Header Ads

loading...

ေသဒဏ္ခ်မွတ္ခံရသူ(၈၁)ဦးကို ကြပ္မ်က္ဖုိ႔ ပါးကြက္သားေတြ အလုိရွိေနတဲ့ ဇင္ဘာေဘြႏုိင္ငံ

ဇင်ဘာဘွေနိုင်ငံဟာ အကျဉ်းထောင်ထဲမှာ သေဒဏ်စောင့်ဆိုင်းနေရတဲ့ ဥပဒေအရ သေဒဏ်ကျခံပြီးသား အကျဉ်းသား (၈၁)ဦးကို ကွပ်မျက်ဖို့အတွက် ပါးကွက်သားအလုပ်လျှောက်လွှာတွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအလုပ်ဟာ ငွေဝင်ကြမ်းနိုင်သော်လည်း သူများအသက်ကို ရက်ရက်စက်စက် သတ်ရမယ့်အလုပ်မို့ လျှောက်ထားသူ မရှိသေးပါဘူး။
ဒါပေမယ့် ဇင်ဘာဘွေနိုင်ငံမှာ သေဒဏ်စီရင်မှုကို ဖျက်သိမ်းဖို့ တောင်းဆိုမှုတွေလည်း ရှိနေပြီး (၂၀၀၅)ခုနှစ် နောက်ပိုင်းကတည်းက အစိုးရက သေဒဏ်စီရင်မှုဆိုတာ မရှိခဲ့သေးပါဘူး။ ဒါပေမယ့် သေဒဏ်ကိုတော့ ဖျက်သိမ်းခြင်းမရှိသေးဘဲ သေဒဏ်ထိုက်လောက်တဲ့ ပြစ်မှုကျူးလွန်သူများကို သူတို့နိုင်ငံရဲ့ ဥပဒေနဲ့အညီ သေဒဏ်ကျခံဖို့ တရားစီရင်နေဆဲပါ။

သို့သော်လည်း လက်ရှိအချိန်မှာ သေဒဏ်ကျခံရပြီး၊ သေဒဏ်ကို စောင့်ဆိုင်းနေရတဲ့ အကျဉ်းသားပေါင်း (၈၁)ဦးအထိ ရှိလာခဲ့ရာ၊ ကွပ်မျက်ပေးမယ့် ဝန်ထမ်းတွေ မခန့်အပ်နိုင်သေးတဲ့အတွက်၊ သူတို့တစ်တွေဟာ တစ်နေ့မှာ အသတ်ခံရလေမလားဆိုတာ အတော်လေး မသေချာတဲ့ အနာဂတ်ပဲဖြစ်နေပါတယ်

ဇင်ဘာဘွေအစိုးရကနေ တရားဝင် ခန့်အပ်ထားတဲ့ ပါးကွက်သွားဝန်ထမ်းဟာ (၂၀၀၆)ခုနှစ်မှာ လုပ်ငန်းကနေ သက်ပြည့်ပင်စင်ယူသွားခဲ့ပြီး၊ အဲဒီနောက်မှာတော့ ဒီအလုပ်ကို အစိုးရဘက်က သက်ဆိုင်ရာ ဌာနအသီးသီးမှာ ကြိတ်ပြီးခေါ်နေပေမယ့် (၁၂)နှစ်တာကာက ကြာမြင့်သည်အထိ လျှောက်ထားသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဇင်ဘာဘွေနိုင်ငံမှာ တိုင်းပြည်ဘဏ္ဍာ ချွေတာတဲ့အနေနဲ့ သေဒဏ်ကျခံရတဲ့ အကျဉ်းသားတွေကို အများအားဖြင့် ကြိူးပေးကွပ်မျက်ခဲ့လေ့ရှိပါတယ်။ ယခင်က သေနတ်ပစ်ပါးကွက်သားအဖွဲ့ကို အစိုးရဘက်က စီစဉ်ပေးပေမယ့် နောက်ပိုင်းမှာ ဖျက်သိမ်းပြီး ကြိုးပေးတဲ့အလေ့အထကိုသာ သုံးပါတော့တယ်။ အခုထက်ထိတော့ သေဒဏ်ကျခံရသူတွေဟာ စိတ်အေးလက်အေးနဲ့ အသက်ရှင်ရက်တွေကို ခံစားနေထိုင်နေကြဆဲပါ။

Credit:လင်းသူရိန် (MyanmarNote)

