loading...
နမ့်ဆန်မြို့နယ်အတွင်း နှစ်ရက်ဆက်တိုက် မိုင်းပေါက်ကွဲ ရွာသားနှစ်ဦးဒဏ်ရာရ
နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်ဆက်တိုက် မိုင်းပေါက်ကွဲ၍ အောက်မန်ကန်ရွာသား ဦးအိုက်နူးနှင့် ဟိုချောင်းရွာသား မောင်ဝင်းထွေးတို့နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာအုပ်စု အောက်မန်ကန်ကျေးရွာသား ဦးအိုက်နူးသည် ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၈ နာရီခွဲ ဝန်းကျင်ခန့်တွင် မိုင်းနင်းမိ၍ ညာခြေဖနောက်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ဦးအိုက်နူးသည် လက်ဖက်ခူးရန်သွားရာမှ နမ့်ဆန်-မန္တလေးလမ်းမကြီး ၁၂ မိုင်ခွဲ လုံတောက်လမ်းခွဲတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
ဦးအိုက်နူး၏တူမဖြစ်သူ မသီတာက “အဒေါ်နဲ့ ဦးလေးက လက်ဖက်ခူးသွားတယ်။ မနက် ၉ နာရီလောက် ဦးလေးက မိုင်းနင်းမိတယ်လို့ သတင်းရတယ်။ ညာခြေဖနောက် ထိသွားတယ်” ဟု ပြောသည်။
အလားတူ အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီခန့်၌ နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာ ပျားအုံရပ်ကွက်နေထိုင်သည့် မောင်ဝင်းထွေးသည် ဆိုင်ကယ်ဖြင့် မြို့ကို စျေးဝယ်ရန်သွားရာမှ ကြိုးမိုင်းဝင်တိုက်မိ၍ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။
၎င်းတို့ နှစ်ဦးကို လူမှုကူညီရေးအသင်းက ဆေးကုသရန် နမ့်ဆန်ဆေးရုံကြီးသို့ ပို့ဆောင်ထားခဲ့ပြီဖြစ်သည်။
အဆိုပါဒေသတွင် တပ်မတော်နှင့် TNLA တို့ လှုပ်ရှားရာနယ်မြေဖြစ်ပြီး လက်နက်ကိုင်များ သွားလာလှုပ်ရှားသည်ကို မမြင်တွေ့ရသည်မှာ ကြာမြင့်ပြီဖြစ်ပြီး မည်သည့်လက်နက်ကိုင်၏ မိုင်း ဖြစ်သည်ကိုမူ မသိရှိကြောင်း ဒေသခံများက ပြောသည်။
Marnagar News Journal
အလားတူ အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီခန့်၌ နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာ ပျားအုံရပ်ကွက်နေထိုင်သည့် မောင်ဝင်းထွေးသည် ဆိုင်ကယ်ဖြင့် မြို့ကို ဈေးဝယ်ရန်သွားရာမှ ကြိုးမိုင်းဝင်တိုက်မိ၍ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

No comments: