Header Ads
loading...
ခရီးသည်များလုံခြုံစိတ်ချစွာသွားလာနိုင်ရေး Oway Ride အက်ပလီကေးရှင်းစတင်မိတ်ဆက်
ခရီးသည်များလုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် Oway Ride အက်ပလီကေးရှင်းကို မီနီအိုးဝေမှ အခုလ ၁၈ ရက်က စတင်မိတ်ဆက်ခဲ့သည်။
အဆိုပါ အက်ပလီကေးရှင်းကို ယနေ့ (အောက်တိုဘာ ၁၉ )တွင်စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ အက်ပလီကေးရှင်းတွင် အရေးပေါ်အခြေအနေကြံုလာပါက SOS Button ကိုနှိပ်ပြီး အနီးကပ်ဆုံးလူတွေဆီ အကူအညီရောက်နိုင်သည့် စနစ်များပါရှိခြင်း၊ မိမိသွားနေသည့်ခရီးစဉ်ကို မိသားစုများထံ လမ်းကြောင်း ကြည့်ရှုနိုင်ခြင်းများ ပါဝင်ကြောင်းသိရသည်။
‘ဒီဆော့ဝဲရဲ့အဓိကအားသာချက်က တကယ်လို့ ညဘက်မီနီအိုးဝေစီးနေရင်း အရေးပေါ်အခြေ အနေတစ်ခုကြံုလာခဲ့ရင်SOS Button ကိုနှိပ်လိုက်ရင် အနီးကပ်ဆုံးက လူတွေဆီအကူညီရောက် နိုင်သလို ကျွန်တော်တို့ရဲ့ Call Center မှာလည်း Alert ပေးမှာဖြစ်ပါတယ်’ဟု မီနီအိုးဝေ ကုမ္ပဏီ၏ စီနီယာဒါရိုက်တာ ကိုကျော်မင်းဆွေကပြောသည်။
မီနီအိုးဝေ၏ယာဉ်တိုင်းတွင် မောင်းနှင်သူ၏ ဓာတ်ပုံ ၊ မှတ်ပုံတင်နံပါတ်များ ပါဝင်ပြီး လုံခြံုရေးအတွက် မှတ်တမ်းများရယူနိုင်ကြောင်းသိရသည်။
မန္တလေးမြို့တွင် မီနီးအိုးဝေဖြင့် ချိတ်ဆက်ဆောင်ရွက်သည့် သုံးဘီးအစီးရေ ၅၀၀ ရှိပြီး သုံးဘီးဆိုင်ကယ်များ၏ စည်းကမ်းချက်နှင့် ပတ်သက်ပြီး မန္တလေးမြို့တော်စည်ပင်နှင့် တွေဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
အိမို့မို့ခိုင်
Myanmar Digital News
‘ဒီဆော့ဝဲရဲ့အဓိကအားသာချက်က တကယ်လို့ ညဘက်မီနီအိုးဝေစီးနေရင်း အရေးပေါ်အခြေ အနေတစ်ခုကြုံလာခဲ့ရင်SOS Button ကိုနှိပ်လိုက်ရင် အနီးကပ်ဆုံးက လူတွေဆီအကူညီရောက် နိုင်သလို ကျွန်တော်တို့ရဲ့ Call Center မှာလည်း Alert ပေးမှာဖြစ်ပါတယ်’ဟု မီနီအိုးဝေ ကုမ္ပဏီ၏ စီနီယာဒါရိုက်တာ ကိုကျော်မင်းဆွေကပြောသည်။
မီနီအိုးဝေ၏ယာဉ်တိုင်းတွင် မောင်းနှင်သူ၏ ဓာတ်ပုံ ၊ မှတ်ပုံတင်နံပါတ်များ ပါဝင်ပြီး လုံခြုံရေးအတွက် မှတ်တမ်းများရယူနိုင်ကြောင်းသိရသည်။
အိမို့မို့ခိုင်
Myanmar Digital News
No comments:
Powered by Blogger.