loading...
ရန္ျဖစ္တဲ့ ရွမ္းလူငယ္ ၂၀ ခ်င္းမုိင္မွာ ဖမ္းဆီးခံရ
ထိုုင္းႏိုင္ငံ မွာအခုတေလာ ဆက္တိုက္ဖမ္းဆီးမူေတြအတြင္း ထုိင္းေျမာက္ပိုုင္း ခ်င္းမိုုင္ျမိဳ ့က်ံဳးလမ္းပတ္လည္နဲ ့ ျမစ္ကူး သံတံတားတ၀ိုုက္မွာ အဖမ္းခံရတဲ့ ျမန္မာ ႏိုင္ငံသား ရွမ္းတိုင္းရင္းသားလူငယ္ ၂၄ ဦမွာ ၁၈ဦးဟာ အုုပ္စုုလိုုက္ ခိုုက္ရန္ျဖစ္ပြားေနၾကတဲ့ အမႈေတြနဲ ့ ပါ၀င္ပတ္သက္ေနတယ္လို႔ ထုိင္းအာဏာပုိင္ေတြကဆိုပါတယ္။ သူတုိ႔ ထံကေန သံလက္သီ၊း ေလးခြ၊ ဓါး လက္နက္ေတြ ဖမ္းမိခဲ့တယ္လို ့ထုိင္းအာဏာပိုင္ေတြက ေျပာပါတယ္ ။ ထိုင္းအေျခစိုက္ VOA ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာကသတင္းေပးပုိ႔ထားပါတယ္။
ထုိင္းႏုိင္ငံမွာ တရားမ၀င္ႏိုင္ငံျခားသားေတြကို ဆက္တုိက္ဖမ္းဆီးမူေတြလုပ္ခဲ့ျပီး ရာဇ၀တ္မူေတြနဲ႕ ပတ္သက္သူေတြကိုလည္း လုိက္လံရွာေဖြ ဖမ္းဆီးေနရာမွာ ဒီရက္ပုိင္းအတြင္း ခ်င္းမုိင္ျမိဳ႕မွာဖမ္းမိတဲ့ ရွမ္းလူူငယ္ ၂၀ေက်ာ္ထဲမွာ အုပ္စုဖဲြ႕ ရန္ျဖစ္တဲ့ အမူေတြနဲ႕ ပတ္သက္သူေတြ အမ်ားစုျဖစ္ေနတယ္လို႔ ထုိင္းအာဏာပုိင္ေတြက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒီအတြက္ ေအးေအးေဆးေဆးေနလိုတဲ့ ရွမ္းလူမ်ိုးအတြက္ ေနရထုိင္ရခက္လာေၾကာင္း ခ်င္းမုိင္ျမိဳ႕က ရွမ္းအမ်ိဳဳးသမီးတဦးက ေျပာျပပါတယ္။
"ရန္ျဖစ္လို႕ အဖမ္းခံရတယ္။ လူ ၂၀ေက်ာ္တယ္ အရင္ကျမန္မာေတြပဲေျပာေတာ့ျမန္မာေတြေနရခက္တယ္ အခုေတာ့ ရွမ္းေတြပဲ ေျပာခံေနရတယ္ ရွမ္္းေတြက ပုိထၾကြလာလို ့ ရွမ္းေတြလည္းေနရခက္လာတယ္"
အခုဖမ္းဆီးခံရတဲ့ ရွမ္းလူငယ္ေတြထံကေန သံလက္သီး- ေလးခြ-ဓါး စတဲ့လက္နက္
ေတြကို ရွာေဖြေတြ ့ရွိခဲ့တယ္လို ့ထိုင္းအာဏာပုိင္ေတြကို ကိုးကားျပီး
ထိုုင္း သတင္းေတြ မွာလည္း ေဖာ္ျပေနပါတယ္။
ခ်င္းမိုင္၊ ခ်င္းရိုင္ ၊ ခ်င္းေတာင္းစတဲ့ ေနရာေတြက သြားလာတဲ့ ကားေတြမွာအစစ္ေဆးေတြမ်ားျပီး ဂိတ္ေတြကေန လက္နက္ေတြပါမပါ တင္းတင္းၾကပ္ၾကပ္စစ္ေဆးမူေတြလုပ္လာတယ္လုိ႔လည္း သူကဆုိပါတယ္။