ဇင္ဘာေဘြႏုိင္ငံဟာ အက်ဥ္းေထာင္ထဲမွာ ေသဒဏ္ေစာင့္ဆုိင္းေနရတဲ့ ဥပေဒအရ ေသဒဏ္က်ခံၿပီးသား အက်ဥ္းသား (၈၁)ဦးကို ကြပ္မ်က္ဖုိ႔အတြက္ ပါးကြက္သားအလုပ္ေလွ်ာက္လႊာေတြ ေခၚယူေနတယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ ဒီအလုပ္ဟာ ေငြဝင္ၾကမ္းႏုိင္ေသာ္လည္း သူမ်ားအသက္ကုိ ရက္ရက္စက္စက္ သတ္ရမယ့္အလုပ္မုိ႔ ေလွ်ာက္ထားသူ မရွိေသးပါဘူး။
ဒါေပမယ့္ ဇင္ဘာေဘြႏုိင္ငံမွာ ေသဒဏ္စီရင္မႈကို ဖ်က္သိမ္းဖုိ႔ ေတာင္းဆုိမႈေတြလည္း ရွိေနၿပီး (၂၀၀၅)ခုႏွစ္ ေနာက္ပိုင္းကတည္းက အစိုးရက ေသဒဏ္စီရင္မႈဆုိတာ မရွိခဲ့ေသးပါဘူး။ ဒါေပမယ့္ ေသဒဏ္ကိုေတာ့ ဖ်က္သိမ္းျခင္းမရွိေသးဘဲ ေသဒဏ္ထုိက္ေလာက္တဲ့ ျပစ္မႈက်ဴးလြန္သူမ်ားကို သူတုိ႔ႏုိင္ငံရဲ႕ ဥပေဒနဲ႔အညီ ေသဒဏ္က်ခံဖုိ႔ တရားစီရင္ေနဆဲပါ။

သုိ႔ေသာ္လည္း လက္ရွိအခ်ိန္မွာ ေသဒဏ္က်ခံရၿပီး၊ ေသဒဏ္ကို ေစာင့္ဆုိင္းေနရတဲ့ အက်ဥ္းသားေပါင္း (၈၁)ဦးအထိ ရွိလာခဲ့ရာ၊ ကြပ္မ်က္ေပးမယ့္ ဝန္ထမ္းေတြ မခန္႔အပ္ႏုိင္ေသးတဲ့အတြက္၊ သူတုိ႔တစ္ေတြဟာ တစ္ေန႔မွာ အသတ္ခံရေလမလားဆုိတာ အေတာ္ေလး မေသခ်ာတဲ့ အနာဂတ္ပဲျဖစ္ေနပါတယ္

ဇင္ဘာေဘြအစိုးရကေန တရားဝင္ ခန္႔အပ္ထားတဲ့ ပါးကြက္သြားဝန္ထမ္းဟာ (၂၀၀၆)ခုႏွစ္မွာ လုပ္ငန္းကေန သက္ျပည့္ပင္စင္ယူသြားခဲ့ၿပီး၊ အဲဒီေနာက္မွာေတာ့ ဒီအလုပ္ကို အစုိးရဘက္က သက္ဆုိင္ရာ ဌာနအသီးသီးမွာ ႀကိတ္ၿပီးေခၚေနေပမယ့္ (၁၂)ႏွစ္တာကာက ၾကာျမင့္သည္အထိ ေလွ်ာက္ထားသူ မရွိခဲ့ဘူးလုိ႔ သိရပါတယ္။

ဇင္ဘာေဘြႏုိင္ငံမွာ တုိင္းျပည္ဘ႑ာ ေခၽြတာတဲ့အေနနဲ႔ ေသဒဏ္က်ခံရတဲ့ အက်ဥ္းသားေတြကို အမ်ားအားျဖင့္ ႀကိဴးေပးကြပ္မ်က္ခဲ့ေလ့ရွိပါတယ္။ ယခင္က ေသနတ္ပစ္ပါးကြက္သားအဖြဲ႕ကို အစုိးရဘက္က စီစဥ္ေပးေပမယ့္ ေနာက္ပုိင္းမွာ ဖ်က္သိမ္းၿပီး ႀကိဳးေပးတဲ့အေလ့အထကိုသာ သုံးပါေတာ့တယ္။ အခုထက္ထိေတာ့ ေသဒဏ္က်ခံရသူေတြဟာ စိတ္ေအးလက္ေအးနဲ႔ အသက္ရွင္ရက္ေတြကို ခံစားေနထိုင္ေနၾကဆဲပါ။

Credit:လင္းသူရိန္ (MyanmarNote)

No comments:

Powered by Blogger.