Header Ads

loading...

ကုသုိလ္ေရးေတြလုပ္ရင္း ေမြးေန႔ရက္ကုိျဖတ္သန္းေနတဲ့ ေမဘရဏီေသာ္

မေဘရဏီသော်က အောက်တိုဘာလ ၁၉ ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မတိုင်ခင်မှာအလှူအတန်း ကုသိုလ်ရေးတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ သရုပ်ဆောင်တစ်ယောက်သာမက မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်ဖြစ်တဲ့ Miss Universe Myanmar 2015 ဆုကို လည်းရရှိထားသူပါ။ သရုပ်ဆောင် မေဘရဏီသော်ဟာ ဒီနေ့(အောက်တိုဘာလ ၁၉ရက်နေ့) မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့အတွက် အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက အလှူအတန်းတွေနဲ့ ဖြတ်သန်း နေတယ်လို့ သိရပါတယ်။ ဒီအလှူကို ကုက္ကိုင်းလူငယ် ဖွံ့ဖြိုးရေးကျောင်းမှာပဲ နေ့လည်စာ နဲ့အတူ မုန့်တွေကိုလည်ူ သွားရောက် လှူဒါန်းခဲ့တယ် လို့ ဆိုပါတယ်။

'' မွေးရက်က၁၉ မွေးနေ့က သောကြာ ဒီနှစ် မွေးရက်ရော မေသော့်ကို မွေးတဲ့နေ့ပါ တိုက်ဆိုင်သွားတယ်။ လှူချင်တဲ့နေရာက နှစ်ခုဖြစ်နေလို့ မနေ့က Pre Birthday အနေနဲ့ ကုက္ကိုင်းလူငယ်ဖွံ့ဖြိုးရေးကျောင်းမှာ နေ့လည်စာနဲ့ မေသော်တို့် အိမ်လုပ် ပေါင်မုန့်လေးတွေသွားလှူဖြစ်တယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ရ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ သူမရဲ့ မွေးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ခင်းစောစောပိုင်းမှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးဆီသွားပြီး ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်ခဲ့တယ်လို့ ဆို ပါတယ်။ မေဘရဏီသော်ကတော့ ၂၀၁၅ခုနှစ်က Miss Universe Myanmar 2015 ရဲ့ အလှမယ် တစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတကာ စင်မြင့့်ထက် တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ဇာတ် လမ်းတွဲတွေ ရိုက်ကူးထားပါသေးတယ်။သရုပ်ဆောင် စိုးပြည့်သဇင်၊ မြနှင်းရည်လွင်၊ ခင်သဇင် တိုနဲ့အတူ  ဇနီးချောများကွန်ယက်ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း မေဘရဏီ သော် က ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အခုလို သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ််တည်လာတာကလည်း ပရိသတ်တွေရဲ့ တွန်းအားကြောင့် ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေတဲ့ မေဘရဏီသော်ကတော့ သူ့ရဲ့ အချစ်ရေးက အခုလက်ရှိမှာ အေးအေး ဆေးဆေး ပါပဲတဲ့။ ခရီးတွေသွားမယ်၊ ပျော်ပျော်နေတယ် ဆိုတဲ့ Single is the best အဖြစ်ကို ခံယူထားတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဆက်လက်ပြောပြခဲ့တာပါ။
ေမဘရဏီေသာ္က ေအာက္တုိဘာလ ၁၉ ရက္ေန႔မွာက်ေရာက္တဲ့ သူ႔ရဲ႕ ေမြးေန႔မတုိင္ခင္မွာအလွဴအတန္း ကုသုိလ္ေရးေတြနဲ႔ ျပဳလုပ္ခဲ့တယ္လုိ႔ ဆုိပါတယ္။ သူမဟာ သရုပ္ေဆာင္တစ္ေယာက္သာမက ျမန္မာႏုိင္ငံ ကုိယ္စားျပဳအလွမယ္ျဖစ္တဲ့ Miss Universe Myanmar 2015 ဆုကုိ လည္းရရွိထားသူပါ။ သရုပ္ေဆာင္ ေမဘရဏီေသာ္ဟာ ဒီေန႔(ေအာက္တုိဘာလ ၁၉ရက္ေန႔) မွာ က်ေရာက္တဲ့ သူ႔ရဲ႕ ေမြးေန႔အတြက္ ေအာက္တုိဘာလ ၁၈ ရက္ေန႔ကတည္းက အလွဴအတန္းေတြနဲ႔ ျဖတ္သန္း ေနတယ္လုိ႔ သိရပါတယ္။ ဒီအလွဴကုိ ကုကၠဳိင္းလူငယ္ ဖြံ႔ၿဖဳိးေရးေက်ာင္းမွာပဲ ေန႔လည္စာ နဲ႔အတူ မုန္႔ေတြကိုလည္ူ သြားေရာက္ လွဴဒါန္းခဲ့တယ္ လုိ႔ ဆုိပါတယ္။

'' ေမြးရက္က၁၉ ေမြးေန႔က ေသာၾကာ ဒီႏွစ္ ေမြးရက္ေရာ ေမေသာ့္ကို ေမြးတဲ့ေန႔ပါ တိုက္ဆိုင္သြားတယ္။ လွဴခ်င္တဲ့ေနရာက ႏွစ္ခုျဖစ္ေနလို႔ မေန႔က Pre Birthday အေနနဲ႔ ကုကၠိဳင္းလူငယ္ဖြံ႔ၿဖိဳးေရးေက်ာင္းမွာ ေန႔လည္စာနဲ႔ ေမေသာ္တို္႔ အိမ္လုပ္ ေပါင္မုန္႔ေလးေတြသြားလွဴျဖစ္တယ္'' ဆုိၿပီးေတာ့ ေအာက္တုိဘာလ ၁၉ ရက္ေန႔ မနက္ ၇ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။ သူမရဲ႕ ေမြးေန႔ျဖစ္တဲ့ ေအာက္တုိဘာလ ၁၉ ရက္ေန႔ မနက္ခင္းေစာေစာပုိင္းမွာေတာ့ ေရႊတိဂုံေစတီေတာ္ျမတ္ႀကီးဆီသြားၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီးတုိ႔ကုိ ကပ္လွဴပူေဇာ္ခဲ့တယ္လုိ႔ ဆုိ ပါတယ္။ ေမဘရဏီေသာ္ကေတာ့ ၂၀၁၅ခုႏွစ္က Miss Universe Myanmar 2015 ရဲ႕ အလွမယ္ တစ္ေယာက္ျဖစ္ခဲ့ၿပီး ႏိုင္ငံတကာ စင္ျမင့့္ထက္ တြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။ သူမဟာ သရုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း ဇာတ္ လမ္းတြဲေတြ ရုိက္ကူးထားပါေသးတယ္။သရုပ္ေဆာင္ စုိးျပည့္သဇင္၊ ျမႏွင္းရည္လြင္၊ ခင္သဇင္ တုိနဲ႔အတူ  ဇနီးေခ်ာမ်ားကြန္ယက္ဆုိတဲ့ ရုပ္သံဇာတ္လမ္းတြဲမွာလည္း ေမဘရဏီ ေသာ္ က ပါဝင္သရုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။ အခုလို သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ရပ္္တည္လာတာကလည္း ပရိသတ္ေတြရဲ႕ တြန္းအားေၾကာင့္ ဆုိၿပီးေတာ့ Duwun Media ရဲ႕ အင္တာဗ်ဴးမွာေျဖဆုိခဲ့ဖူးပါတယ္။သရုပ္ေဆာင္တစ္ဦးအျဖစ္ အႏုပညာေလာကထဲမွာ ရပ္တည္ေနတဲ့ ေမဘရဏီေသာ္ကေတာ့ သူ႔ရဲ႕ အခ်စ္ေရးက အခုလက္ရွိမွာ ေအးေအး ေဆးေဆး ပါပဲတဲ့။ ခရီးေတြသြားမယ္၊ ေပ်ာ္ေပ်ာ္ေနတယ္ ဆုိတဲ့ Single is the best အျဖစ္ကုိ ခံယူထားတယ္ဆုိၿပီးေတာ့ Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ဆက္လက္ေျပာျပခဲ့တာပါ။

No comments:

Powered by Blogger.