Header Ads

loading...

ကခ်င္ဒုကၡသည္မ်ား ႏိုင္ငံတကာအကူအညီရဖို႔ ကုလ ကိုယ္စားလွယ္တုိက္တြန္း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဟာ ဒီကနေ့ နေ့ခင်းပိုင်းက ကချင်ပြည်နယ် ဝိုင်းမော်မြို့ မိုင်းနား IDP စစ်ရှောင်စခန်းကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေကလည်း သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲကို တင်ပြခဲ့ကြပါတယ်။ ကချင် စစ်ရှောင်ဒုက္ခသည်တွေအတွက် နိုင်ငံတကာကပေးမယ့် အကူအညီတွေ တားမြစ်ခံနေရတဲ့ကိစ္စ ပြေလည်အောင် ဆောင်ရွက်ပေးဖို့ Ms. Burgener ကို တိုက်တွန်းကြပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ရဲ့ အခုတခေါက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ပဋိပက္ခဖြစ်ထားတဲ့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့သလို၊ မနေ့တုန်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ပြီး ပြည်နယ်အစိုးရတာဝန်ရှိသူတွေ နဲ့ရော အရပ်ဖက်လူမှုအဖွဲ့အစည်းတချို့နဲ့ပါတွေ့ဆုံခဲ့တာပါ။

Ms. Burgener ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက မိုင်းနားစစ်ဘေးရှောင် IDP စခန်းကို သွားရောက်ပါတယ်။ စစ်ရှောင် ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို သူတို့အနေနဲ့ တင်ပြခဲ့တယ်လို့ မိုင်းနား IDP စခန်းတာဝန်ခံ ဦးဇော်လုံးက ပြောပါတယ်။

"ကျနော်တို့ အမြန်နေရပ်ပြန်နိုင်ရေးပေါ့၊ အနာဂတ်ကြယ်ပွင့်တွေ ကလေးတွေအတွက် ပညာရေးမှာ ကူညီပေးဖို့ပေါ့နော် ဆက်ပြီးမှ အစိုးရရော NGO တွေရော UN က ကူညီပေးဖို့ပေါ့နော် ။ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ့နော် နောက်ပြီးအရေးကြီးတာက ငြိမ်းချမ်းရေးရဖို့၊ ကိုယ့်ရွာကို ပြန်နေဖို့ ၀ိုင်းဝန်းပြီးမှ ကူညီဆောင်ရွက်ပေးဖို့ပေါ့နော်။”

ဒုက္ခသည်စခန်းတွေထဲမှာ အများစုက ကလေးငယ်တွေဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ကလေးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်ရကြောင်း Ms. Burgener နဲ့ ဗုဒ္ဓဟူးညနေပိုင်းမှာ တွေ့ဆုံခဲ့တဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာဆိုင်ရာ အကူအညီပေးရေး ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST) ရဲ့အတွင်းရေးမှူး ကိုဂွန်ရှာအောင်က ပြောပါတယ်။

"အဓိက ကျနော်တို့ဘက်က တင်ပြတာလည်း ပဋိပက္ခဖြစ်ပြီး ပုန်းခိုပြီးနေရတာ ရ နှစ်ကျော်ထဲရောက်လာပြီ ။ စခန်းမှာနေရတဲ့ ဒုက္ခက တော်တော်လေးရောက်နေတယ် အဲဒီမှာ အကူအညီပေးတဲ့ကိစ္စတွေလည်းရောက်လာတဲ့အတွက်ကြောင့် သူတို့အတွက်ခက်ခဲတယ်ဆိုတဲ့ အကြောင်းရယ် နောက်ပြီးကလေးတွေရဲ့ ပညာရေးကလည်း တော်တော်လေး ဆိုးဝါးလာတယ်။ ကျောင်းထွက်ရတဲ့ကလေးတွေလည်း များလာတာပေါ့နော်။ တဖက်မှာလည်း သူတို့ စွန့်ခွာခဲ့ရတဲ့ နေအိမ်မြေယာပိုင်ဆိုင်မှုတွေကလည်း အင်မတန်မှ ရှုပ်ထွေးလာတယ်။ အထူးသဖြင့် ကချင်ပြည်မှာဆိုရင်တော့ ဒီဌက်ပျောခင်းတွေ တိုးပြီးမှ ဖြစ်လာတဲ့ကိစ္စရယ်၊ IDP အတွက်ပိုပြီးမှ ရင်လေးစရာဖြစ်လာတဲ့ ကိစ္စအကြောင်းတွေ ကျနော်တို့ ပြောဖြစ်တယ်။”

ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ ကချင် KIAတပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အခုချိန်ထိ စစ်ဘေးရှောင်ပြည်သူ တသိန်းကျော် ရှိနေတာပါ။ အဲဒီ ဒုက္ခသည်တွေကို ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP အဖွဲ့အပါအဝင် အခြားနိုင်ငံတကာ အဖွဲ့တွေက သွားရောက် အကူညီပေးချင်ပေမယ့် အစိုးရစစ်တပ်ရဲ့တားမြစ်မှုကြောင့် ဒုက္ခသည်တွေအတွက် အကူညီတွေ လျော့ကျလာနေတာကိုလည်း ကူညီဖြေရှင်းပေးဖို့ Ms. Burgener ကိုတိုက်တွန်းထားကြောင်း ကိုဂွန်ရှာအောင်က ပြောပါတယ်။

"နိုင်ငံတကာရဲ့ အကူအညီပေးမှုက တဖြေးဖြေးလျော့ကျလာတဲ့အနေအထားမှာ ဖြစ်တော့ KIA ထိန်းချုပ်နေရာမှာဆိုရင် နိုင်ငံတကာရဲ့ အကူအညီပေးတဲ့အဖွဲ့ မရောက်နိုင်တာ တော်တော်ကြာပြီ။ ဒီမြစ်ကြီးနားကနေ တခြားနေရာကိုသွားမယ်ဆိုရင် ခွင့်ပြုချက်တွေယူရတာရှိတယ်။ အရင်တုန်းကဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာအနေနဲ့ နေရာတော်တော်များများမှာ သွားရောက်ပြီးတော့ ရိက္ခာပေးဝေနိုင်တဲ့အနေအထားတွေရှိတယ် အဲဒါက အခု ၂ နှစ်ကျော်အနေအထားရှိနေပြီ။ သူတို့သွားခွင့်မရတာပေါ့နော် လက်ရှိအနေအထားမှာ နေရာတော်တော်များများမှာက ကျနော်တို့ ဒေသခံတွေ ပူးပေါင်းလုပ်ငန်းစဉ်တွေ အဖွဲ့ကပဲ ကူညီပေးနေရတဲ့ အနေအထားဆိုတော့ ကြာလာတဲ့အခါကျတော့ လိုအပ်ချက်တွေကို ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ဖို့က မလွယ်ဘူး စိန်ခေါ်မှုတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်း ကျနေ်ာတို့ အဲဒါတွေကို ပြောဖြစ်တာဖြစ်ပါတယ်။”

၂၀၁၁ ခုနှစ်မှာ တကြော့ပြန် ဖြစ်လာတဲ့ ကချင်စစ်ပွဲကြောင့် ခုချိန်ထိ စစ်ရှောင်စခန်း (၉)ခုမှာ ဒုက္ခသည်ပေါင်း တသိန်းကျော်ရှိနေတယ်လို့ JST ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ စာရင်းမှာဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံခရီးစဉ် စတင်ခဲ့တဲ့ Ms. Christine Schraner Burgener ဟာ ကချင်ပြည်နယ်ခရီးစဉ်အပြီး ရှမ်းပြည်နယ်ကို သွားရောက်လေ့လာဦးမှာ ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်/ ဗွီအိုအေ (မြန်မာပိုင်း)
ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Ms. Christine Schraner Burgener ဟာ ဒီကေန႔ ေန႔ခင္းပုိင္းက ကခ်င္ျပည္နယ္ ဝုိင္းေမာ္ၿမဳိ႕ မိုင္းနား IDP စစ္ေ႐ွာင္စခန္းကို သြားေရာက္ခဲ့ၿပီး ဒုကၡသည္ေတြကလည္း သူတို႔ရင္ဆိုင္ေနရတဲ့ အခက္အခဲကို တင္ျပခဲ့ၾကပါတယ္။ ကခ်င္ စစ္ေ႐ွာင္ဒုကၡသည္ေတြအတြက္ ႏိုင္ငံတကာကေပးမယ့္ အကူအညီေတြ တားျမစ္ခံေနရတဲ့ကိစၥ ေျပလည္ေအာင္ ေဆာင္ရြက္ေပးဖုိ႔ Ms. Burgener ကို တိုက္တြန္းၾကပါတယ္။ အေၾကာင္းစုံကိုေတာ့ ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

ကုလသမဂၢ အထူးကိုယ္စားလွယ္ Ms. Christine Schraner Burgener ရဲ႕ အခုတေခါက္ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း ပဋိပကၡျဖစ္ထားတဲ့ ရခိုင္ျပည္နယ္ကို သြားေရာက္ေလ့လာခဲ့သလို၊ မေန႔တုန္းက ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမဳိ႕ကိုေရာက္ၿပီး ျပည္နယ္အစိုးရတာဝန္ရွိသူေတြ နဲ႔ေရာ အရပ္ဖက္လူမႈအဖြဲ႔အစည္းတခ်ဳိ႕နဲ႔ပါေတြ႔ဆုံခဲ့တာပါ။

Ms. Burgener ဟာ ဒီကေန႔ မြန္းလြဲပိုင္းမွာ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမဳိ႕နယ္ထဲက မိုင္းနားစစ္ေဘးေ႐ွာင္ IDP စခန္းကို သြားေရာက္ပါတယ္။ စစ္ေ႐ွာင္ ဒုကၡသည္ေတြ ရင္ဆုိင္ေနရတဲ့ အခက္အခဲကုိ သူတို႔အေနနဲ႔ တင္ျပခဲ့တယ္လို႔ မိုင္းနား IDP စခန္းတာဝန္ခံ ဦးေဇာ္လုံးက ေျပာပါတယ္။

"က်ေနာ္တို႔ အျမန္ေနရပ္ျပန္ႏိုင္ေရးေပါ့၊ အနာဂတ္ၾကယ္ပြင့္ေတြ ကေလးေတြအတြက္ ပညာေရးမွာ ကူညီေပးဖို႔ေပါ့ေနာ္ ဆက္ၿပီးမွ အစိုးရေရာ NGO ေတြေရာ UN က ကူညီေပးဖို႔ေပါ့ေနာ္ ။ အလုပ္အကိုင္အခြင့္အလမ္းေတြေပါ့ေနာ္ ေနာက္ၿပီးအေရးႀကီးတာက ၿငိမ္းခ်မ္းေရးရဖို႔၊ ကိုယ့္ရြာကို ျပန္ေနဖို႕ ၀ိုင္း၀န္းၿပီးမွ ကူညီေဆာင္ရြက္ေပးဖို႔ေပါ့ေနာ္။”

ဒုကၡသည္စခန္းေတြထဲမွာ အမ်ားစုက ကေလးငယ္ေတြျဖစ္ၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် ကေလးေတြရဲ့ အနာဂတ္အတြက္ စုိးရိမ္ရေၾကာင္း Ms. Burgener နဲ႔ ဗုဒၶဟူးညေနပိုင္းမွာ ေတြ႔ဆုံခဲ့တဲ့ ဒုကၡသည္ေတြကို လူသားခ်င္းစာနာဆိုင္ရာ အကူအညီေပးေရး ပူးေပါင္းလုပ္ငန္းစဥ္အဖြဲ႔ (JST) ရဲ႕အတြင္းေရးမႉး ကိုဂြန္႐ွာေအာင္က ေျပာပါတယ္။

"အဓိက က်ေနာ္တို႔ဘက္က တင္ျပတာလည္း ပဋိပကၡျဖစ္ၿပီး ပုန္းခိုၿပီးေနရတာ ၇ ႏွစ္ေက်ာ္ထဲေရာက္လာၿပီ ။ စခန္းမွာေနရတဲ့ ဒုကၡက ေတာ္ေတာ္ေလးေရာက္ေနတယ္ အဲဒီမွာ အကူအညီေပးတဲ့ကိစၥေတြလည္းေရာက္လာတဲ့အတြက္ေၾကာင့္ သူတို႔အတြက္ခက္ခဲတယ္ဆိုတဲ့ အေၾကာင္းရယ္ ေနာက္ၿပီးကေလးေတြရဲ႕ ပညာေရးကလည္း ေတာ္ေတာ္ေလး ဆိုး၀ါးလာတယ္။ ေက်ာင္းထြက္ရတဲ့ကေလးေတြလည္း မ်ားလာတာေပါ့ေနာ္။ တဖက္မွာလည္း သူတို႔ စြန္႔ခြာခဲ့ရတဲ့ ေနအိမ္ေျမယာပိုင္ဆိုင္မႈေတြကလည္း အင္မတန္မွ ရႈပ္ေထြးလာတယ္။ အထူးသျဖင့္ ကခ်င္ျပည္မွာဆိုရင္ေတာ့ ဒီဌက္ေပ်ာခင္းေတြ တိုးၿပီးမွ ျဖစ္လာတဲ့ကိစၥရယ္၊ IDP အတြက္ပိုၿပီးမွ ရင္ေလးစရာျဖစ္လာတဲ့ ကိစၥအေၾကာင္းေတြ က်ေနာ္တို႔ ေျပာျဖစ္တယ္။”

