loading...
သင့်ရဲ့လက်ဗွေရာပုံစံက ပြောပြနေတဲ့ သင့်ရဲ့အကြောင်း
လက်ဗွေရာပုံစံဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ ဒါပေမယ့် အခြေခံအားဖြင့်တော့ Curves, Loops နဲ့ Swirls ဆိုပြီး (၃)မျိုးရှိပါတယ်။ လူတိုင်းဟာ ဒီသုံးမျိုးထဲက တစ်ခုခုမှာ အကျုံးဝင်ကြပါတယ်။ Curves ပုံစံဆိုတာကတော့ လှိုင်းတွန့်ပုံစံ လက်ဗွေမျိုးဖြစ်ပြီး၊ Loops ဆိုတာကတော့ ဗဟိုချက်မှ မညီညာပေမယ့် သေသပ်တဲ့ ပတ်မျဉ်းတွေကိုတွေ့မှာပါ။
Swirls ပုံစံကတော့ ဗဟိုချက်မမှ ဝိုင်းစက်/ဘဲဥပုံစံ မျဉ်းဝိုင်းလေးတွေ၊ ညီညာတဲ့ပတ်မျဉ်းတွေကို တွေ့ရမှာဖြစ်ပြီး၊ လူတိုင်းရဲ့လက်ဗွေရာတွေကတော့ အခြေခံအားဖြင့် ဒီလက်ဗွေပုံစံသုံးမျိုးအတွင်းမှာ ပါဝင်ကြမှာပါ။ ဒီတော့ ဒီအခြေခံလက်ဗွေ(၃)မျိုးကို လေ့လာခြင်းဖြင့် မတူညီတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝိသေသတွေကို တွေ့ရမှာဖြစ်ပါတယ်။
Curves- တကယ်လို့ သင့်ရဲ့လက်ဗွေပုံစံက Curves အတွင်းမှာရှိနေတယ်ဆိုရင်တော့ သင်ဟာ ကာယ-ဉာဏ ခွန်အားပြည့်ဝသူတစ်ယောက်ဖြစ်ပြီး၊ မိမိကိုယ်ကိုမိမိ ယုံကြည်သူတစ်ယောက် ဖြစ်ပါတယ်။ မိမိရဲ့ ခံစားချက်အတိုင်း ယုံကြည်စွာလိုက်လံ လုပ်ဆောင်သူဖြစ်ပြီး၊ ဒီအတိုင်း ရပ်တည်တယ်၊ နေထိုင်တယ်၊ ပြုမူပြောဆိုပါတယ်။
ဒီနေရာမှာ အခက်အခဲဖြစ်စေတာက လူတိုင်းနဲ့ဆက်ဆံတဲ့အခါမှာ သင်ဟာ ဂွတီးဂွကျ ဖြစ်နေတတ်ပါတယ်။ လူတွေ ဘယ်လိုပဲ နားပေါက်အောင် ပြောပြော၊ သင့်ခံယူချက်အတိုင်း၊ ယုံကြည်ချက်အတိုင်း ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်လုပ်ဆောင်တာဖြစ်လို့ လူတိုင်းနဲ့ အံမဝင်ဖြစ်တတ်ပါတယ်။
သင့်ကို ဘယ်သူကမှ မပြောင်းလဲနိုင်သလို၊ သင်ဟာ သူများတွေ အသားကျ လက်ခံနေတဲ့ အယူအဆတွေ၊ အတွေးအခေါ်တွေကနေ ထိုးဖောက်ဆန့်ကျင်ပြီး ကိုုယ်ပိုင်အတွေးအခေါ်တွေနဲ့သာ နေထိုင်လေ့ရှိသူပါ။ သင်ဟာ ပုဂ္ဂိုလ်ရေးမှာ မိတ်ဆွေသူငယ်ချင်း နည်းပါးကောင်း နည်းပါးနိုင်သော်လည်း သစ္စာရှိသူ၊ ကတိတည်သူ၊ သဘောထားရိုးဖြောင့်သူအဖြစ် မှတ်တမ်းတင်ခံရမှာပါ။
Loops- တကယ်လို့ သင်ရဲ့လက်ဗွေဟာ Loops ပုံစံအတွင်းမှာ ဝင်ရောက်နေတယ်ဆိုရင် သင်ဟာ အေးအေးဆေးဆေးသမား၊ အကောင်းမြင်သမား၊ အမြော်အမြင်ရှိသူ၊ ပွင့်လင်းရိုးသားသူတစ်ယောက် ဖြစ်ပါတယ်။ လူတွေဟာ သင့်ကိုချစ်ခင် သဘောကျကြပြီး သင်ဟာ လုပ်ငန်းတိုင်းမှာ တာဝန်ယူမှုတာဝန်ခံမှုရှိသူ၊ ဦးဆောင်နိုင်စွမ်းရှိသူ၊ ရေသာမခို အလုပ်ကြိုးစားသူ၊ ကူညီတတ်သူ ဖြစ်လို့ပါဘဲ။
Swirls-သင့်ရဲ့လက်ဗွေဟာ Swirls ဆိုတဲ့ပုံစံထဲမှာ အကျုံးဝင်တယ်ဆိုရင်တော့ သင်ဟာ စိတ်ခံစားမှုလွယ်သူ၊ အကွက်မြင်သူ၊ သင်နဲ့သဘောထား ကွဲလွဲနေသူတွေကို လုံးဝဂရုမစိုက်သူ၊ သင့်ရဲ့စိတ်နေစိတ်ထား ဘယ်လိုရှိတယ်ဆိုတာကို ခန့်မှန်းရခက်သူ၊ သင့်ရဲ့အတွေးအခေါ်နဲ့ တကယ့်ခံစားချက်တွေကို လျှို့ဝှက်နိုင်သူ ဖြစ်ပါတယ်။
သင်ဟာ လူတိုင်းကို လွှမ်းမိုးနိုင်စွမ်းရှိပြီး၊ သူတစ်ပါး နားလည်သဘောပေါက်လက်ခံအောင်လည်း ပြောဆိုစည်းရုံးနိုင်သူ၊ အပေါင်းအသင်း သူငယ်ချင်းတွေအပေါ်မှာလည်း သြဇာလွှမ်းမိုးနိုင်သူအဖြစ် ရပ်တည်နေမှာပါ။ ဒီလို လက်ဗွေပုံစံက သင့်ရဲ့ လက်ညှိုးနှစ်ခုစလုံးမှာ ပါနေတယ်ဆိုရင်တော့ သင်ဟာ အတွေးအခေါ်ဘက်မှာ ပေါက်မြောက်အောင်မြင်သူ၊ စေ့စပ်သေချာသူ၊ ဝီရိယကောင်းသူအဖြစ် ရပ်တည်နေသူပါ။
Credit: MyanmarNote
No comments: