Header Ads

loading...

ေျမာက္ဦးျမိဳ႕တည္ေလးမ်က္နာပုထိုးေတာ္ၾကီးအတြင္းရွိ ဘုရားဆင္းတုေတာ္မ်ားဖ်က္ဆီးခံရ

ရခိုင်ဘုရင်မင်းစောမွန် တည်ထားခဲ့သည့် မြောက်ဦးမြို့တည် လေးမျက်နာ ပုထိုးတော်ကြီးအတွင်းရှိ ဘုရားဆင်တုတော်များဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။

ရှေးဟောင်းအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသန်းမြင့်က “ ဘုရားက ဆင်းတု တစ်ဆယ်ကျော်လောက် ဖျက်ဆီးခံပါတယ်။ ဆင်းတုတော်နှစ်ဆူကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားပါတယ်။ ဆင်းတုတော်တွေကို အမာတစ်ခုခုနဲ့ ထုပြီးဖျက်ဆီးသွားတာပါ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။
မည်သူက ထုခွဲဖျက်ဆီးသည်ကိုမသိရကြောင်း၊ ရွာသားများအပြောအရ အောက်တိုဘာ ၁၇ ရက် ညဉ့်က ဖျက်ဆီးခံရသည်ဟု ပြောကြောင်း၊ ဤကိစ္စနှင့် ပတ်သက်ပြီး ရှေးဟောင်းသုတေသနသို့လည်း တိုင်ကြားထားကြောင်း ဦးသန်းမြင့်က ပြောကြားသည်။
“ ဒီလေးမျက်နာ ပုထိုးတော်ကြီးက သမိုင်းအရ အလွန်အရေးပါတဲ့ ပုထိုးတော်ကြီးဖြစ်ပါတယ်။ အေဒီ ၁၄၃၀ မှာ မြောက်ဦးမြို့တည် ရခိုင်ဘုရင်မင်းစောမွန်က တည်ထားခဲ့တာ ဖြစ်ပါတယ်။ ဗိသုကာ လက်ရာ အလွန်ပြောင်မြောက်တဲ့ ပုထိုးတော်ကြီးဖြစ်သလို ဘုရားဆင်းတုတွေကလည်း အရမ်းသပ္ပါယ်ပါတယ်” ဟု ပြောကြားသည်။

လေးမျက်နာ ပုထိုးတော်ကြီးတွင် တံခါးရှိသော်လည်း တံခါးမှာပျက်စီးနေသဖြင့် အလွယ်တကူ ၀င်ရောက် ဖျက်ဆီးသွားနိုင်ကြခြင်း ဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရှစ်သောင်းဘုရား ဂေါပက ဥက္ကဋ္ဌ ဦးကျော်သိန်းသို့ ဆက်သွယ်ရာ ၎င်းဘုရားတွင် လုံခြုံရေး အာနည်းနေရာမှ ၀င်ရောက်ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
“ ဒီလေးမျက်နာဘုရားကို ကျွန်တော်တို့ ရှစ်သောင်းဘုရားဂေါပက ကိုင်တွယ်မှုအောက်မှာ မရှိပါ။ မြောက်ဦး ရှေးသု လက်အောက်မှာဘဲ ရှိပါတယ်။ တရားစွဲဆိုအမှုဖွင့်မလားဆိုတာကတော့ရှေး/သုကဘဲ သိမှာဖြစ်ပါတယ်။ မနေ့ကတော့ မြို့နယ် ထွေအုပ်က တာဝန်ရှိသူတွေရော၊ ရက်ကွပ်အုပ်ချုပ်ရေးမှူးရော လာရောက်ကြည့်ရှုသွားခဲ့ပါတယ်” ဟု ပြောကြားသည်။

မြောက်ဦး ရှေးဟောင်းသုတေသန ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ သန်းထိုက်သို့ ဆက်သွယ်ရာ သူက “ လုံခြံုရေး အားနည်းတာကတော့ မှန်ကန်ပါတယ်။ ဘုရားတွေ အရမ်းများတော့ ၀န်ထမ်းအင်အားနဲ့ မလုံလောက်ဘူး။ နောင်မှာ ၀န်ထမ်းတွေခန့်ပြီး ဘုရားတွေကို စောင့်ရှောက်သွားနိုင်အောင် စီစဉ်ဆောင်ရွက်ဖို့တော့ ရှိနေပါတယ်” ဟု ပြောကြားသည်။

ယခု ရှေးဟောင်း ဘုရားဆင်းတုတော်များဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့သို့လည်း အကြောင်း ကြားသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်လည်း တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ရှေးဟောင်းသုတေသန ဦးစီးမှူး ဒေါက်တာသန်းထိုက်အပါအဝင် ရှေးဟောင်းအမွေအနှစ် စောင့်ရှောက်ရေ းအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသန်းမြင့်၊ ရှစ်သောင်း ဂေါပက ဥက္ကဋ္ဌ ဦးကျော်သိန်းတို့ မှ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်များမှ ဖျက်ဆီးခြင်းဟု ဒေသခံများမှ သံသယရှိနေကြကြောင်း ပြောဆိုပြီး ဟုတ် မဟုတ်ကို အသေအချာ လေ့လာ စုံစမ်းဖော်ထုတ်သွားမည် ဖြစ်ကြောင်း နိရဥ္စရာမှ ဆက်သွယ်မေးမြန်းစဉ် ပြောကြားကြသည်။


Narinjara
ရခိုင္ဘုရင္မင္းေစာမြန္ တည္ထားခဲ့သည့္ ေျမာက္ဦးျမိဳ႕တည္ ေလးမ်က္နာ ပုထိုးေတာ္ၾကီးအတြင္းရွိ ဘုရားဆင္တုေတာ္မ်ားဖ်က္ဆီးခံရေၾကာင္း သတင္းရရွိသည္။

ေရွးေဟာင္းအေမြအႏွစ္ေစာင့္ေရွာက္ေရးအဖြဲ႕ ဒုဥကၠ႒ ဦးသန္းျမင့္က “ ဘုရားက ဆင္းတု တစ္ဆယ္ေက်ာ္ေလာက္ ဖ်က္ဆီးခံပါတယ္။ ဆင္းတုေတာ္ႏွစ္ဆူကေတာ့ ဆိုးဆိုးရြားရြား ပ်က္စီးသြားပါတယ္။ ဆင္းတုေတာ္ေတြကို အမာတစ္ခုခုနဲ႕ ထုျပီးဖ်က္ဆီးသြားတာပါ” ဟု နိရဥၥရာ သတင္းဌာနသို႕ ေျပာဆိုသည္။
မည္သူက ထုခြဲဖ်က္ဆီးသည္ကိုမသိရေၾကာင္း၊ ရြာသားမ်ားအေျပာအရ ေအာက္တိုဘာ ၁၇ ရက္ ညဥ့္က ဖ်က္ဆီးခံရသည္ဟု ေျပာေၾကာင္း၊ ဤကိစၥႏွင့္ ပတ္သက္ျပီး ေရွးေဟာင္းသုေတသနသို႕လည္း တိုင္ၾကားထားေၾကာင္း ဦးသန္းျမင့္က ေျပာၾကားသည္။
“ ဒီေလးမ်က္နာ ပုထိုးေတာ္ၾကီးက သမိုင္းအရ အလြန္အေရးပါတဲ့ ပုထိုးေတာ္ၾကီးျဖစ္ပါတယ္။ ေအဒီ ၁၄၃၀ မွာ ေျမာက္ဦးျမိဳ႕တည္ ရခိုင္ဘုရင္မင္းေစာမြန္က တည္ထားခဲ့တာ ျဖစ္ပါတယ္။ ဗိသုကာ လက္ရာ အလြန္ေျပာင္ေျမာက္တဲ့ ပုထိုးေတာ္ၾကီးျဖစ္သလို ဘုရားဆင္းတုေတြကလည္း အရမ္းသပၸါယ္ပါတယ္” ဟု ေျပာၾကားသည္။