" ဘာေၾကာင့္ဖမ္းသလဲေတာ့ မသိဘူး။ မေန႕က ခရီးထြက္တာ အစစ္ေဆးေတြပိုမ်ားလာတယ္ ေယာက္က်ားေလးေတြဆုိပိုစစ္တယ္။ လက္နက္ေတြပါမွာစိုးလို ့စစ္သလားလို႔ လားေပါ့ ညတုိင္းစစ္တာေတာ့ေတြ ့တယ္။ ဂိတ္ေတြအရမ္းမ်ား လာတာ ဘာေၾကာင့္မို႔လဲမသိဘူး"
အခုလိုစီမံခ်က္နဲ ့ ဖမ္းခဲ့ရတာဟာ ညပိုုင္း မွာ အုပ္စုုဖြဲ ့ေသာက္စားၾကရင္း အခ်င္းခ်င္း ရန္ျဖစ္တာ ထိုုင္းနိုင္ငံသားေတြနဲ ့ ရန္ျဖစ္တာအျပင္ ကမၻာလွည့္ခရီးသြားေတြကို ၀ိုင္းရိုက္တာ ကမၻာလွည္႕ ခရီးသြားအမ်ိဳးသမီးတဦးကို အဓမၼျပဳက်င့္မူေတြလုပ္တာေတြေၾကာင့္ဖမ္းဆီးမူေတြကို ပုိၿပီးတင္းၾကပ္မူေတြပိုလုပ္လာတာေတြ႕ရတယ္လို ့ ခ်င္းမုိင္မွ ာအလုပ္လုပ္ေနတဲ့ ရွမး္လူမ်ိဳးေတြကဆုိပါတယ္။
ခ်င္းမိုုင္ၿမိဳ ့ ဟာ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ ကေန ၀င္ေရာက္ အေျခခ် ေနထိုုင္ေနၾကတဲ့ ရွမ္းတိုင္းရင္းသားေတြ သိန္းနဲ ့ခ်ီရွီေနပါတယ္။ ျမိဳ ့တြင္းကဘုရားေတြ နဲ ့ ဘုန္းေတာ္ၾကီးေက်ာင္ေတြ လမ္းေတြရဲ႕ နာမည္ေတြမွ ာရွမ္းဘာသာနဲ ့ေတာင္ ေရးထားၾကတာေတာင္ေတြ ့ရသလို ့ေရႊ႕ေျပာင္းအလုပ္သမားအမ်ားစုကလည္း ရွမး္မ်ိဳးႏြယ္စုေတြျဖစ္ၾကပါတယ္။
မေအးေအးမာ/ ဗြီအိုေအ (ျမန္မာပုိင္း)
ထိုင်းနိုင်ငံ မှာအခုတလော ဆက်တိုက်ဖမ်းဆီးမူတွေအတွင်း ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ကျုံးလမ်းပတ်လည်နဲ့ မြစ်ကူး သံတံတားတဝိုက်မှာ အဖမ်းခံရတဲ့ မြန်မာ နိုင်ငံသား ရှမ်းတိုင်းရင်းသားလူငယ် ၂၄ ဦမှာ ၁၈ဦးဟာ အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားနေကြတဲ့ အမှုတွေနဲ့ ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ သူတို့ ထံကနေ သံလက်သီ၊း လေးခွ၊ ဓါး လက်နက်တွေ ဖမ်းမိခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေက ပြောပါတယ် ။ ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမှာ တရားမဝင်နိုင်ငံခြားသားတွေကို ဆက်တိုက်ဖမ်းဆီးမူတွေလုပ်ခဲ့ပြီး ရာဇဝတ်မူတွေနဲ့ ပတ်သက်သူတွေကိုလည်း လိုက်လံရှာဖွေ ဖမ်းဆီးနေရာမှာ ဒီရက်ပိုင်းအတွင်း ချင်းမိုင်မြို့မှာဖမ်းမိတဲ့ ရှမ်းလူူငယ် ၂၀ကျော်ထဲမှာ အုပ်စုဖွဲ့ ရန်ဖြစ်တဲ့ အမူတွေနဲ့ ပတ်သက်သူတွေ အများစုဖြစ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီအတွက် အေးအေးဆေးဆေးနေလိုတဲ့ ရှမ်းလူမျိုးအတွက် နေရထိုင်ရခက်လာကြောင်း ချင်းမိုင်မြို့က ရှမ်းအမျိုုးသမီးတဦးက ပြောပြပါတယ်။
