loading...
ပုသိမ်မြို့နယ်၌ အမျိုးသား(၃)ဦးထံမှ တူမီးသေနတ်(၁)လက်၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန် ပုသိမ်မြို့နယ်၊ ချောင်းသာ-ငွေဆောင်ကားလမ်း မိုင်တိုင်(၂/၃)၌ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မသင်္ကာသူ (၂) ဦးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ ပုသိမ်မြို့နယ်၊ ခြေထောက်ကွင်းကျေးရွာနေ စောထူးညော (၃၀) နှစ်၏ ဘေးလွယ်အိတ် အတွင်းမှ အရိုးအသွား ၁ ပေခန့်ရှိ ဓားမြှောင် (၁)ချောင်း၊ အရိုးအသွား ၈ လက်မခန့်ရှိ ခေါက်ဓား (၁)ချောင်း၊ အဆိပ်ပုလင်း (၃) ပုလင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး သဖန်းချောင်းကျေးရွာနေ မောင်အေး (၂၅) နှစ် (စိစစ်ဆဲ)မှာ ထွက်ပြေးသွားခဲ့သည်။
ညနေ ၃ နာရီအချိန်တွင် သလပ်ခွာကြိုးဝိုင်း အကွက်အမှတ် (၅)၌ တဲ(၁)လုံးအား ဝင်ရောက် ရှာဖွေရာ မင်းတုန်းမြို့နယ်၊ ဝက်ကော်ကျေးရွာနေ နိုင်ထက်ကျော် (၁၈)နှစ်ပါ ကျား (၂)ဦးနှင့်အတူ တူမီးသေနတ် (၁)လက်၊ သံဘောစေ့ (၉)လုံး၊ ယမ်းမှုန့် (၁)ပုလင်း၊ မီးကူးယမ်း (၄)ဗူး၊ ယမ်းမှုန့် (၂) ထုပ်၊ ယမ်းလှော်စတီးဇလုံ (၂)လုံး၊ မြား (၂)ချောင်း၊ ငွေ (၉၈၀၅၀) ကျပ်၊ ဓာတ်ခဲ (၅)လုံး၊ ဓားသွေး ကျောက် (၁)ခု၊ တိတ်ဝါ (၁)ခွေ၊ အပ်ချည်လုံး (၁)လုံး၊ ချိန်ခွင် (၁)ခု၊ ဆောက်ခုံး (၁)လက်၊ သံဖြတ်လွှ (၂)ချောင်းနှင့် သုံးမူးလွန် (၁)ချောင်း တို့အား တွေ့ရှိသိမ်းဆည်းခဲ့ရမိခဲ့သဖြင့် စောထူးညောပါ (၃) ဦး တို့အား သလပ်ခွာနယ်မြေရဲစခန်းမှ အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
MOI Webportal Myanmar
(ရဲပြန်ကြား)

No comments: