Header Ads

loading...

ခ်စ္တာက ခ်စ္တာပဲ ခႏၶာျဖင္႔ ရင္းဖို႔အထိ မဆံုးျဖတ္လိုက္ပါနဲ႔

ညီမငယ်လေးများ ဖတ်ဖို့အတွက်

ချစ်တာက ချစ်တာပဲ

ခန္ဓာဖြင့် ရင်းဖို့အထိ မဆုံးဖြတ်လိုက်ပါနဲ့

နှလုံးသားဖြင့်သာ တိုင်တည်ပါ

ဆင်ခြင်တုံးတရား ရှိပါစေ ညီမငယ်

ချစ်တာက ချစ်တာပဲ

အစွဲအလန်းအထိ မဉီးခိုက်ပါနဲ့

ဒူးထောက်အရှုံးပေးရသည့်အခါ မိမိပဲ နစ်နာမည်

မိမိအမှားအတွက် သန္ဓေသားအပြစ်ကင်းစင်ဖို့

မရူးမိုက်လိုက်စမ်းပါနဲ့ ညီမငယ်

ချစ်တာက ချစ်တာပဲ

ယုံကြည်မှုတော့ မလွန်ကဲသင့်ဘူး

အနာဂတ်ဆိုတာ ကြိုတင်ခန်းမှန်းပိုင်ခွင့်မရှိဘူး

ထိုကြောင့် ကြိုတင်ပြင်ဆင်နိုင်ဖို့

မိမိကိုယ်ကို ထိန်းသိမ်းပါ ညီမငယ်

ချစ်တာက ချစ်တာပဲ

ရှေ့ဖြစ်တွေအား နမူနာယူ

သင်ခန်းစာအဖြစ် သက်မှတ်

ဘဝအတွက်တော့ အမဲစက်မထင်စေနဲ့

သေချာစွာဆုံးဖြတ်ပြီးမှ ပြတ်သားပစ်ပါ ညီမငယ်

ချစ်တာက ချစ်တာပဲ

အသားမစားသည့် ကျားရယ်ဆိုတာ

ဥပုတ်သီလမှာတောင် မရှိတော့ဘူး

ဒါဟာ အကျွန်ုပ်အပါအဝင်မို့

အထူးသတိပြုပါ ညီမငယ်

ချစ်တာက ချစ်တာပဲ

တစ်ရှက်ထက် နှစ်ရှက်မဖြစ်အောင်

ပြုပြင်လိုက်စမ်းပါ ကံကြမ္မာကို ပုံအပ်တိုင်း

အနာဂတ်လှမယ် မထင်လိုက်နဲ့

တစ်ခါတလေ မိမိကိုယ်တိုင် ဘဝကို

ထုစစ်နိုင်မှ တော်ရာကျမယ် ညီမငယ်

ချစ်တာက ချစ်တာပဲ

ပြောနေတဲ့ ကြားကနေ အချစ်ကို

ဘုရားတစ်ဆူလို ကိုးကွယ်နေရင်လည်း

ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ နောင်ကြုံလာမှ

သက်ပြင်းမချမိပါစေနဲ့ ညီမငယ်

ချစ်တာက ချစ်တာပဲ

ကျူးလွန်ပြီးခါမှ ပတ်မရမ်းပါနဲ့

လမ်းပြခဲ့တုန်းကတောင် ခေါင်းခါခဲ့သေးတာပဲလေ

ဖြစ်လာသမျှအကြောင်းမှတ်ပြီး ခါးသည်းစွာ ခံယူပါ

မိမိယူခဲ့သည့် မီး မိမိကိုယ်တိုင်ပဲ ငြိမ်းစေလော့ ့့့့့့့့့့့့။ ။


Credit: နွေမိုးသား
ညီမငယ္ေလးမ်ား ဖတ္ဖို႔အတြက္

ခ်စ္တာက ခ်စ္တာပဲ

ခႏၶာျဖင္႔ ရင္းဖို႔အထိ မဆံုးျဖတ္လိုက္ပါနဲ႔

ႏွလံုးသားျဖင္႔သာ တိုင္တည္ပါ

ဆင္ျခင္တံုးတရား ရိွပါေစ ညီမငယ္

ခ်စ္တာက ခ်စ္တာပဲ

အစြဲအလန္းအထိ မဉီးခိုက္ပါနဲ႔

ဒူးေထာက္အရံႈးေပးရသည္႔အခါ မိမိပဲ နစ္နာမည္

မိမိအမွားအတြက္ သေႏၶသားအျပစ္ကင္းစင္ဖို႔

မရူးမိုက္လိုက္စမ္းပါနဲ႔ ညီမငယ္

ခ်စ္တာက ခ်စ္တာပဲ

ယံုျကည္မႈေတာ႔ မလြန္ကဲသင္႔ဘူး

အနာဂတ္ဆိုတာ ျကိုတင္ခန္းမွန္းပိုင္ခြင္႔မရိွဘူး

ထိုေျကာင္႔ ျကိုတင္ျပင္ဆင္နိုင္ဖို႔

မိမိကိုယ္ကို ထိန္းသိမ္းပါ ညီမငယ္

ခ်စ္တာက ခ်စ္တာပဲ

ေရွ႕ျဖစ္ေတြအား နမူနာယူ

သင္ခန္းစာအျဖစ္ သက္မွတ္

ဘဝအတြက္ေတာ႔ အမဲစက္မထင္ေစနဲ႔

ေသခ်ာစြာဆံုးျဖတ္ျပီးမွ ျပတ္သားပစ္ပါ ညီမငယ္

ခ်စ္တာက ခ်စ္တာပဲ

အသားမစားသည္႔ က်ားရယ္ဆိုတာ

ဥပုတ္သီလမွာေတာင္ မရိွေတာ႔ဘူး

ဒါဟာ အကြ်န္ုပ္အပါအဝင္မို႔

အထူးသတိျပုပါ ညီမငယ္

ခ်စ္တာက ခ်စ္တာပဲ

တစ္ရွက္ထက္ ႏွစ္ရွက္မျဖစ္ေအာင္

ျပုျပင္လိုက္စမ္းပါ ကံျကမၼာကို ပံုအပ္တိုင္း

အနာဂတ္လွမယ္ မထင္လိုက္နဲ႔

တစ္ခါတေလ မိမိကိုယ္တိုင္ ဘဝကို

ထုစစ္နိုင္မွ ေတာ္ရာက်မယ္ ညီမငယ္

ခ်စ္တာက ခ်စ္တာပဲ

ေျပာေနတဲ႔ ျကားကေန အခ်စ္ကို

ဘုရားတစ္ဆူလို ကိုးကြယ္ေနရင္လည္း

ကိုယ္႔ထိုက္နဲ႔ ကိုယ္႔ကံ ေနာင္ျကံုလာမွ

သက္ျပင္းမခ်မိပါေစနဲ႔ ညီမငယ္

ခ်စ္တာက ခ်စ္တာပဲ

က်ူးလြန္ျပီးခါမွ ပတ္မရမ္းပါနဲ႔

လမ္းျပခဲ႔တုန္းကေတာင္ ေခါင္းခါခဲ႔ေသးတာပဲေလ

ျဖစ္လာသမ်ွအေျကာင္းမွတ္ျပီး ခါးသည္းစြာ ခံယူပါ

မိမိယူခဲ႔သည္႔ မီး မိမိကိုယ္တိုင္ပဲ ျငိမ္းေစေလာ႔ ႕႕႕႕႕႕႕႕႕႕႕႕။ ။


Credit: ေႏြမိုးသား

No comments:

Powered by Blogger.