Header Ads

loading...

ခ်စ္သူ မထားေသးတဲ့အေၾကာင္း ေျပာလာတဲ့ ပုိပုိ

ပိုပိုတစ်ယောက် ယောကျ်ားထုကြီးကို မျက်ရည်မကျစေလျင်လို့ ချစ်သူမထားသေးဘူးလို့ ပြောပြလာပါတယ်။ လက်ရှိမှာ သူမက ဥပဒေမေဂျာ အဝေးသင် တက်ရောက်နေသူဖြစ်ပါတယ်။ အရင်ကနဲ့မတူအောင် အရမ်းကိုလှပလာခဲ့တဲ့ ပေါ့ခ်အဆိုတော်မလေး ပိုပိုက အခုချိန်ထိ ချစ်သူမထားဖြစ်သေးတဲ့အကြောင်းကို ပြောပြ လာပါတယ်။ လက်ရှိမှာလည်း ကျောင်းသူလေး ပိုပိုက ပညာရေးအပိုင်းမှာလည်း ကြိုးစားနေသူဖြစ်သလို ဂီတဘက်မှာလည်း ပရိသတ်တွေ အတွက် သီချင်းတွေ ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။

'' မတ်မတ်ပို အခုထိ ရည်းစားမထားရခြင်း အကြောင်းမှာ ကိုယ့်အတွက်ကြောင့် နှလုံးသားနနယ်သော ယောကျားထု ကြီးကို မျက်ရည် မကျစေချင်ဘူး လေ စေတနာပါ '' ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည် ၁ နာရီ ၄၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ပိုပိုဟာ အခုလက်ရှိမှာတော့ ဒဂုံတက္ကသိုလ် မှာ အဝေးသင်ကျောင်းသူအဖြစ် ဥပဒေမေဂျာကို လေ့လာဆည်းပူးနေသူဖြစ်ပါတယ်။ အဝေးသင် ကျောင်းသူဖြစ်တာကြောင့် စာမေးပွဲ မဖြေခင် အနီးကပ် ကျောင်း ၁၀ ရက်တက်နေတယ်လို့ သိရပါတယ်။ ပညာရေးမှာလည်း ကြိုးစားနေရတဲ့ အဆိုတော်မလေး ပိုပိုက အနုပညာဘက်မှာလည်း ပရိသတ်နဲ့ အဆက်မပြတ်သွားဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ပိုပိုရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Master Piece တစ်ကိုယ်တော် MTV အခွေလေးကို စက်တင်ဘာလ ၉ ရက်နေ့က The Sun Music Production ကနေ ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ဒီ MTV မှာ အောင်ရဲလင်းက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အမိုက်စားတင်ဆက်မှုတွေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့တာဖြစ်ပါတယ်။ ပိုပိုဟာ  ကိုယ်တိုင်သီချငး်ရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင် တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ် တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်း လည်း ဖြစ်ပါတယ်။ ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချငး်လေးဖြစ်ပါတယ်။

အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  တစ်ကိုယ်တော် Audio CD နဲ့ MTV တို့ကိုလည်း အောင်အောင်မြင်မြင် ထွက်ရှိနိုင်ခဲ့တာကို တွေ့ရပါတယ်။
Credit Duwan
ပုိပုိတစ္ေယာက္ ေယာက်္ားထုႀကီးကုိ မ်က္ရည္မက်ေစလ်င္လုိ႔ ခ်စ္သူမထားေသးဘူးလုိ႔ ေျပာျပလာပါတယ္။ လက္ရွိမွာ သူမက ဥပေဒေမဂ်ာ အေဝးသင္ တက္ေရာက္ေနသူျဖစ္ပါတယ္။ အရင္ကနဲ႔မတူေအာင္ အရမ္းကုိလွပလာခဲ့တဲ့ ေပါ့ခ္အဆုိေတာ္မေလး ပိုပုိက အခုခ်ိန္ထိ ခ်စ္သူမထားျဖစ္ေသးတ့ဲအေၾကာင္းကုိ ေျပာျပ လာပါတယ္။ လက္ရွိမွာလည္း ေက်ာင္းသူေလး ပုိပုိက ပညာေရးအပုိင္းမွာလည္း ႀကိဳးစားေနသူျဖစ္သလုိ ဂီတဘက္မွာလည္း ပရိသတ္ေတြ အတြက္ သီခ်င္းေတြ ဖန္တီးျဖစ္ေနတယ္လုိ႔ သိရပါတယ္။

'' မတ္မတ္ပို အခုထိ ရည္းစားမထားရျခင္း အေၾကာင္းမွာ ကိုယ့္အတြက္ေၾကာင့္ ႏွလံုးသားနနယ္ေသာ ေယာက်ားထု ႀကီးကို မ်က္ရည္ မက်ေစခ်င္ဘူး ေလ ေစတနာပါ '' ဆုိၿပီးေတာ့ ေအာက္တုိဘာလ ၁၉ ရက္ေန႔ ေန႔လည္ ၁ နာရီ ၄၂ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။ ပုိပုိဟာ အခုလက္ရွိမွာေတာ့ ဒဂံုတကၠသိုလ္ မွာ အေဝးသင္ေက်ာင္းသူအျဖစ္ ဥပေဒေမဂ်ာကုိ ေလ့လာဆည္းပူးေနသူျဖစ္ပါတယ္။ အေဝးသင္ ေက်ာင္းသူျဖစ္တာေၾကာင့္ စာေမးပြဲ မေျဖခင္ အနီးကပ္ ေက်ာင္း ၁၀ ရက္တက္ေနတယ္လုိ႔ သိရပါတယ္။ ပညာေရးမွာလည္း ႀကိဳးစားေနရတဲ့ အဆုိေတာ္မေလး ပုိပုိက အႏုပညာဘက္မွာလည္း ပရိသတ္နဲ႔ အဆက္မျပတ္သြားဖုိ႔ ႀကိဳးစားေနတာကုိ ေတြ႔ရပါတယ္။ ပုိပုိရဲ႕ ေနာက္ဆုံးထြက္ရွိခဲ့တဲ့ Master Piece တစ္ကုိယ္ေတာ္ MTV အေခြေလးကုိ စက္တင္ဘာလ ၉ ရက္ေန႔က The Sun Music Production ကေန ထုတ္လုပ္ျဖန္႔ခ်ီခဲ့တာျဖစ္ပါတယ္။ ဒီ MTV မွာ ေအာင္ရဲလင္းက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ၿပီး အမုိက္စားတင္ဆက္မႈေတြနဲ႔ ရုိက္ကူးထားတာျဖစ္တဲ့အတြက္ ပရိသတ္အားေပးမႈအမ်ားႀကီး ရရွိခဲ့တာျဖစ္ပါတယ္။ ပိုပိုဟာ  ကိုယ္တုိင္သီခ်ငး္ေရးၿပီး ကိုယ္တိုင္ဆိုတတ္တဲ့အဆိုရွင္ တစ္ဦးျဖစ္ၿပီး သူမေရးတဲ့ အေဆြးသီခ်င္း ေတာ္ေတာ္မ်ားမ်ားဟာ ပရိသတ္ ေတြၾကား ေရပန္းစားခဲ့သလို "မင္းကိုမခ်စ္လို႕မဟုတ္ဘူး" ဆိုတဲ့သီခ်င္းဟာ ပရိသတ္ေတြအခုခ်ိန္ထိ ႀကိဳက္ႏွစ္သက္ အားေပးခဲ့တဲ့ သီခ်င္း လည္း ျဖစ္ပါတယ္။ ဒီသီခ်င္းဟာလည္း သူမရဲ႕ စိတ္ခံစားခ်က္အျပည့္နဲ႕ဆိုထားတဲ့ သီခ်ငး္ေလးျဖစ္ပါတယ္။

အဆုိေတာ္ပုိပုိကေတာ့ ပထမဆုံးတစ္ကုိယ္ေတာ္ ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယုိ အယ္လ္ဘမ္ တုိ႔ကုိ ထြက္ရွိခဲ့ၿပီးေတာ့ Master Piece  တစ္ကုိယ္ေတာ္ Audio CD နဲ႔ MTV တုိ႔ကုိလည္း ေအာင္ေအာင္ျမင္ျမင္ ထြက္ရွိႏုိင္ခဲ့တာကုိ ေတြ႔ရပါတယ္။
Credit Duwan

No comments:

Powered by Blogger.