loading...
တိဘက်ဒေသ မြေပျို လူ ၆ဝဝဝ ရွှေ့ပြောင်း
တရုတ်နဲ့ အိန္ဒိယကြား တိဘက်ဒေသမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒေသခံ လူ ၆ ထောင်လောက်ကို နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အဲဒီလို မြစ်ကြောင်းပိတ်သွားခဲ့တဲ့အတွက် ရေလှောင်ကန်ကြီးတခု သဖွယ်ဖြစ်လာခဲ့ပြီး၊ ရေကြီးရေလျှံလာမှာကို စိုးရိမ်ရတဲ့အတွက် ဒေသခံတွေကို ရွှေ့ပြောင်းပေးခဲ့ရတာပါ။
အဲဒီကန်ထဲကရေဟာ ပေ ၁၃၀ လောက်အထိ မြင့်တက်လာခဲ့လို့၊ ကန်ကျိုးသွားခဲ့ရင် အောက်ဘက်မှာရှိတဲ့ အိန္ဒိယဘက်ခြမ်းက နယ်မြေတွေအတွက် စိုးရိမ်စရာဖြစ်လာနေပါတယ်။
အခုထိ လူအသေအပျောက် အထိအခိုက်မရှိသေးပေမဲ့၊ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး တရုတ်က အိန္ဒိယအစိုးရကို သတင်းပေးပို့နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၀ ပြည့်နှစ် ဇွန်လကလည်း အဲဒီနေရာမှာပဲ ရေကြီးလာခဲ့တဲ့အတွက် အိန္ဒိယဘက်ခြမ်း အနူရာချယ်ပရာဒက် ပြည်နယ်နဲ့ အောက်ပိုင်းဒေသတချို့မှာ ထိခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
RFA Burmese

No comments: