆုံးပါပဲ"(ေအာင္လအန္ဆန္)
လက္ဘႏြန္ႏိုင္ငံသား ကရာကီက စိန္ေခၚထားတာ ျဖစ္ၿပီး ဒီပြဲကေတာ့ ေအာင္လအန္ဆန္အတြက္ ဒုတိယေျမာက္ ခါးပတ္ကာကြယ္ပြဲလည္း ျဖစ္ လာမွာ ျဖစ္ပါတယ္။
ပထမအႀကိမ္ ခါးပတ္ကာကြယ္ပြဲကိုလည္း ျမန္မာႏိုင္ငံမွာပဲ ထုိးသတ္ခဲ့ၿပီးဂ်ပန္က ကမ္ဟာဆီဂါ၀ါကို အလဲထိုးအႏိုင္ယူကာ ကာကြယ္ထားႏိုင္ခဲ့ ပါတယ္။
ဒါ့အျပင္ ေအာင္လအန္ဆန္မွာ ဘရာဇီးက မခ်ာဒိုကို အႏိုင္ယူၿပီး ရရွိထားတဲ့ လိုက္ဟဲဗီး၀ိတ္ေရႊခါးပတ္ဆုကိုေတာ့ ျမန္မာႏိုင္ငံမွာ ကာကြယ္ သြားေတာ့မွာ မဟုတ္ဘူးလို႔ ေအာင္လအန္ဆန္က ဆိုပါတယ္။
"ဒီပြဲၿပီးရင္ေတာ့ ဂ်ပန္မွာ ဆက္ကစားရမွာပါ။အဲ့ဒီပြဲအတြက္ တာ၀န္ရွိသူေတြနဲ႔ စကားေျပာေနတယ္။အခုအေရးႀကီးဆုံးကေတာ့ အခုလာမယ့္ ပြဲ အတြက္ အာရုံစိုက္ေနတယ္။" လို႔ ေအာင္လက ေျပာပါတယ္။
ေအာင္လအန္ဆန္အေနနဲ႔ ဂ်ပန္မွာ ထိုးသတ္မယ့္ပြဲမွာ လိုက္ဟဲဗီး၀ိတ္ေရႊခါးပတ္ ခ်န္ပီယံဆုကို ကာကြယ္ပြဲ ျဖစ္လာဖို႔ ရွိေနၿပီး ၿပိဳင္ဖက္ကိုေတာ့ မသိရေသးပါဘူး။
" လိုက္ဟဲဗီး၀ိတ္အတြက္ ေနာက္ႏွစ္ မတ္လမွာ ကာကြယ္မွာပါ။ တစ္ခုရွိတာကေလ ကၽြန္ေတာ့္ ကိုယ္ခႏၶာအတြက္ မစ္ဒယ္၀ိတ္က ပိုေကာင္းပါ တယ္။"လို႔ ေအာင္လက ဆက္လက္ေျပာခဲ့ပါေသးတယ္။
ေအာင္လအန္ဆန္ထိုးသတ္မယ့္ပြဲအတြက္ ေအာက္တိုဘာ ၂၄ ရက္ေန႔မွာ Open Workout & Face- Off ကို ရန္ကုန္ၿမိဳ႕ Junction City မွာ က်င္းပသြားမွာ ျဖစ္ၿပီး ၿပိဳင္ပြဲကိုေတာ့ ေအာက္တိုဘာ ၂၆ ရက္ေန႔မွာ က်င္းပသြားမွာ ျဖစ္ပါတယ္


Credit:www.duwun.com

No comments:

Powered by Blogger.