Header Ads

loading...

(၃)လခြဲအ႐ြယ္ သားငယ္အား ေရာင္းစားၿပီးထြက္ေျပးသူ မိခင္အား ဖမ္းဆီး

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၌ မိခင်တစ်ဦးက ၎င်း၏ သား(၃)လခွဲအရွယ် ကလေးငယ်အားရောင်းစားပြီး ထွက်ပြေးလာခဲ့သဖြင့် စိန်လုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခဲ့ကြောင်းနှင့် ကလေးငယ်အား ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ လွယ်ဂျယ်မြို့ အောင်မင်္ဂလာရပ်ကွက်နေသူ ဦးအေးမင်းသည် ၎င်းနှင့်တစ်အိမ် တည်းငှားရမ်းနေထိုင်သည့် မမိုးမိုးဆိုသူသည်လောင်းကစားပြုလုပ်ပြီး အကြွေးများတင်နေသ ဖြင့်၄င်း၏ အသက်(၃)လခွဲအရွယ်သားဖြစ်သူအား ရှမ်းရွာတစ်ရွာတွင် ရောင်းစား၍ ထွက်ပြေးသွား ကြောင်းကို လူကုန်ကူးမှုတားဆီးနှိပ်နင်းရေးတပ်စိတ်(၂)လွယ်ဂျယ်စခန်း၌ အောက်တိုဘာ(၁၈) ရက်၊နံနက်(၉)နာရီတွင် လာရောက်သတင်းပေးချက်အရ နံနက်(၁၁)နာရီတွင် မိုးမောက်မြို့နယ်၊ စိန်လုံပူးပေါင်းရေးဂိတ်တွင် မိခင်ဖြစ်သူမမိုးမိုးအား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ (၃)လခွဲအရွယ်ကလေးငယ်အား တရုတ်နိုင်ငံနှင့် ကပ်လျက်ရှိ မံစီမြို့နယ်၊ တုန်းဟုန်း(ရှမ်း)ကျေးရွာတွင် တရုတ်ဖဲသွားရောက်ကစားရာ ဖဲရှုံးသဖြင့် ကြံရာမရဖြစ်ကာ ကလေးငယ်အား အမျိုးသမီးတစ်ဦးထံသို့ တရုတ်ငွေယွမ် (၅၀၀၀)ဖြင့် ရောင်းစားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် တရုတ်နိုင်ငံ၊ လားရင်းရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ပြီး တရုတ်ရဲအကူအညီဖြင့် ကျေးရွာအတွင်းရေးမှူး စိုင်းခေလင်းနှင့် ခေါ်ယူညှိုနှိုင်းဆောင်ရွက်ခဲ့ရာ ညနေ(၅) နာရီတွင် ကလေးငယ်အားပြန်လည် ကယ်တင်ရရှိခဲ့ကြောင်းနှင့် ကလေးငယ်အား ရောင်းချခဲ့သူ မိခင်အား ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

Kachin Iprd
ကခ်င္ျပည္နယ္၊ လြယ္ဂ်ယ္ၿမိဳ႕၌ မိခင္တစ္ဦးက ၎၏ သား(၃)လခြဲအ႐ြယ္ ကေလးငယ္အားေရာင္းစားၿပီး ထြက္ေျပးလာခဲ့သျဖင့္ စိန္လုံပူးေပါင္းစစ္ေဆးေရးဂိတ္၌ ဖမ္းဆီးခဲ့ေၾကာင္းႏွင့္ ကေလးငယ္အား ျပန္လည္ေခၚေဆာင္နိုင္ခဲ့ေၾကာင္း သိရွိရသည္။
ျဖစ္စဥ္မွာ လြယ္ဂ်ယ္ၿမိဳ႕ ေအာင္မဂၤလာရပ္ကြက္ေနသူ ဦးေအးမင္းသည္ ၎ႏွင့္တစ္အိမ္ တည္းငွားရမ္းေနထိုင္သည့္ မမိုးမိုးဆိုသူသည္ေလာင္းကစားျပဳလုပ္ၿပီး အေႂကြးမ်ားတင္ေနသ ျဖင့္၄င္း၏ အသက္(၃)လခြဲအ႐ြယ္သားျဖစ္သူအား ရွမ္း႐ြာတစ္႐ြာတြင္ ေရာင္းစား၍ ထြက္ေျပးသြား ေၾကာင္းကို လူကုန္ကူးမႈတားဆီးႏွိပ္နင္းေရးတပ္စိတ္(၂)လြယ္ဂ်ယ္စခန္း၌ ေအာက္တိုဘာ(၁၈) ရက္၊နံနက္(၉)နာရီတြင္ လာေရာက္သတင္းေပးခ်က္အရ နံနက္(၁၁)နာရီတြင္ မိုးေမာက္ၿမိဳ႕နယ္၊ စိန္လုံပူးေပါင္းေရးဂိတ္တြင္ မိခင္ျဖစ္သူမမိုးမိုးအား ဖမ္းဆီးရမိခဲ့သည္။
အဆိုပါ (၃)လခြဲအ႐ြယ္ကေလးငယ္အား တ႐ုတ္နိုင္ငံႏွင့္ ကပ္လ်က္ရွိ မံစီၿမိဳ႕နယ္၊ တုန္းဟုန္း(ရွမ္း)ေက်း႐ြာတြင္ တ႐ုတ္ဖဲသြားေရာက္ကစားရာ ဖဲရႈံးသျဖင့္ ႀကံရာမရျဖစ္ကာ ကေလးငယ္အား အမ်ိဳးသမီးတစ္ဦးထံသို႔ တ႐ုတ္ေငြယြမ္ (၅၀၀၀)ျဖင့္ ေရာင္းစားခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ တ႐ုတ္နိုင္ငံ၊ လားရင္းရဲတပ္ဖြဲ႕ႏွင့္ ခ်ိတ္ဆက္ၿပီး တ႐ုတ္ရဲအကူအညီျဖင့္ ေက်း႐ြာအတြင္းေရးမႉး စိုင္းေခလင္းႏွင့္ ေခၚယူညွိုႏွိုင္းေဆာင္႐ြက္ခဲ့ရာ ညေန(၅) နာရီတြင္ ကေလးငယ္အားျပန္လည္ ကယ္တင္ရရွိခဲ့ေၾကာင္းႏွင့္ ကေလးငယ္အား ေရာင္းခ်ခဲ့သူ မိခင္အား ဥပေဒအရ အေရးယူေဆာင္႐ြက္ထားေၾကာင္း သိရွိရသည္။

Kachin Iprd

No comments:

Powered by Blogger.