ကခ်င္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ အစိုးရတပ္နဲ႔ ကခ်င္ KIAတပ္ေတြၾကား ျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ အခုခ်ိန္ထိ စစ္ေဘးေ႐ွာင္ျပည္သူ တသိန္းေက်ာ္ ႐ွိေနတာပါ။ အဲဒီ ဒုကၡသည္ေတြကို ကုလသမဂၢ စားနပ္ရိကၡာအစီအစဥ္ WFP အဖြဲ႔အပါအဝင္ အျခားႏိုင္ငံတကာ အဖြဲ႔ေတြက သြားေရာက္ အကူညီေပးခ်င္ေပမယ့္ အစိုးရစစ္တပ္ရဲ႕တားျမစ္မႈေၾကာင့္ ဒုကၡသည္ေတြအတြက္ အကူညီေတြ ေလ်ာ့က်လာေနတာကိုလည္း ကူညီေျဖ႐ွင္းေပးဖို႔ Ms. Burgener ကိုတိုက္တြန္းထားေၾကာင္း ကိုဂြန္႐ွာေအာင္က ေျပာပါတယ္။

"ႏိုင္ငံတကာရဲ႕ အကူအညီေပးမႈက တေျဖးေျဖးေလ်ာ့က်လာတဲ့အေနအထားမွာ ျဖစ္ေတာ့ KIA ထိန္းခ်ဳပ္ေနရာမွာဆိုရင္ ႏိုင္ငံတကာရဲ႕ အကူအညီေပးတဲ့အဖြဲ႔ မေရာက္ႏိုင္တာ ေတာ္ေတာ္ၾကာၿပီ။ ဒီျမစ္ႀကီးနားကေန တျခားေနရာကိုသြားမယ္ဆိုရင္ ခြင့္ျပဳခ်က္ေတြယူရတာရွိတယ္။ အရင္တုန္းကဆိုရင္ ကမာၻ႕စားနပ္ရိကၡာအေနနဲ႔ ေနရာေတာ္ေတာ္မ်ားမ်ားမွာ သြားေရာက္ၿပီးေတာ့ ရိကၡာေပးေ၀ႏိုင္တဲ့အေနအထားေတြရွိတယ္ အဲဒါက အခု ၂ နွစ္ေက်ာ္အေနအထားရွိေနၿပီ။ သူတို႔သြားခြင့္မရတာေပါ့ေနာ္ လက္ရွိအေနအထားမွာ ေနရာေတာ္ေတာ္မ်ားမ်ားမွာက က်ေနာ္တို႔ ေဒသခံေတြ ပူးေပါင္းလုပ္ငန္းစဥ္ေတြ အဖြဲ႔ကပဲ ကူညီေပးေနရတဲ့ အေနအထားဆိုေတာ့ ၾကာလာတဲ့အခါက်ေတာ့ လိုအပ္ခ်က္ေတြကို ျပည့္မီေအာင္ျဖည့္ဆည္းေပးႏိုင္ဖို႔က မလြယ္ဘူး စိန္ေခၚမႈေတြအမ်ားႀကီးရွိတယ္ဆိုတဲ့အေၾကာင္း က်ေန္ာတို႔ အဲဒါေတြကို ေျပာျဖစ္တာျဖစ္ပါတယ္။”

၂၀၁၁ ခုႏွစ္မွာ တေၾကာ့ျပန္ ျဖစ္လာတဲ့ ကခ်င္စစ္ပြဲေၾကာင့္ ခုခ်ိန္ထိ စစ္ေ႐ွာင္စခန္း (၉)ခုမွာ ဒုကၡသည္ေပါင္း တသိန္းေက်ာ္႐ွိေနတယ္လို႔ JST ကယ္ဆယ္ေရးအဖြဲ႔က ထုတ္ျပန္တဲ့ စာရင္းမွာေဖၚျပပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္က ျမန္မာႏိုင္ငံခရီးစဥ္ စတင္ခဲ့တဲ့ Ms. Christine Schraner Burgener ဟာ ကခ်င္ျပည္နယ္ခရီးစဥ္အၿပီး ႐ွမ္းျပည္နယ္ကို သြားေရာက္ေလ့လာဦးမွာ ျဖစ္ပါတယ္။

ကိုဉာဏ္ဝင္းေအာင္/ ဗြီအိုေအ (ျမန္မာပုိင္း)

No comments:

Powered by Blogger.