Header Ads

loading...

ကိုယ့္အသုဘကို ကုိယ္တိုင္ေရာက္လာတဲ့ အမ်ိဳးသားေၾကာင့္ ထိတ္လန္႔ခဲ့ရတဲ့မိသားစုဝင္မ်ား

သေဆုံးပြီလို့ ယူဆထားတဲ့ အမျိုးသားတစ်ယောက်ဟာ အလောင်းမြှုပ်နှံတော့မယ့်ဆဲဆဲ မိသားစုဝင်တွေရှေ့မှာ ရုတ်တရက်ပေါ်လာခဲ့တာကြောင့် အားလုံးဟာ အံ့အားသင့်ထိတ်လန့်ခဲ့ကြရပါတယ်။ ယင်းအဖြစ်အပျက်ဟာ ပါရာဂွေးနိုင်ငံမှာရှိတဲ့ဆန်တာတီရီဆာအမည်ရ ရွာလေးမှာဖြစ်ပွားခဲ့တာပါ။

အသက်(၂၀)နှစ်အရွယ် ရာမွန်က အိမ်ကိုပြန်မလာတာ ရက်ပေါင်းအတော်ကြာနေပြီဖြစ်တာကြောင့် မိသားစုနဲ့သူငယ်ချင်းတွေက လူပျောက်စာရင်းထဲထည့်ထားခဲ့ကြပါတယ်။ တစ်နေ့မှာ ရဲတွေကလည်း မီးကျွမ်းနေတဲ့ အလောင်းတစ်လောင်းကိုတွေ့ခဲ့တာကြောင့် ရာမွန်ရဲ့မိသားစုဝင်တွေက အလောင်းကို ရာမွန်လို့မှတ်ယူခဲ့ကြပါတယ်။
ရာမွန်နေထိုင်ရာပတ်ဝန်းကျင်မှာလည်း မူးယစ်ဆေးဝါးဂိုဏ်းတွေက ကျင်လည်ကျက်စားနေတာကြောင့် ရာမွန်ဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ပတ်သက်မိပြီး အသတ်ခံခဲ့ရတယ်လို့ မိသားစုက ထင်ခဲ့ကြတာပါ။ ဒါကြောင့် ရဲအဖွဲ့က တွေ့ခဲ့တဲ့မီးသင့်အလောင်းကို အသုဘပြုလုပ်ပေးပြီး ရုပ်ကြွင်းကိုမြှုပ်နှံပစ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

သို့ပေမယ့်လည်း မိသားစုက အခေါင်းထမ်းပြီး မြှုပ်နှံဖို့သွားမယ်အလုပ်မှာ ရာမွန်ဟာ အိမ်ထဲကိုတန်းတန်းမတ်မတ်ကြီးဝင်လာခဲ့ပါတယ်။ ရာမွန်ကိုအရှင်လတ်လတ်တွေ့လိုက်တာကြောင့် ကျန်ရစ်သူမိသားစုခမျာ ရုတ်တရက်ကြက်သေသေခဲ့ရတဲ့အဖြစ်ကတော့ တော်တော်နာမည်ကြီးသွားခဲ့တာပါပဲ..။

Credit-လင်းလင်း (ShweMom)
ေသဆံုးၿပီလို႔ ယူဆထားတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ အေလာင္းျမွဳပ္ႏွံေတာ့မယ့္ဆဲဆဲ မိသားစု၀င္ေတြေရွ႕မွာ ရုတ္တရက္ေပၚလာခဲ့တာေၾကာင့္ အားလံုးဟာ အံ့အားသင့္ထိတ္လန္႔ခဲ့ၾကရပါတယ္။ ယင္းအျဖစ္အပ်က္ဟာ ပါရာေဂြးႏိုင္ငံမွာရွိတဲ့ဆန္တာတီရီဆာအမည္ရ ရြာေလးမွာျဖစ္ပြားခဲ့တာပါ။

အသက္(၂၀)ႏွစ္အရြယ္ ရာမြန္က အိမ္ကိုျပန္မလာတာ ရက္ေပါင္းအေတာ္ၾကာေနၿပီျဖစ္တာေၾကာင့္ မိသားစုနဲ႔သူငယ္ခ်င္းေတြက လူေပ်ာက္စာရင္းထဲထည့္ထားခဲ့ၾကပါတယ္။ တစ္ေန႔မွာ ရဲေတြကလည္း မီးကြ်မ္းေနတဲ့ အေလာင္းတစ္ေလာင္းကိုေတြ႔ခဲ့တာေၾကာင့္ ရာမြန္ရဲ႕မိသားစု၀င္ေတြက အေလာင္းကို ရာမြန္လို႔မွတ္ယူခဲ့ၾကပါတယ္။
ရာမြန္ေနထိုင္ရာပတ္၀န္းက်င္မွာလည္း မူးယစ္ေဆး၀ါးဂိုဏ္းေတြက က်င္လည္က်က္စားေနတာေၾကာင့္ ရာမြန္ဟာ မူးယစ္ေဆး၀ါးဂုိဏ္းေတြနဲ႔ ပတ္သက္မိၿပီး အသတ္ခံခဲ့ရတယ္လို႔ မိသားစုက ထင္ခဲ့ၾကတာပါ။ ဒါေၾကာင့္ ရဲအဖြဲ႔က ေတြ႔ခဲ့တဲ့မီးသင့္အေလာင္းကို အသုဘျပဳလုပ္ေပးၿပီး ရုပ္ၾကြင္းကိုျမွဳပ္ႏွံပစ္ဖို႔ စီစဥ္ခဲ့ၾကပါတယ္။

သို႔ေပမယ့္လည္း မိသားစုက အေခါင္းထမ္းၿပီး ျမွဳပ္ႏွံဖို႔သြားမယ္အလုပ္မွာ ရာမြန္ဟာ အိမ္ထဲကိုတန္းတန္းမတ္မတ္ၾကီး၀င္လာခဲ့ပါတယ္။ ရာမြန္ကိုအရွင္လတ္လတ္ေတြ႔လိုက္တာေၾကာင့္ က်န္ရစ္သူမိသားစုခမ်ာ ရုတ္တရက္ၾကက္ေသေသခဲ့ရတဲ့အျဖစ္ကေတာ့ ေတာ္ေတာ္နာမည္ႀကီးသြားခဲ့တာပါပဲ..။

Credit-လင္းလင္း (ShweMom)

No comments:

Powered by Blogger.