"ရန်ဖြစ်လို့ အဖမ်းခံရတယ်။ လူ ၂၀ကျော်တယ် အရင်ကမြန်မာတွေပဲပြောတော့မြန်မာတွေနေရခက်တယ် အခုတော့ ရှမ်းတွေပဲ ပြောခံနေရတယ် ရှမ်းတွေက ပိုထကြွလာလို့ ရှမ်းတွေလည်းနေရခက်လာတယ်"
အခုဖမ်းဆီးခံရတဲ့ ရှမ်းလူငယ်တွေထံကနေ သံလက်သီး- လေးခွ-ဓါး စတဲ့လက်နက်
တွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး
ထိုင်း သတင်းတွေ မှာလည်း ဖော်ပြနေပါတယ်။
ချင်းမိုင်၊ ချင်းရိုင် ၊ ချင်းတောင်းစတဲ့ နေရာတွေက သွားလာတဲ့ ကားတွေမှာအစစ်ဆေးတွေများပြီး ဂိတ်တွေကနေ လက်နက်တွေပါမပါ တင်းတင်းကြပ်ကြပ်စစ်ဆေးမူတွေလုပ်လာတယ်လို့လည်း သူကဆိုပါတယ်။
" ဘာကြောင့်ဖမ်းသလဲတော့ မသိဘူး။ မနေ့က ခရီးထွက်တာ အစစ်ဆေးတွေပိုများလာတယ် ယောက်ကျားလေးတွေဆိုပိုစစ်တယ်။ လက်နက်တွေပါမှာစိုးလို့စစ်သလားလို့ လားပေါ့ ညတိုင်းစစ်တာတော့တွေ့တယ်။ ဂိတ်တွေအရမ်းများ လာတာ ဘာကြောင့်မို့လဲမသိဘူး"
အခုလိုစီမံချက်နဲ့ ဖမ်းခဲ့ရတာဟာ ညပိုင်း မှာ အုပ်စုဖွဲ့သောက်စားကြရင်း အချင်းချင်း ရန်ဖြစ်တာ ထိုင်းနိုင်ငံသားတွေနဲ့ ရန်ဖြစ်တာအပြင် ကမ္ဘာလှည့်ခရီးသွားတွေကို ဝိုင်းရိုက်တာ ကမ္ဘာလှည့် ခရီးသွားအမျိုးသမီးတဦးကို အဓမ္မပြုကျင့်မူတွေလုပ်တာတွေကြောင့်ဖမ်းဆီးမူတွေကို ပိုပြီးတင်းကြပ်မူတွေပိုလုပ်လာတာတွေ့ရတယ်လို့ ချင်းမိုင်မှ ာအလုပ်လုပ်နေတဲ့ ရှမ်းလူမျိုးတွေကဆိုပါတယ်။
ချင်းမိုင်မြို့ ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကနေ ဝင်ရောက် အခြေချ နေထိုင်နေကြတဲ့ ရှမ်းတိုင်းရင်းသားတွေ သိန်းနဲ့ချီရှီနေပါတယ်။ မြို့တွင်းကဘုရားတွေ နဲ့ ဘုန်းတော်ကြီးကျောင်တွေ လမ်းတွေရဲ့ နာမည်တွေမှ ာရှမ်းဘာသာနဲ့တောင် ရေးထားကြတာတောင်တွေ့ရသလို့ရွှေ့ပြောင်းအလုပ်သမားအများစုကလည်း ရှမ်းမျိုးနွယ်စုတွေဖြစ်ကြပါတယ်။
မအေးအေးမာ/ ဗွီအိုအေ (မြန်မာပိုင်း)

No comments: