Header Ads

loading...

အိစိေကြးနဲ႔ဆက္ဆံေရးကုိ ပြင့္ပြင့္လင္းလင္းေျပာျပလာတဲ့ ဟန္နာယူရီ

ဟန်နာယူရီ က အိစိကွေးနဲ့ သူ့ရဲ့ ဆက်ဆံရေးကို မီဒီယာတွေကနေတဆင့် ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူတို့ နှစ် ယောက် ကလည်း အန်တီနဲ့ တူလေးအရွယ်လောက်အထိ အသက်ကွာတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် အိစိကွေး နဲ့ မိတ်ကပ်အလှဖန်တီးရှင်မလေး ဟန်နာယူရီတို့ တွဲနေတာလား ဆိုတဲ့ သတင်းတွေ အပေါ် ဟန်နာယူရီက မီဒီယာ တွေကနေ တဆင့်ပြောပြလာပါတယ်။ အိစိကွေးနဲ့လည်း MTV ရိုက်နေတဲ့ အချိန်မှာပဲ ရင်းနှီးမှုရှိခဲ့တယ် ဆိုတာကိုလည်း အခုလိုပြောပြလာပါ သေးတယ်။

''သူ့ MTV ရိုက်ဖို့ အကူအညီတောင်းတဲ့အတွက် ရိုက်ပေးဖြစ်လိုက်တယ်။ အနုပညာရှင်အချင်းချင်းမှာလည်း စည်းထားတယ်၊ ခံစားချက်မရှိပါ ဘူး။ ကိုယ်က အလုပ်လုပ်နေရတဲ့အတွက် အများကြီးနဲ့သရုပ်ဆောင်နေရတယ်။ အကုန်လုံးနဲ့ပေါင်းသင်းဆက်ဆံနေရတဲ့အတွက် Parsonal နဲ့ အလုပ်ကို သီးသန့်ထားပါတယ်။ အလုပ်လုပ်စရာရှိတာလုပ်တယ် ပြီးရင် ပြီးသွားတာပါပဲ'' လို့ သူကဆိုပါတယ်။ ဟန်နာယူရီ နဲ့ အိစိကွေး တို့က အသက်အများကြီးကွာတယ်လို့ ဆိုပါတယ်။ ဒီအတွက်ကြောင့်လည်း MTV ရိုက်ကူးရေးမှာ အတူတွဲ သရုပ် ဆောင်ဖို့ကို အခက်အခဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အိစိကွေးကိုယ်တိုင် ရေးထားတဲ့ ''အလွမ်းရဲ့ အရသာ'' ဆိုတဲ့ MTV ထဲမှာ ဟန်နာယူရီက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

'' MTV ရိုက်တဲ့ ၂ ရက်ပဲ သူ့ကို တွေ့ဖူးပါတယ်။ MTV ရိုက်ဖို့ လာကမ်းလှမ်းတုန်းကဆိုရင် ယိင်းထက် အသက်အရမ်းငယ်တယ်။ အသက်က လည်း အန်တီနဲ့ တူလေး လောက်အထိကို အရမ်းကွာတော့ အဆင်ပြေပါ့မလားပေါ့နော်။ Story လေးကို အရင်ကြည့်တယ် မောင်လေး က လည်း ကူညီပေးပါ ဆိုတာနဲ့ ကူညီပေးဖြစ်သွားတာပါ'' လို့ သူကဆိုပါတယ်။ အလွမ်းရဲ့ အရသာ ဆိုတဲ့ Music MTV လေးဟာ အိစိကွေးရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ ရေးဖွဲ့ထားတဲ့ သီချင်းဖြစ်တယ်လို့ ဟန်နာယူရီက ပြောပါ တယ်။ အိစိကွေးရဲ့ အရင်ကောင်မလေးပုံစံအတိုင်း ပါဝင်သရုပ်ဆောင်ရတယ်လို့လည်း ဆိုပါတယ်။

'' သူကတော့ သူ့ရဲ့ အရင်ရည်းစားပေါ့ နိုင်ငံခြားထွက်သွားတဲ့ ကောင်မလေးကို သတိရပြီးတော့ ရေးထားတဲ့ သီချင်းလေးပေါ့။ တော်တော်များ များက အဲ့ကောင်မလေး ပုံစံလိုမျိုးပေါ့နော်။ အဲ့ဒါရိုက်နေတဲ့အတွင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု သိပ်မဖြစ်ဘူး။ သူက အသက်အရမ်းငယ် တော့လေ'' ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ က IPhone Xs မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။ ဟန်နာယူရီ နဲ့ အိစိကွေး တို့ ရဲ့ သတင်းကိုတော့ အိစိကွေးရဲ့ ကိုယ်ပိုင်သီချင်းဖြစ်တဲ့ '' အလွမ်းရဲ့ အရသာ'' ဆိုတဲ့ MTV ရိုက်ကွင်းပေါ်က ဓာတ် ပုံတွေ တက်လာကတည်းကပရိသတ်တွေ စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ အောက်တိုဘာ(၁၆) ရက်နေ့က အိစိကွေး Crush နေတဲ့ ကောင်မလေးပုံကို တင်ပြီး ပရိသတ်တွေကို စနောက်လိုက်ပါသေးတယ်။ ကောင်မလေးရဲ့ ဓာတ်ပုံကို စတစ်ကာ အုပ်ထားခဲ့ပေမယ့်လည်း အဲ့ဒီ ကောင်မလေးဟာ ဟန်နာယူရီမှန်းအကုန်လုံး သိခဲ့ကြပါတယ်။
Credit Duwan
ဟန္နာယူရီ က အိစိေကြးနဲ႔ သူ႔ရဲ႕ ဆက္ဆံေရးကုိ မီဒီယာေတြကေနတဆင့္ ပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။ သူတုိ႔ ႏွစ္ ေယာက္ ကလည္း အန္တီနဲ႔ တူေလးအရြယ္ေလာက္အထိ အသက္ကြာတယ္လုိ႔ ဆုိပါတယ္။ သရုပ္ေဆာင္ အိစိေကြး နဲ႔ မိတ္ကပ္အလွဖန္တီးရွင္မေလး ဟန္နာယူရီတို႔ တြဲေနတာလား ဆုိတဲ့ သတင္းေတြ အေပၚ ဟန္နာယူရီက မီဒီယာ ေတြကေန တဆင့္ေျပာျပလာပါတယ္။ အိစိေကြးနဲ႔လည္း MTV ရုိက္ေနတဲ့ အခ်ိန္မွာပဲ ရင္းႏွီးမႈရွိခဲ့တယ္ ဆုိတာကုိလည္း အခုလုိေျပာျပလာပါ ေသးတယ္။

''သူ႔ MTV ရိုက္ဖုိ႔ အကူအညီေတာင္းတဲ့အတြက္ ရုိက္ေပးျဖစ္လုိက္တယ္။ အႏုပညာရွင္အခ်င္းခ်င္းမွာလည္း စည္းထားတယ္၊ ခံစားခ်က္မရွိပါ ဘူး။ ကုိယ္က အလုပ္လုပ္ေနရတဲ့အတြက္ အမ်ားႀကီးနဲ႔သရုပ္ေဆာင္ေနရတယ္။ အကုန္လုံးနဲ႔ေပါင္းသင္းဆက္ဆံေနရတဲ့အတြက္ Parsonal နဲ႔ အလုပ္ကုိ သီးသန္႔ထားပါတယ္။ အလုပ္လုပ္စရာရွိတာလုပ္တယ္ ၿပီးရင္ ၿပီးသြားတာပါပဲ'' လုိ႔ သူကဆုိပါတယ္။ ဟန္နာယူရီ နဲ႔ အိစိေကြး တုိ႔က အသက္အမ်ားႀကီးကြာတယ္လုိ႔ ဆုိပါတယ္။ ဒီအတြက္ေၾကာင့္လည္း MTV ရုိက္ကူးေရးမွာ အတူတြဲ သရုပ္ ေဆာင္ဖုိ႔ကုိ အခက္အခဲျဖစ္ခဲ့တယ္လုိ႔ ဆုိပါတယ္။ အိစိေကြးကုိယ္တုိင္ ေရးထားတဲ့ ''အလြမ္းရဲ႕ အရသာ'' ဆုိတဲ့ MTV ထဲမွာ ဟန္နာယူရီက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

'' MTV ရုိက္တဲ့ ၂ ရက္ပဲ သူ႔ကုိ ေတြ႔ဖူးပါတယ္။ MTV ရုိက္ဖုိ႔ လာကမ္းလွမ္းတုန္းကဆုိရင္ ယိင္းထက္ အသက္အရမ္းငယ္တယ္။ အသက္က လည္း အန္တီနဲ႔ တူေလး ေလာက္အထိကို အရမ္းကြာေတာ့ အဆင္ေျပပါ့မလားေပါ့ေနာ္။ Story ေလးကုိ အရင္ၾကည့္တယ္ ေမာင္ေလး က လည္း ကူညီေပးပါ ဆုိတာနဲ႔ ကူညီေပးျဖစ္သြားတာပါ'' လုိ႔ သူကဆုိပါတယ္။ အလြမ္းရဲ႕ အရသာ ဆုိတဲ့ Music MTV ေလးဟာ အိစိေကြးရဲ႕ ကုိယ္ပုိင္ခံစားခ်က္နဲ႔ ေရးဖြဲ႕ထားတဲ့ သီခ်င္းျဖစ္တယ္လုိ႔ ဟန္နာယူရီက ေျပာပါ တယ္။ အိစိေကြးရဲ႕ အရင္ေကာင္မေလးပုံစံအတုိင္း ပါဝင္သရုပ္ေဆာင္ရတယ္လုိ႔လည္း ဆုိပါတယ္။

'' သူကေတာ့ သူ႔ရဲ႕ အရင္ရည္းစားေပါ့ ႏုိင္ငံျခားထြက္သြားတဲ့ ေကာင္မေလးကုိ သတိရၿပီးေတာ့ ေရးထားတဲ့ သီခ်င္းေလးေပါ့။ ေတာ္ေတာ္မ်ား မ်ားက အဲ့ေကာင္မေလး ပုံစံလုိမ်ဳိးေပါ့ေနာ္။ အဲ့ဒါရုိက္ေနတဲ့အတြင္းမွာ ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈ သိပ္မျဖစ္ဘူး။ သူက အသက္အရမ္းငယ္ ေတာ့ေလ'' ဆုိၿပီးေတာ့ ေအာက္တုိဘာလ ၁၉ ရက္ေန႔ က IPhone Xs မိတ္ဆက္ပြဲမွာ ေျပာျပခဲ့တာျဖစ္ပါတယ္။ ဟန္နာယူရီ နဲ႔ အိစိေကြး တုိ႔ ရဲ႕ သတင္းကုိေတာ့ အိစိေကြးရဲ႔ ကုိယ္ပုိင္သီခ်င္းျဖစ္တဲ့ '' အလြမ္းရဲ႕ အရသာ'' ဆုိတ့ဲ MTV ရုိက္ကြင္းေပၚက ဓာတ္ ပုံေတြ တက္လာကတည္းကပရိသတ္ေတြ ေစာင့္ၾကည့္ခဲ့ၾကတာျဖစ္ပါတယ္။ ေအာက္တိုဘာ(၁၆) ရက္ေန႕က အိစိေကြး Crush ေနတဲ့ ေကာင္မေလးပံုကို တင္ၿပီး ပရိသတ္ေတြကို စေနာက္လိုက္ပါေသးတယ္။ ေကာင္မေလးရဲ႕ ဓာတ္ပံုကို စတစ္ကာ အုပ္ထားခဲ့ေပမယ့္လည္း အဲ့ဒီ ေကာင္မေလးဟာ ဟန္နာယူရီမွန္းအကုန္လံုး သိခဲ့ၾကပါတယ္။
Credit Duwan

No comments:

Powered by Blogger.