Zawgyiျဖင့္ဖတ္ရန္

ပထဝီႏိုင္ငံေရး တင္းမာမႈ ျဖစ္ေပၚေနရတဲ့ ေပ်ာက္ဆုံးေနတဲ့ ေဆာ္ဒီအာေရဗ် သတင္းေထာက္ ဂ်ာမယ္ခါရႈိဂ်ီဟာ သုတ္သင္ေရးသမား ၁၅ ဦးက ၎ကို လက္ေခ်ာင္းေတြ တစ္ေခ်ာင္းခ်င္း ျဖတ္ေတာက္ၿပီးမွ ေခါင္းျဖတ္သတ္တာျဖစ္ေၾကာင္း အတည္ျပဳခ်က္ေတြ ထြက္ေပၚေနပါတယ္။
ေဆာ္ဒီအုပ္ခ်ဳပ္ေရး အသိုင္းအဝိုင္းကို ေဝဖန္ေလ့ရွိတဲ့ အသက္ ၆၀ ရွိ ခါရႈိဂ်ီဟာ ေအာက္တိုဘာ ၂ ရက္က တူရကီရွိ ေဆာ္ဒီေကာင္စစ္ဝန္႐ုံးအတြင္း ဝင္သြားတာကို ေနာက္ဆုံးေတြ႕လိုက္ရတာျဖစ္ၿပီး ေပ်ာက္ကြယ္သြားေတာ့တာ ျဖစ္ပါတယ္။
သူ ေပ်ာက္ကြယ္မႈနဲ႔ ပတ္သက္ၿပီး ေဆာ္ဒီေကာင္စစ္ဝန္႐ုံးထဲမွာ သူ႔ကို သတ္ျဖတ္တာျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။
အဲဒီ ေကာင္စစ္ဝန္႐ုံးအတြင္းမွာ ေဆာ္ဒီမင္းသားနဲ႔ ပတ္သက္တဲ့ Dr Death ေသမင္းဆရာဝန္ အမည္ရသူနဲ႔ ေနာက္တစ္ဦး အပါအဝင္ သုတ္သင္ေရးအဖြဲ႕က ခါရႈိဂ်ီကို ႏွိပ္စက္ညႇင္းပန္းခဲ့တာျဖစ္တယ္လို႔ ဆိုၾကပါတယ္။
သူ႔ရဲ႕ လက္ေခ်ာင္းေတြကို တစ္ေခ်ာင္းခ်င္း ျဖတ္ေတာက္ၿပီး ခုနစ္မိနစ္အတြင္း သတ္ျဖတ္လိုက္ကာ အေလာင္းကို တစ္စစီ ပိုင္းျဖတ္ၾကတာျဖစ္တယ္လို႔ မီဒီယာသတင္းေတြက အတည္ျပဳေရးသားေနၾကပါတယ္
လူမဆန္တဲ့ ဒီလုပ္ရပ္နဲ႔ ပတ္သက္တဲ့ ေက်ာခ်မ္းဖြယ္ အသံဖိုင္သက္ေသတစ္ရပ္လည္း ရွိထားရာ အဲဒီအသံဖိုင္မွာ ေဆာင္ဒီေကာင္စစ္ဝန္ခ်ဳပ္က ဒါကို အျပင္ေရာက္မွ လုပ္ဆိုၿပီး သံသယရွိ သုတ္သင္ေရးသမားေတြကို ေျပာထားတဲ့ အသံပါ ပါတယ္လို႔လည္း ေရးသားေဖာ္ျပၾကပါတယ္။
ေဆာ္ဒီေကာင္စစ္ဝန္ မိုဟာမတ္ အယ္အိုတိုင္ဘီက “မင္းတို႔ကေတာ့ ငါ့ကိုပါ ဒုကၡေရာက္ေအာင္ လုပ္ေနတာပဲ။”လို႔ ဒီအသံဖိုင္မွာ ေျပာထားတာ ၾကားရေၾကာင္း တူရကီအစိုးရ အမာခံသတင္းစာ Yeni Safak က ေရးသားေဖာ္ျပထားပါတယ္။
“ခင္ဗ်ား ေဆာ္ဒီကို ျပန္ေရာက္လို႔ အသက္ရွင္ခ်င္တယ္ဆိုရင္ ခင္ဗ်ားပါးစပ္ေပါက္ကို ပိတ္ထားစမ္း။”လို႔ သုတ္သင္ေရးသမားေတြက ေကာင္စစ္ဝန္ကို ျပန္ေျပာတယ္လို႔လည္း ဆိုထားပါတယ္။
တူရကီတာဝန္ရွိသူေတြဟာ သတင္းေထာက္အမႈ စျဖစ္ၿပီးေနာက္မွာ ေဆာ္ဒီေကာင္စစ္ဝန္႐ုံးဝင္းအတြင္း ဝင္ေရာက္စစ္ေဆးကာ ေျမနမူနာနဲ႔ ဒီအိုင္ေအနမူနာေတြကို ရယူသြားပါတယ္။ ေဆာ္ဒီအာေရဗ်ဆီ ျပန္ေျပးသြားၿပီျဖစ္တဲ့ ေကာင္စစ္ဝန္ခ်ဳပ္ အယ္အိုတိုင္ဘီရဲ႕ ေနအိမ္ကိုလည္း ေအာက္တိုဘာ ၁၇ ရက္မွာ တူရကီေထာက္လွမ္းေရးေတြက စီးနင္းရွာေဖြခဲ့ပါတယ္။