ေလးမ်က္နာ ပုထိုးေတာ္ၾကီးတြင္ တံခါးရွိေသာ္လည္း တံခါးမွာပ်က္စီးေနသျဖင့္ အလြယ္တကူ ၀င္ေရာက္ ဖ်က္ဆီးသြားႏိုင္ၾကျခင္း ျဖစ္ေၾကာင္း သူက ဆက္လက္ေျပာဆိုသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္ျပီး ရွစ္ေသာင္းဘုရား ေဂါပက ဥကၠ႒ ဦးေက်ာ္သိန္းသို႕ ဆက္သြယ္ရာ ၎ဘုရားတြင္ လံုျခံဳေရး အာနည္းေနရာမွ ၀င္ေရာက္ဖ်က္ဆီးခံရျခင္း ျဖစ္ေၾကာင္း ေျပာၾကားသည္။
“ ဒီေလးမ်က္နာဘုရားကို ကၽြန္ေတာ္တို႕ ရွစ္ေသာင္းဘုရားေဂါပက ကိုင္တြယ္မႈေအာက္မွာ မရွိပါ။ ေျမာက္ဦး ေရွးသု လက္ေအာက္မွာဘဲ ရွိပါတယ္။ တရားစြဲဆိုအမႈဖြင့္မလားဆိုတာကေတာ့ေရွး/သုကဘဲ သိမွာျဖစ္ပါတယ္။ မေန႕ကေတာ့ ျမိဳ႕နယ္ ေထြအုပ္က တာ၀န္ရွိသူေတြေရာ၊ ရက္ကြပ္အုပ္ခ်ဳပ္ေရးမွဴးေရာ လာေရာက္ၾကည့္ရႈသြားခဲ့ပါတယ္” ဟု ေျပာၾကားသည္။

ေျမာက္ဦး ေရွးေဟာင္းသုေတသန ဦးစီးဌာန ဦးစီးမွဴး ေဒါက္တာ သန္းထိုက္သို႕ ဆက္သြယ္ရာ သူက “ လံုျခံဳေရး အားနည္းတာကေတာ့ မွန္ကန္ပါတယ္။ ဘုရားေတြ အရမ္းမ်ားေတာ့ ၀န္ထမ္းအင္အားနဲ႕ မလံုေလာက္ဘူး။ ေနာင္မွာ ၀န္ထမ္းေတြခန္႕ျပီး ဘုရားေတြကို ေစာင့္ေရွာက္သြားႏိုင္ေအာင္ စီစဥ္ေဆာင္ရြက္ဖို႕ေတာ့ ရွိေနပါတယ္” ဟု ေျပာၾကားသည္။

ယခု ေရွးေဟာင္း ဘုရားဆင္းတုေတာ္မ်ားဖ်က္ဆီးခံရျခင္းႏွင့္ ပတ္သက္ျပီး ရဲတပ္ဖြဲ႕သို႕လည္း အေၾကာင္း ၾကားသြားမည္ ျဖစ္ေၾကာင္း၊ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားႏွင့္လည္း တိုင္ပင္ေဆြးေႏြးျပီး ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

ေရွးေဟာင္းသုေတသန ဦးစီးမွဴး ေဒါက္တာသန္းထိုက္အပါအ၀င္ ေရွးေဟာင္းအေမြအႏွစ္ ေစာင့္ေရွာက္ေရ းအဖြဲ႕ ဒုဥကၠ႒ ဦးသန္းျမင့္၊ ရွစ္ေသာင္း ေဂါပက ဥကၠ႒ ဦးေက်ာ္သိန္းတို႕ မွ မူးယစ္ေဆး၀ါးသံုးစြဲသူ လူငယ္မ်ားမွ ဖ်က္ဆီးျခင္းဟု ေဒသခံမ်ားမွ သံသယရွိေနၾကေၾကာင္း ေျပာဆိုျပီး ဟုတ္ မဟုတ္ကုိ အေသအခ်ာ ေလ့လာ စံုစမ္းေဖာ္ထုတ္သြားမည္ ျဖစ္ေၾကာင္း နိရဥၥရာမွ ဆက္သြယ္ေမးျမန္းစဥ္ ေျပာၾကားၾကသည္။


Narinjara

No comments:

Powered by Blogger.