မီဒီယာေတြမွာ ေရးသားေဖာ္ျပေနတဲ့ အသံဖိုင္နဲ႔ ပတ္သက္ၿပီး ဟုတ္မွန္ မဟုတ္မွန္ေၾကာင္းကို တူရကီက အတိအလင္း အတည္မျပဳေပမယ့္ ေဆာ္ဒီေကာင္စစ္ဝန္႐ုံးအတြင္း ခါရႈိဂ်ီ အသတ္ခံရတာျဖစ္ေၾကာင္း ခိုင္မာတဲ့ သက္ေသအသံဖိုင္ ရထားတယ္လို႔ေတာ့ အတည္ျပဳ ေၾကညာထားပါတယ္။
ေဆာ္ဒီရဲ႕ အဓိက မဟာမိတ္ျဖစ္တဲ့ အေမရိကန္က အဲဒီအသံဖိုင္ကို တူရကီထံမွ ေတာင္းခံထားသလို ကုလသမဂၢကလည္း တူရကီအေနနဲ႔ စုံစမ္းေတြ႕ရွိခ်က္ေတြကို ထုတ္ျပန္ဖို႔ တိုက္တြန္းထားပါတယ္။ ေဆာ္ဒီအာေရဗ်ကေတာ့ ဒီသတင္းေထာက္အမႈမွာ ဘာမွ ပါဝင္ပတ္သက္တာ မရွိဘူးလို႔ ထုတ္ျပန္ထားပါတယ္။
Rf; Mirror
Writer_ေမာင္သံဆင့္
Credit:Daily Hot News

Unicodeဖြင့်ဖတ်ရန်

ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း သတင်းထောက်ကို လက်ချောင်းတွေ တစ်ချောင်းချင်း ဖြတ်တောက်ပြီးမှာ ခေါင်းဖြတ်သတ်ခဲ့ဟု ဆို

ပထဝီနိုင်ငံရေး တင်းမာမှု ဖြစ်ပေါ်နေရတဲ့ ပျောက်ဆုံးနေတဲ့ ဆော်ဒီအာရေဗျ သတင်းထောက် ဂျာမယ်ခါရှိုဂျီဟာ သုတ်သင်ရေးသမား ၁၅ ဦးက ၎င်းကို လက်ချောင်းတွေ တစ်ချောင်းချင်း ဖြတ်တောက်ပြီးမှ ခေါင်းဖြတ်သတ်တာဖြစ်ကြောင်း အတည်ပြုချက်တွေ ထွက်ပေါ်နေပါတယ်။
ဆော်ဒီအုပ်ချုပ်ရေး အသိုင်းအဝိုင်းကို ဝေဖန်လေ့ရှိတဲ့ အသက် ၆၀ ရှိ ခါရှိုဂျီဟာ အောက်တိုဘာ ၂ ရက်က တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ဝင်သွားတာကို နောက်ဆုံးတွေ့လိုက်ရတာဖြစ်ပြီး ပျောက်ကွယ်သွားတော့တာ ဖြစ်ပါတယ်။
သူ ပျောက်ကွယ်မှုနဲ့ ပတ်သက်ပြီး ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ သူ့ကို သတ်ဖြတ်တာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အဲဒီ ကောင်စစ်ဝန်ရုံးအတွင်းမှာ ဆော်ဒီမင်းသားနဲ့ ပတ်သက်တဲ့ Dr Death သေမင်းဆရာဝန် အမည်ရသူနဲ့ နောက်တစ်ဦး အပါအဝင် သုတ်သင်ရေးအဖွဲ့က ခါရှိုဂျီကို နှိပ်စက်ညှင်းပန်းခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။
သူ့ရဲ့ လက်ချောင်းတွေကို တစ်ချောင်းချင်း ဖြတ်တောက်ပြီး ခုနစ်မိနစ်အတွင်း သတ်ဖြတ်လိုက်ကာ အလောင်းကို တစ်စစီ ပိုင်းဖြတ်ကြတာဖြစ်တယ်လို့ မီဒီယာသတင်းတွေက အတည်ပြုရေးသားနေကြပါတယ်
လူမဆန်တဲ့ ဒီလုပ်ရပ်နဲ့ ပတ်သက်တဲ့ ကျောချမ်းဖွယ် အသံဖိုင်သက်သေတစ်ရပ်လည်း ရှိထားရာ အဲဒီအသံဖိုင်မှာ ဆောင်ဒီကောင်စစ်ဝန်ချုပ်က ဒါကို အပြင်ရောက်မှ လုပ်ဆိုပြီး သံသယရှိ သုတ်သင်ရေးသမားတွေကို ပြောထားတဲ့ အသံပါ ပါတယ်လို့လည်း ရေးသားဖော်ပြကြပါတယ်။
ဆော်ဒီကောင်စစ်ဝန် မိုဟာမတ် အယ်အိုတိုင်ဘီက “မင်းတို့ကတော့ ငါ့ကိုပါ ဒုက္ခရောက်အောင် လုပ်နေတာပဲ။”လို့ ဒီအသံဖိုင်မှာ ပြောထားတာ ကြားရကြောင်း တူရကီအစိုးရ အမာခံသတင်းစာ Yeni Safak က ရေးသားဖော်ပြထားပါတယ်။
“ခင်ဗျား ဆော်ဒီကို ပြန်ရောက်လို့ အသက်ရှင်ချင်တယ်ဆိုရင် ခင်ဗျားပါးစပ်ပေါက်ကို ပိတ်ထားစမ်း။”လို့ သုတ်သင်ရေးသမားတွေက ကောင်စစ်ဝန်ကို ပြန်ပြောတယ်လို့လည်း ဆိုထားပါတယ်။
တူရကီတာဝန်ရှိသူတွေဟာ သတင်းထောက်အမှု စဖြစ်ပြီးနောက်မှာ ဆော်ဒီကောင်စစ်ဝန်ရုံးဝင်းအတွင်း ဝင်ရောက်စစ်ဆေးကာ မြေနမူနာနဲ့ ဒီအိုင်အေနမူနာတွေကို ရယူသွားပါတယ်။ ဆော်ဒီအာရေဗျဆီ ပြန်ပြေးသွားပြီဖြစ်တဲ့ ကောင်စစ်ဝန်ချုပ် အယ်အိုတိုင်ဘီရဲ့ နေအိမ်ကိုလည်း အောက်တိုဘာ ၁၇ ရက်မှာ တူရကီထောက်လှမ်းရေးတွေက စီးနင်းရှာဖွေခဲ့ပါတယ်။
မီဒီယာတွေမှာ ရေးသားဖော်ပြနေတဲ့ အသံဖိုင်နဲ့ ပတ်သက်ပြီး ဟုတ်မှန် မဟုတ်မှန်ကြောင်းကို တူရကီက အတိအလင်း အတည်မပြုပေမယ့် ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ခါရှိုဂျီ အသတ်ခံရတာဖြစ်ကြောင်း ခိုင်မာတဲ့ သက်သေအသံဖိုင် ရထားတယ်လို့တော့ အတည်ပြု ကြေညာထားပါတယ်။
ဆော်ဒီရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အမေရိကန်က အဲဒီအသံဖိုင်ကို တူရကီထံမှ တောင်းခံထားသလို ကုလသမဂ္ဂကလည်း တူရကီအနေနဲ့ စုံစမ်းတွေ့ရှိချက်တွေကို ထုတ်ပြန်ဖို့ တိုက်တွန်းထားပါတယ်။ ဆော်ဒီအာရေဗျကတော့ ဒီသတင်းထောက်အမှုမှာ ဘာမှ ပါဝင်ပတ်သက်တာ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
Rf; Mirror
Writer_မောင်သံဆင့်
Credit:Daily Hot News